Ads (728x90)

Photo: ဟံသာဝတီယူနိုက်တက် အသင်း နှင့် ပတ်သက်သော အချက်အလက် များရလာဒ်များနှင့်ပါတ်သက်ပြီးပြန်လည်ရှင်းလင်းထုတ်ပြန်
-------------------------------------------------------------------------------

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် နေရှင်နယ်လိဂ် သတင်း နှင့် ပြန်ကြားရေး ဌာန မှ မတ်လ ( ၆ ) ရက်နေ့ ရက်စွဲ ဖြင့် မြန်မာနေရှင်နယ်လိဂ် ( ၂ ) ပြိုင်ပွဲ ၊ ပွဲစဉ် ( ၅ ) အပြီး အချက်အလက်များ အား သတင်း ထုတ်ပြန်ရာတွင် ဟံသာဝတီယူနိုက်တက် အသင်း နှင့် ပတ်သက်သော အချက်အလက် များ မှာ အသင်း ၏ မှတ်တမ်းများ ဖြင့် အနည်း ငယ် ကွဲလွဲချက် ရှိနေသောကြောင့် အသင်း ပရိသတ်များ ၊ ပြင်ပ မီဒီယာ များ အနေဖြင့် အောက်ပါ အချက်အလက် များ အတိုင်း သိရှိစေနိုင်ပါရန် တင်ပြ အပ်ပါသည်။ မြန်မာနေရှင်နယ်လိဂ် သတင်း နှင့် ပြန်ကြားရေးဌာန မှ ထုတ်ပြန်သော အချက်အလက်များတွင် တိုက်စစ်မှုး ဘမ်ဘာ သွင်း ဂိုး ၅ ဂိုး၊ ချီကာ သွင်း ဂိုး ၃ ဂိုး ဟုသော အချက်အလက် အမှန်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပွဲစဉ် - ၁ ဟံသာဝတီ ၃း ၀ ငွေကြယ်ပွင့်လေးများ
အောင်မြင့်ထွန်း ( ၃ မိနစ် )၊ ချီကာ ( ၁၉ မိနစ် )၊ ဘမ်ဘာ ( ၂၈ မိနစ် ပယ်နယ်တီ )

ပွဲစဉ် - ၂ တက္ကသိုလ် ၀း ၆ ဟံသာဝတီ
ဘမ်ဘာ ( ၂၂ မိနစ်၊ ၄၇ မိနစ်) ၊မျိုးဇော်ဦး ( ၄၆ မိနစ် )၊ အောင်မျိုးသူရ ( ၅၂ မိနစ်)၊ ချီကာ (၇၂ မိနစ်)၊ ဝေဖြိုးသူ (၈၂ မိနစ်)

ဲ့ပွဲစဉ် - ၃ ဟံသာဝတီ ၃း ၀ ယူ ၁၉
ချီကာ (၂၂ မိနစ်)၊ ဘမ်ဘာ (၃၀ မိနစ်၊ ၈၇ မိနစ်)

ပွဲစဉ် - ၄ မောရဝတီ ၀း ၁ ဟံသာဝတီ
ဘမ်ဘာ ( ၂၅ မိနစ်)

ပွဲစဉ် - ၅ ဟံသာဝတီ ၂း ၀ HORIZON
ချီကာ ( ၂၈ မိနစ် ) ၊ လွင်ကိုနိုင် ( ၅၈ မိနစ် )

အထက်ပါ အသင်း ၏ အချက်အလက် များအရ တိုက်စစ်မှုး ဘမ်ဘာ အနေဖြင့် ပွဲစဉ် ၅ အပြီးတွင် တစ်ဦးတည်း ( ၆ ) ဂိုး သွင်းယူထားပြီး တိုက်စစ်မှုး ချီကာ အနေဖြင့် တစ်ဦးတည်း ( ၄ )ဂိုး သွင်းယူထား ကာ အောင်မြင့်ထွန်း၊ မျိုးဇော်ဦး၊ အောင်မျိုးသူရ၊ဝေဖြိုးသူ၊ လွင်ကိုနိုင် တို့ မှ ( ၁ ) ဂိုးစီ အသီးသီး သွင်းယူထားပါသည်။ ထို့ကြောင့် အသင်း ၏ စုစုပေါင်း သွင်းဂိုး မှာ ( ၁၅ ) ဂိုး ရရှိထားပြီး ဖြစ်ပါကြောင်း အသင်းပရိသတ်များ နှင့် ပြင်ပမီဒီယာ များ အား အသိပေးအပ်ပါသည်.။

Ref ; #Hantharwady Utd FC

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...