Ads (728x90)

======================================

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော မြန်မာနေရှင်နယ်လိဂ် ဒုတိယတန်း ပြိုင်ပွဲ၏ ပွဲစဉ်အမှတ် (၂၆)အဖြစ် တက္ကသိုလ် လက်ရွေးစင် အသင်းနှင့် မြဝတီအက်ဖ်စီ အသင်းတို့ ရန်ကုန်မြို့၊ ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ကြသည်။ လူငယ် ကစားသမားများ ပါဝင်သော တက္ကသိုလ် လက်ရွေးစင် အသင်းသည် လျင်မြန်ဖြတ်လတ်မှုနှင့် ဘောလုံးထိန်းချုပ်မှု တို့တွင် ၎င်းတို့ထက် ဝါပိုရင့်သည့် မြဝတီအက်ဖ်စီကို တန်းတူ လိုက်နိုင်ခဲ့သည်။ အထူးသဖြင့် ပွဲချိန် ပထမပိုင်းတွင် မြဝတီအက်ဖ်စီ အနေဖြင့် ထောင့်ကန်ဘော အကြိမ်ကြိမ် ရရှိခဲ့သော်လည်း တက္ကသိုလ် အသင်းသားများ၏ အမြင့်ဘော ဖျက်ထုတ်မှုကြောင့် အရာမရောက်ခဲ့ပေ။ သို့ရာတွင် မြဝတီဘက်က အဖွင့်ဂိုး စသွင်းနိုင်ခဲ့ပြီး အဆိုပါဂိုးကို ပွဲချိန် (၁၉)မိနစ်တွင် မြဝတီအသင်း ခေါင်းဆောင် ရဲဝေယံစိုးက ဘယ်တောင်ပံ ဖြတ်တင်ဘောမှ တစ်ဆင့် အနီးကပ် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ မြဝတီအသင်းသည် အတွေ့အကြုံကို အားပြုကာ ဆက်လက်ဖိကစား ခဲ့ပြီး ပွဲချိန်(၃၈)မိနစ်တွင် ကျောနံပါတ် ၂၃ ဝေယံဦးက ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ပွဲချိန် ဒုတိယပိုင်းတွင်လည်း မြဝတီကျောနံပါတ် (၁၇) သူရိန်စိုးနိုင်က ပင်နယ်တီ ဧရိယာအစပ်မှ အပြင်းကန်သွင်းကာ တတိယမြောက် အနိုင်ဂိုးကို လည်းကောင်း၊ ခြေစွမ်းပြနေသော ကျောနံပါတ် (၉) ရဲဝေယံစိုးက ၎င်းအတွက် ဒုတိယမြောက် ဂိုးနှင့် အသင်းအတွက် စတုတ္ထမြောက် အနိုင်ဂိုးကို လည်းကောင်း ထပ်မံသွင်းယူကာ ၀-၄ ဂိုးရလဒ်ကို ဖန်တီးနိုင်ခဲ့ကြသည်။ တက္ကသိုလ် အသင်းသည် အချိတ်အဆက်နှင့် ကစားနိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ဝါ၊သမ္ဘာ ကွာခြားချက်ကြောင့် ဂိုးပြတ် အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ပွဲပြီးရလဒ်
---------
တက္ကသိုလ် လက်ရွေးစင် ၀-၄ မြဝတီအက်ဖ်စီ
ရဲဝေယံစိုး 19', 82'
ဝေယံဦး 38'
သူရိန်စိုးနိုင် 75'
(8 photos)

Ref ; #MNL
(6 photos)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...