Ads (728x90)

Photo: Di Piedi ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ဧရာဝတီယူနိုက်တက်အသင်းကို
နေပြည်တော်အသင်း အနိုင်ယူ
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၆)အဖြစ် အောင်ဆန်းကွင်းတွင် ဧရာဝတီ
ယူနိုက်တက် အသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ
နေပြည်တော်အသင်းက Di Piedi ၏ အစောပိုင်းသွင်းဂိုးတစ်ဂိုးတည်းဖြင့်
အနိုင်ယူကာ အမှတ်ပေးဇယားအဆင့်(၂)နေရာတွင် ဆက်လက်ရပ်တည်နိုင်
ခဲ့သည်။
နေပြည်တော်အသင်းသည် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဗန်လား
နောက်တန်း - နေဇော်အောင်၊ လတ်ကိုကိုအေး၊ Obadin ၊ နီမောင်မောင်
အောင်၊ အလယ်တန်း- ဂျောင်၊ ချမ်းချမ်း၊ တင်ဇော်မိုး၊ ဇော်လင်း၊ ရှေ့တန်း -
စိုးသူရိန်ထွန်း၊ Di Piedi တို့ကို အသုံးပြုခဲ့သည်။
အိမ်ရှင် ဧရာဝတီယူနိုက်တက်အသင်းတွင်လည်း နေပြည်တော်ကစား
သမားဟောင်းများဖြစ်သည့် မိုးဝင်း၊ ကိုနေး၊ နေလှိုင် တို့ပါဝင်လာပြီး နိုင်လင်း
ဦးမှ လွဲကာ လူစုံပါဝင်ခဲ့သည်။
နေပြည်တော်အသင်းအနေဖြင့် ပွဲစတင်သည်နှင့် ဧရာဝတီယူနိုက်တက်
အသင်းဘက်ကို တိုက်စစ်ဆင်ကစားကာ ဖိအားပေးနိုင်ခဲ့သည်။ ပွဲချိန်(၇)
မိနစ်တွင် တင်ဇော်မိုး၏ ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် စိုးသူရိန်ထွန်းအပိုင်ကန်
သွင်းချက် တိုင်ထိထွက်ရာ ဂိုးရှေ့တွင် အသင့်ရှိနေသည့် Di Piedi က
အကောင်းဆုံးအဆုံးသတ်ကာ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ပိုင်း နှစ်သင်းစလုံး အပြန်အလှန်ဖိကစားနေပြီး အကြိတ်
အနယ်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ပွဲချိန်(၃၀)မိနစ်တွင် ဂိုးဧရိယာအတွင်းမှ
တင်ဇော်မိုး၏ အပြင်းကန်သွင်းချက် ဧရာဝတီယူနိုက်တက် နောက်ခံလူများ
ရှင်းထုတ်နိုင်ခဲ့သည်။ ဆက်တိုက်ဆိုသလို နေပြည်တော်အသင်း ဖိကစားနေ
ရင်း Di Piedi ၏ အပိုင်ခေါင်းတိုက်ချက် ဂိုးတိုင်ဘေးကပ်ထွက်ခဲ့သည်။ ပွဲချိန်
(၃၈)မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်းအတွက် လူစားဝင်ကစားသမား
နန္ဒလင်းကျော်ချစ် တစ်ဦးတည်း အပိုင်ကန်ခွင့်ရရှိခဲ့သော်လည်း ဂိုးတိုင်ဘေး
ကပ်ထွက်ခဲ့ပြီး ပထမပိုင်းကို နေပြည်တော်အသင်းက (၁-၀)ဂိုးဖြင့် ဦးဆောင်
နေခဲ့သည်။
ဒုတိယပိုင်းတွင် စိုးသူရိန်ထွန်းအစား Delgado ကိုထည့်သွင်းကာ ကစား
ပုံပြောင်းလဲလာပြီး ဂိုးထပ်မံရရှိရန် နေပြည်တော်အသင်း ကြိုးပမ်းခဲ့သည်။
ယင်းနောက် နီမောင်မောင်အောင်၏ တစ်ကိုယ်တော်အစွမ်းမှ ကန်ချက်တစ်
ကြိမ်ကို နေလှိုင်ကာကွယ်နိုင်ခဲ့သည်။
ယင်းနောက် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့် Di Piedi နေရာတွင် လူငယ်ကစားသမား ရန်ကျော်ထွေးဝင်ရောက်ကစားခဲ့သည်။ပွဲချိန်(၇၆) မိနစ်တွင် ဂျောင်နှင့် အောင်ကျော်နိုင်တိုက၏ တွဲလုံးမှတစ်ဆင့် အောင်ကျော်
နိုင် ဂိုးသမားနှင့် တစ်ဦးချင်းအတွေ့ အပိုင်ကန်သွင်းခဲ့သော်လည်း နေလှိုင်
ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ရန်ကျော်ထွေး ထပ်ဆင့်ပိတ်သွင်းခဲ့သော်လည်း
ဧရာဝတီယူနိုက်တက်နောက်ခံလူများ ရှင်းထုတ်နိုင်ခဲ့သည်။ ဧရာဝတီယူ
နိုက်တက်အသင်းဘက်မှလည်း ဆာဆာ၏ ကန်ချက်(၁)ကြိမ်၊ ကိုနေး၏ ပြစ်
ဒဏ်ဘောကန်ချက်(၁)ကြိမ်ဖြင့် နေပြည်တော်အသင်းဂိုးပေါက်ကို ခြိမ်း
ခြောက်နိုင်ခဲ့သေးသည်။
ယင်းနောက် နေပြည်တော်အသင်းက အနိုင်ရလဒ်ကို ပွဲပြီးဆုံးချိန် အထိ ထိန်းသိမ်းကစားသွားနိုင်ခဲ့ပြီး အနိုင်(၃)မှတ် ရရှိခဲ့ကာ အမှတ်ပေးဇယား အဆင့်(၂)နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ နေပြည်တော်အသင်း
သည် လာမည့် မတ်လ(၁၂)ရက်နေ့တွင် အိမ်ကွင်းဖြစ်သည့် ပေါင်းလောင်း
ကွင်း၌ AFC CUP ပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Admin - ZNA
Photo - Sann Htoo Aung 

Ref #NYPFC

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...