Ads (728x90)

Photo: GFA ကို ဂိုးမရှိ သရေကျပြီးနောက် ပြိုင်ဘက် အသင်း၏ ကစားပုံကို ရန်ကုန်နည်းပြချုပ် ချီးကျူး
----------------------------------------------------------------------------------- 
   မြန်မာ နေရှင်နယ် လိဂ် အမှတ် ပေးချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းသည် အိမ်ကွင်း တွင် ကစား ခွင့် ရသော် လည်း အမှတ် ပေးဇယား အောက်ဆုံး မှ GFA အသင်းကို ဂိုး မသွင်း နိုင်သော ကြောင့် ၀-၀ သရေ ကျကာ ၁ မှတ် ဖြင့် ကျေနပ် ခဲ့ရ သည်။ ယခု သရေပွဲ ကြောင့် မြက်ခင်း တု ကွင်းတွင် ရန်ကုန် အသင်း ၏ ၂၆ ပွဲ ဆက်တိုက် အနိုင် ရမှု မှတ် တမ်းကောင်း ရပ်တန့် သွားခဲ့ပြီး ပြိုင်ဘက် အသင်းများ၏ ကျော်ဖြတ် မှုကို လည်း မလွဲ မသွေ ခံရ တော့မည် ဖြစ်သည်။

ရန်ကုန် အသင်းသည် ယနေ့ ပွဲတွင် ပုံမှန် ပွဲထွက် နေကျ ကစား သမား များ ဖြစ်သော အောင်ဝေဖြိုး၊ ရန်အောင် ကျော်နှင့် ရာဇာ ၀င်းသိန်း တို့ကို အနားပေး ကာ တေဇာ အောင်၊ ဇာနည် ထက်၊ အောင်မိုး တို့ကို ပွဲထွက် ကစား စေခဲ့ သည်။ ယနေ့ပွဲ တွင် ရန်ကုန် အသင်း၏ ဗဟို နောက်ခံလူ အောင်ဇော် မှာ ယခင် ကစား နေကျ ညာနောက် ခံလူ မဟုတ်ဘဲ ဗဟို နောက်ခံ လူ အဖြစ် ကစား ခြင်း၊ လူငယ် ကစား သမား ဇာနည်ထက် ညာနောက် ခံလူ အဖြစ် ပွဲထွက် လာခြင်း၊ မြန်မာ့ လက်ရွေးစင် ဘယ်တောင်ပံ ကစား သမား အောင်မိုး ယခု ရာသီ တွင် ပထမ ဆုံး အကြိမ် အဖြစ် ပထမ ၁၁ ယောက် စာရင်း ၀င်ခြင်း ဆိုသည့် ထူးခြား ချက် များ ရှိခဲ့သည်။

ဧည့်သည် GFA အသင်း သည် ဂိုးသမား အောင်မျိုးဇော် ပွဲ အစပိုင်း တွင် အနည်း ငယ် အမှား ရှိသည်မှ အပ ကျန် တစ်ပွဲလုံး တည်တည် ငြိမ်ငြိမ်ဖြင့် ခံစစ် ကစားနိုင် ခဲ့သည်။ GFA အသင်းတွင် အိုဘီနာ၊ ဖိလစ် ထွန်း၊ ဒေးဗစ် ဖီလာ၊ အန်ဒွန်ဂို တို့ အဓိက ကစား ခဲ့ပြီး ရန်ကုန် အသင်း ၏ တိုက်စစ် ကို အကောင်းဆုံး တုံ့ ပြန်နိုင် ခဲ့သည်။

ပထမပိုင်း တွင် ကျော်ကိုကို၊ ဆီဇာ၊ အောင်မိုး နှင့် ဒေးဗစ်ထန်း တို့ အပိုင် ဂိုးသွင်း ခွင့် အချို့ ရခဲ့ သော်လည်း အသုံး မချ နိုင်ခဲ့ ခြင်း၊ ဒုတိယ ပိုင်းတွင် GFA အသင်းက ကောင်းစွာ တုံ့ပြန် နိုင်ခဲ့ ခြင်း တို့ကြောင့် ပွဲအပြီး တွင် ၀-၀ သရေ ကျခဲ့ သည်။

ပွဲပြီး သတင်းစာ ရှင်းလင်း ပွဲတွင် ရန်ကုန် နည်းပြချုပ် အဲရစ် ၀ီလျံ က ယခု ပွဲ ရလဒ် ကို စိတ်ပျက် ကြောင်း နှင့် ပြိုင်ဘက် GFA အသင်းကို ချီးကျူး ကြောင်း ပြောကြား သည်။

“ရန်ကုန် ကစား သမား တွေ အာရုံစူး စိုက်မှု အပြည့် မရဘူး ဖြစ်နေတယ်။ သူတို့ က လာမည့် ဗုဒ္ဓ ဟူး နေ့မှာ ကစား မယ့် အေအက်ဖ် စီ ပွဲကို စိတ်ရောက် နေပုံ ရတယ်” ဟု နည်းပြ ချုပ် အဲရစ် က ဆိုသည်။

ဆက်လက် ပြီး အဲရစ်က ပြိုင်ဘက် GFA အသင်း အကြောင်း ကို ပွဲမတိုင် မီက တည်းက ပွဲ မှတ်တမ်း ခွေများ ကြည့်ပြီး သေချာ စွာ ရှင်းပြ ထားကြောင်း ပြောသည်။ “သူတို့ကို GFA ဘယ်လို ကစား တယ် ဆိုတာ သေချာ ရှင်းပြ ပြီးသားပါ။ GFA က တစ်ချိန်လုံး မနား တမ်း ကစား တယ်၊ ဘောလုံးကို လုံးဝ အဆုံး မခံဘူး။ ချက်ချင်း ၀င်၊ ချက်ချင်း လုံး ကစား တယ်” ဟု အဲရစ် က ဆိုသည်။

ရန်ကုန် အသင်းသည် လာမည့် မတ်လ ၁၀ ရက်နေ့တွင် ဗီယက်နမ် နိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာ ကာ မတ်လ ၁၂ ရက်နေ့တွင် ဗီယက်နမ် ကလပ် နမ်ဘီး အသင်းနှင့် AFC ပွဲ ကစား မည်ဖြစ်သည်။

Ref ; #YUFC ygnutd.com

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...