Ads (728x90)

MNL ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရတနာပုံ Vs ရန်ကုန် ပွဲစဉ်ကို MNL ပရိတ်သတ်ကြီးရော ဘောလုံးအားကစားကိုချစ်မြတ်နိုးကြတဲ့ ဘောလုံးပရိတ်သတ်တွေရော TV ကနေလွှင့်တုန်းက ဆဲသံဆိုသံမိုးလုံးညံပြီး
ပစ္စည်းပေါင်းစုံနဲ့ ကွင်းထဲကိုပစ်ပေါက်ပြီးအလွန်အကျွံအားပေးကြတဲ့
ရတနာပုံပရိတ်သတ်တွေကိုမြင်တွေ့ ခဲ့ကြမယ်ထင်ပါတယ်။

ဒီပို့ စ်လေးကိုပြန်လည်ပြီး Share လုပ်တဲ့အနေနဲ့ တင်ပေးလိုက်ရတာက ရန်ကုန်ပရိတ်သတ် တစ်ယောက်ဖြစ်တဲ့ ဒီပို့ စ်ကိုရေးတဲ့ U Bo Htun ဆိုတဲ့တစ်ယောက်ရဲ့ ပရိတ်သတ်အားပေးပုံချင်းကို ယှဉ်ပြီးဝေဖန်ထောက်ပြ
ပေးထားတာလေးကိုသဘောကျမိလို့ ပါ ဟုတ်ပါတယ် တကယ်က
အားပေးမှုတွေမှာ အတိုင်းအတာတစ်ခုထိထားပြီးအားပေးသင့်ပါတယ်။

အလွန်အကျွံအားပေးမှုရဲ့ နောက်ကွယ်မှာ ဆိုးကျိုးတွေဆိုတာ
ဒွန်တွဲပြီးပါလာတတ်ပါတယ် ရတနာပုံအသင်း အနေနဲ့ ရန်ကုန်အသင်းကို
ပြိုင်ပွဲမှာအနိုင်ရခဲ့ပေမယ့် သူ့ တို့ အသင်း သူတို့ ပရိတ်သတ် သူတို့ မြို့ ရဲ့ 
Image ကတော့ထိခိုက်သွားခဲ့ရပါတယ် ပြိုင်ပွဲနိုင်ပေမယ့် ဂုဏ်သိက္ခာ
ကျဆုံးခဲ့ရတာက နာမည်ဆိုးအရိပ်ဆိုးကြီးတစ်ခု အတိတ်ဆိုးကြီးတစ်ခု
အဖြစ်နဲ့  MNL သမိုင်းမှာတွင်ကျန်သွားခဲ့ရပါတယ် မြန်မာဘောလုံးချစ်
ပရိတ်သတ်တွေကို ရူးသွပ်စွာအားပေးကြလို့ အမှားကျူးလွန်မိတယ်ဆိုပြီး
နားလည်နိုင်ပေမယ့်တဖက်မှာတော့ အပြင်းအထန်ကန့်ကွက်ရှုံ့ ချမိပါတယ်။

MNL ဆိုတာပြည်တွင်းလိဂ်ပါ ကိုယ့်လူမျိုးအချင်းချင်းရည်မှန်းချက်တစ်ခု
အတွက်နဲ့ ပြိုင်ပွဲအဖြစ်သတ်မှတ်ပြီးယှဉ်ပြိုင်နေကြတာပါ အဲ့ဒါကြောင့်
မြန်မာဘောလုံးချစ်ပရိတ်သတ်များအနေနဲ့  For the league For the nation
ဆိုတဲ့ MNL ရဲ့ ဆောင်ပုဒ်လေးကိုအမြဲသတိရကြဖို့ လိုပါတယ်ဒီလိဂ်
ဒီပြိုင်ပွဲဆိုတာ မြန်မာလက်ရွေးစင်ဘောလုံးအသင်းကိုအထောက်အကူ
ဖြစ်စေဖို့ အတွက်ဆိုပြီးရည်ရွယ်ပြီးလုပ်ဆောင်ထားတာပါဒီတော့
ကျွန်တော်တို့ တွေနားလည်ထားရမှာကရုပ်ဆိုးအကျည်းတန်တဲ့ အားပေး
မှုမျိုးတွေကို နောက်နောင်မှာ မလုပ်မိကြဖို့ အရေးကြီးပါတယ်။

ပြည်တွင်းပြိုင်ပွဲမှမဟုတ်ပါဘူး နိုင်ငံတကာဖိတ်ခေါ်ပွဲတွေ ခြေစမ်းပွဲတွေ
ကန်တိုင်းကန်တိုင်းမှာ မြန်မာပရိတ်သတ်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ 
ပုံရိပ် ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေမယ့် ရုပ်ဆိုးအကျည်းတန်တဲ့
အားပေးမှုမျိုးတွေနဲ့ အားမပေးကြဖို့ လိုပါတယ် မြန်မာ့ဘောလုံးသမိုင်းမှာ
ရုပ်ဆိုးအကျည်းတန်ဆုံးအားပေးမှုလို့ ပြောလို့ ရတဲ့ မြန်မာ Vs အိုမန်ပွဲရဲ့ 
ဖြစ်ရပ်ကို နမူနာယူပြီးဆင်ခြင်သင့်နေပါပြီ။

ကျွန်တော်ပေးချင်တဲ့ Message ရယ် U Bo Htun ဆိုတဲ့တစ်ယောက်
ပေးချင်တဲ့ Message ရယ်ကအတူတူပါပဲ အဆင့်အတန်းရှိတဲ့အားပေးပုံမျိုး
အဆင့်အတန်းရှိတဲ့ပရိတ်သတ် အရှက်အကြောက် ဂုဏ်သိက္ခာကိုအထိ
အခိုက်မခံတဲ့ ထိန်းသိမ်းပေးထားနိုင်မယ့် လူယဉ်ကျေး ပရိတ်သတ်ထုကြီး
ဖြစ်ပေါ်လာစေဖို့ ပေါ်ထွန်းလာစေဖို့ ရည်ညွှန်းထောက်ပြရတာပါ။

ယှဉ်ပြိုင်တဲ့ပြိုင်ပွဲတိုင်းမှာ ကိုယ့်အသင်းရှုံးချင်ရှုံးပါစေဒါကပြိုင်ပွဲပဲ
ပြိုင်ပွဲရှိနေသမျှ အနိုင်အရှုံးဆိုတာဒွန်တွဲနေမှာပါပဲ ဆိုတဲ့စိတ်မျိုး
ကိုမွေးမြူထာားပါ အဓိကကတော့ ယှဉ်ပြိုင်တဲ့ ပြည်တွင်းပြည်ပ
ပြိုင်ပွဲတွေတိုင်းမှာဂုဏ်သိက္ခာထိခိုက်စေမယ့်အားပေးမှုမျိုးတွေနဲ့ 
အားမပေးမိဖို့ ထိန်းကြသိမ်းကြပါအနိုင်အရှုံးဆိုတာ ရှိစမြဲပဲ
ဒီတစ်ခါရှုံးပေမယ့်နောက်တစ်ခါနိုင်ကိုနိုင်ရမယ်
ဒီတခါတော့ရှိပါစေတော့ဆိုတဲ့စိတ်မျိုးမွေးထားပါ
မနက်ဖြန်သင့်ရဲ့ အားပေးပုံက အဆင့်အတန်းရှိတဲ့အားပေးမှုမျိုးပဲ
ဖြစ်နေပါစေလို့  ပြောရင်းပဲနိဂုံးချုပ်လိုက်ပါတယ်ဗျာ အဆင့်အတန်း
ရှိရှိအားပေးတတ်သော ပရိတ်သတ်ထုကြီးပေါ်ထွန်းလာပါစေ....။

Admin ( Myanmar Sports New's)
-----------------------------------------------------------------------------------

===================================
"ကြီးမားတဲ့ အမှတ်ဆုံးရှုံးမှု ဒါပေမယ့် ကြီးမားတဲ့ အမြတ်ထွက်မှု"
===================================

Congratulation GFA … မြက်ခင်းတုကွင်းမှာ ဘယ်နေရှင်နယ်လိဂ်အသင်းမှ မစွမ်းဆောင်နိုင်တာကို လုပ်ပြခဲ့တယ်နော်။ ချန်ပီယံအသင်းကို တန်းတက်အသင်းက တွန်းလှန်သွားတာ လှမှလှ။ ဒီအတွက် GFA အသင်းကို လေးစားကြောင်း ထပ်ပြောပါရစေ။

ချန်ပီယံအသင်းက လူမစုံပေမယ့် ပွဲထွက်လာတဲ့ ကစားသမားတွေက နိုင်ပွဲအတွက် လုံလောက်တဲ့ စုဖွဲ့မှုပါ။ ကြီးမားတဲ့ အမှတ်ဆုံးရှုံးမှုကို ရန်ကုန်အသင်း ကြုံခဲ့ပါတယ်။ ဒီအတွက် ရန်ကုန်ပရိသတ်တွေ ဘယ်လို စိတ်ပျက် ၀မ်းနည်းကြမယ်ဆိုတာ ပြောပြစရာတောင် မလိုပါဘူး။ ဒါပေမယ့် ဒါဟာ ပြိုလဲသွားလောက်တဲ့ ဆုံးရှုံးမှုတော့ မဟုတ်ပါဘူး။ အချိန်တွေနဲ့ ပွဲတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် ချန်ပီယံအသင်းရဲ့ ပရိသတ်တွေကတော့ နောက်ထပ် အမှတ်ဆုံးရှုံးမှုကို မြင်ချင်မှာ မဟုတ်ပါဘူး။ ဒီအတွက် ချန်ပီယံဆုကို ရယူစဉ်တုန်းကထက် ပိုမိုတဲ့ ကြိုးစားအားထုတ်မှုကို ရန်ကုန်အသင်း ပြမှဖြစ်မယ်။ ဘာကြောင့်လဲ။ အသင်းတိုင်းက ရန်ကုန်အသင်းရဲ့ ၄ နှစ်ဆက် ချန်ပီယံ ဖြစ်ခွင့်ကို အစွမ်းကုန် တားဆီးကြမှာကြောင့်ပါ။

ကြီးမားတဲ့ အမြတ်ထွက်ခဲ့ပါတယ်။

GFA ကစားသမားတွေ ကွင်းထဲမှာ စိတ်အေးလက်အေး ကစားနိုင်တယ်။ GFA ပရိသတ်တွေ ပွဲကြည့်စင်မှာ စိတ်အေးလက်အေးနဲ့ သူ့တို့အသင်းကို အားပေးနိုင်တယ်။ ပွဲပြီးတော့လည်း တစ်ပေါက်တည်းရှိတဲ့ အပေါက်ကနေ အေးအေးဆေးဆေး ရန်ကုန်ပရိသတ်တွေနဲ့အတူ ပြန်ထွက်သွားနိုင်တယ်။

ထုထည်ကြီးမားတဲ့ ပွဲကြည့်စင်တွေ၊ ခိုင်မာမြင့်မားတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဆိုးသွမ်းပရိသတ်တွေ သောင်းကျန်းပြခဲ့တာ သက်သေသာဓကတွေ ရှိပါတယ်။
မြက်ခင်းတုကွင်းက ပွဲကြည့်စင်နဲ့ ကွင်းကို ကာရံထားတဲ့ ခြံစည်းရိုးက လူတစ်ဦး တွန်းလှဲတာနဲ့ အလွယ်တကူ ပြိုလဲနိုင်ပါတယ်။ ပွဲကြည့်စင်နဲ့ကွင်းကလည်း အလွန်နီးကပ်တဲ့ အနေအထားပါ။ ဘာနဲ့ပစ်ပစ် အလွယ်တကူ ပစ်လို့ရတဲ့ အနေအထားပါ။ ဒါပေမယ့် မြက်ခင်းတုကွင်းဟာ ခဲတစ်လုံး၊ ရေဘူးတစ်ဘူး မကျခဲ့ဘူးပါဘူး။

အံ့သြစရာမရှိပါဘူး။ ရန်ကုန်ပရိသတ်တွေက Image ဆိုတဲ့ ပုံရိပ်နဲ့ အဲ့ဒီနေရာကို ကာကွယ်ပေးထားပါတယ်။ မိမိတို့ ဆိုးသွမ်းရင်၊ မိမိတို့ သောင်းကျန်းရင် မိမိတို့အပြင် မိမိတို့ရဲ့ အသင်းနဲ့ မိမိတို့ နေထိုင်တဲ့ ရန်ကုန်မြို့ရဲ့ Image ပါ ထိခိုက်မယ်ဆိုတဲ့ တစ်ဦးချင်းကျင့်ဝတ်နဲ့ ထိမ်းသိမ်းထားပါတယ်။

အင်္ဂလန်ပွဲတွေ ကြည့်ရင် သိမှာပါ။ ဘောလုံးကွင်းနဲ့ ပွဲကြည့်စင်နဲ့ ကြော်ငြာဘုတ်ပဲ ခြားပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ပေတံနဲ့ တိုင်းမယ်ဆိုရင် လုံခြုံမှု မရှိတဲ့ ကွင်းပေါ့ဗျာ။ ဟုတ်တယ်လေ။ လူတိုင်း ကွင်းထဲကို ခြေ ၂ လှမ်း လှမ်းတာနဲ့ ရောက်တယ်။ မကျေနပ်ရင် မကြိုက်တဲ့ ဘောလုံးသမားကို ဆွဲထိုးလိုက်လို့တောင်ရတယ်။ ဒါပေမယ့် အရမ်းလုံခြုံပါတယ်။ ဘာကြောင့်လဲ။ ဆိုခဲ့သလိုပါပဲ။ မိမိရဲ့ Image၊ အသင်းရဲ့ Image ကို ထိခိုက်မှာ စိုးရိမ်ပါတယ်။ ဒါကြောင့် လူတစ်ဦးချင်းရဲ့ စောင့်ထိန်းမှုနဲ့ သွားပါတယ်။ အကျိုးဆက်က ပွဲတစ်ပွဲကို အနီးကပ် ကြည့်ခွင့်ရခြင်းပါပဲ။

ရန်ကုန်ပရိသတ်တွေဟာ အဲ့ဒီအဆင့်ကို သွားနေပါပြီ။ အတိတ်က အမှားတွေ ရှိခဲ့မယ်။ ဒါပေမယ့် ဒါကို ပြင်ရမယ်လို့ မြင်ခဲ့ကြပြီ။ ပြင်လည်း ပြင်ခဲ့ကြပြီ။ ပြင်နေကြပြီ။ သေချာပါတယ်။ နောက်ဆိုရင် ရန်ကုန်ကွင်းမှာ ဘာအရံအတားအဆီးမှ ရှိတော့မှာ မဟုတ်ပါဘူး။ ပွဲတစ်ပွဲကို အနီးကပ်ဆုံး ကြည့်ခွင့်ရတဲ့ ခံစားချက်ကို မြက်ခင်းတုကွင်းက ပေးစွမ်းနေပါပြီ။

ခက်ခဲတဲ့အတားအဆီးတွေ ဘယ်လောက်လုပ်ထားလုပ်ထား လူတစ်ဦးချင်းရဲ့ စောင့်ထိန်းမှုတွေ၊ စည်းကမ်း လိုက်နာမှုတွေ မရှိရင် သံမဏိတွေနဲ့ ကာရံထားတာတောင် မရဘူး။ ဖျက်ဆီးမယ့်လူတွေက ဖျက်ဆီးကြမှာပဲ။ ဘာကြောင့်လဲ ခံယူချက်ကကို ပုံရိပ်ကို နားလည် တန်ဖိုးထားရကောင်းမှန်း မသိလို့ပါ။ ဒါပေမယ့် ဘာအတားအဆီး၊ ဘာအရံအတားမှ မရှိပေမယ့် လူတစ်ဦးချင်းရဲ့ စောင့်ထိန်းမှု၊ စည်းကမ်းလိုက်နာမှုနဲ့ ပုံရိပ်ကို တန်ဖိုးထားမှုတွေ ရှိမယ်ဆိုရင် အဲ့ဒီနေရာ အဲ့ဒီ ပတ်ဝန်းကျင်ဟာ အေးချမ်းမှုတွေနဲ့ လုံခြုံစိတ်ချ ရပါတယ်။

ဒီပို့စ်လေးနဲ့ ရန်ကုန်ပရိသတ်တွေကို ဂုဏ်ပြုလိုက်ပါတယ်။

Ref ; U Bo Htun
-----------------------------------------------------------------------------------------------------------
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...