Ads (728x90)

------------------------------------------------------------------------

မြန်မာ့ လက်ရွေးစင် အသင်းကြီး၊ မြန်မာ ယူ ၂၃၊ မြန်မာ ယူ၁၉ အသင်းများ၏၂၀၁၄ ခုနှစ်အတွင်း ယှဉ်ပြိုင် ကစားရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ကြိုတင် ပြင်ဆင်မှုများ၊ စီမံချက် (Plans)များ ရေးဆွဲထားမှု အခြေအနေ များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)နှင့် နိုင်ငံခြားသား နည်းပြများ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁း၀၀) နာရီက MFF အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့ချုပ် တာဝန်ရှိသူများ၊ မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် အဗရာမိုဗစ်နှင့် နည်းပြ အဖွဲ့ဝင်များ၊ မြန်မာ ယူ၁၉ နည်းပြချုပ် ဂတ်ဆီဇီနှင့် နည်းပြ အဖွဲ့ဝင်များ၊ မြန်မာ နေရှင်နယ်လိဂ် ဌာနမှ CEO မစ္စတာ ဂျေဆင်း၊ MFF နည်းစနစ် အကြံပေး အဖွဲ့မှ ဦးခင်မောင်ကြိုင်နှင့် အဖွဲ့ဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် MFF ဥက္ကဋ္ဌက မြန်မာ့ လက်ရွေးစင် အသင်းကြီး၏ ယခုနှစ်အတွင်း ၀င်ရောက် ယှဉ်ပြိုင် ကစားရမည့် AFC Challenge Cup 2014 ဗိုလ်လု ပွဲစဉ်များ၊ ၂၀၁၄ ဆူဇူကီး ဖလားခြေစစ်ပွဲ၊ မြန်မာ့ လက်ရွေးစင် ယူ ၂၃ အသင်း၏ ၂၀၁၄ အာရှ အားကစား ပွဲတော် (Asian Games)၊ ၂၀၁၅ ဆီးဂိမ်းစ်၊ မြန်မာ ယူ၁၉ အသင်း၏ အာရှ ဖလား ယူ၁၉ နောက်ဆုံးအဆင့် ပွဲစဉ်များ၊ အာဆီယံ ယူ၁၉ ပြိုင်ပွဲ စသဖြင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် နည်းပြ အဖွဲ့များ အနေဖြင့် စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်ထားရန် မှာကြားခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲများ ကစားမည့် လက်ရွေးစင် အသင်းများအတွက် ပြည်ပ ဖိတ်ခေါ် ပြိုင်ပွဲများနှင့် နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရေး၊ နိုင်ငံရပ်ခြားသို့ သွားရောက် လေ့ကျင့်မှုများ ပြုလုပ်ရေး အတွက်လည်း အကြံပြု မှာကြားခဲ့သည်။

ယင်းနောက် မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် အဗရာမိုဗစ်ခ်ျ၊ မြန်မာ ယူ၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီ တို့က ပြိုင်ပွဲ အသီးသီး အတွက် ၄င်းတို့ကြိုတင် ရေးဆွဲထားသည့် စီမံချက် (Plans) များကို ပရော်ဂျက်တာဖြင့် အကျယ်တ၀ံ့ ရှင်းလင်းတင်ပြ ခဲ့ကြသည်။

မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် ယခုနှစ်အတွင်း မလေးရှား လက်ရွေးစင် အသင်း အပါအ၀င် နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားရန် ရှိနေပြီး မြန်မာ နေရှင်နယ်လိဂ် ဒုတိယ အကျော့ ပွဲစဉ်များနှင့် လွတ်ကင်းသည့် နေ့ရက်များတွင် ခြေစမ်းပွဲများ ကျင်းပသွားရန် စီစဉ်သွားမည် ဖြစ်သည်။ အလားတူ ယခုနှစ် အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်နေ့ အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ ယူ၁၉ ချန်ပီယံရှစ် (2014 AFC U19 Championship) ဗိုလ်လုပွဲစဉ်များ အားဝင်ရောက် ယှဉ်ပြိုင်ရမည့် မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းသည်လည်း မေလအတွင်း အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် ရှိနေပြီး စက်တင်ဘာ လအတွင်း အာဆီယံ ယူ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကိုလည်း ဗီယက်နမ် နိုင်ငံသို့ သွားရောက် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ မြန်မာ ယူ၁၉ အသင်း အနေဖြင့် ဂျာမနီ နိုင်ငံသို့ ရက်ရှည်သွားရောက် လေ့ကျင့်ရန်လည်း ညှိနှိုင်းမှုများ ပြုလုပ်နေပြီး အစစ အရာရာ အဆင်ပြေမည် ဆိုပါက မြန်မာ ယူ၁၉ အသင်းအတွက် အတွေ့အကြုံ ကောင်းများ ရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် မြန်မာ ယူ ၂၃ အသင်းကိုလည်း နည်းပြချုပ် ဦးကြည်လွင်၊ အုပ်ချုပ်သူ ဦးသန်းတိုးအောင် တို့၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် MNL ပြိုင်ပွဲ ပြီးစီးသည်နှင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲ အရပ်ရပ် အတွက် ပြင်ဆင် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

Ref ; #MFF
(4 photos)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...