Ads (728x90)

Photo: နေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် (၅၄၀ မိနစ်) ဖြင့် အကြာမြင့်ဆုံး ပေးဂိုးမရှိစံချိန်ရရှိထားတဲ့ ဟံသာဝတီ ယူနိုက်တက် အသင်း
----------------------------------------------------------------------------------

မြန်မာနေရှင်နယ်လိဂ် ( ၂ ) ၊ ပြိုင်ပွဲ ပွဲစဉ် ( ၆ ) အဖြစ် ယနေ့ ညနေ ၃း ၃၀ နာရီ အ ချိန်က ဟံသာဝတီယူနိုက်တက် အသင်းနှင့် Best Utd အသင်း တို့ ပဒုမ္မာကွင်း တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဟံသာဝတီ အသင်း မှ တိုက်စစ်မှုး ချီကာ ၏ တစ်လုံးတည်းသော သွင်းဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး ၆ ပွဲကစား ပြီးချိန်တွင် ၆ ပွဲစလုံး အနိုင်ရရှိကာ ရမှတ် (၁၈ ) ဖြင့် အမှတ်ပေးဇယား ကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါသည်။
ဟံသာဝတီ အသင်း အနေဖြင့် အသင်း ၏ ပုံစံကောင်း ကို ဆက်ထိန်း နိုင်ရန် ယခု ပွဲစဉ်အတွက် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပါသည်။ ဂိုး ကိုကိုနိုင်၊ နောက်တန်း မင်းနောင်ဦး၊ ကျော်မင်းထိုက်၊ကျော်စိုးလွင်၊ အောင်ဖြိုးမြင့်၊ တို့ ဖြင့် နေရာချခဲ့ပြီးအလယ်တန်းအတွက် ဘမ်ဘာ၊ရှိုင်းထက်ဇော်၊ ပွဲပယ်ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာခဲ့သော မောင်မောင်လွင်၊ေ အာင်မျိုးသူရ၊ ရှေ့တန်းတိုက်စစ်အတွက် အောင်စိုးပိုင်၊ ချီကာ တို့ဖြင့် ပွဲထွက်ခင်းကျင်း ခဲ့ပါသည်။ ယနေ့ပွဲတွင် ယှဉ်ပြိုင်ကစားခဲ့သော ပြိုင်ဖက် Best Utd သည် အတွေ့အကြုံရင့် ကစားသမား များ ဖြင့် ဟံသာဝတီ အသင်း အား မာမာထန်ထန် တုန့်ပြန်ကစားခဲ့ပြီး အခက်တွေ့စေခဲ့ပါသည်။ သို့သော် လည်း အသင်း အနေဖြင့် နေရှင်နယ်လိဂ် အတွေ့အကြုံရင့် အသင်းပီပီ အကောင်း ဆုံးပြန်လည်တုန့်ပြန်နိုင်ခဲ့ပြီး ပထမ ပိုင်း ဆယ်မိနစ်အတွင်း
ထောင့်ကန်ဘော ၅ ကြီ မ် ရရှိသည် အထိ တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါသည်။
အသင်း မှ ကစားသမား များ အနေဖြင့် ရရှိသော အပိုင်အ ခွင့်အရေးများစွာကို ဂိုး အဖြစ်ပြောင်းလဲ နိုင်ခဲ့မည် ဆိုပါက ယခုထက် သွင်းဂိုး အရေအတွက် ပိုရရှိနိုင်မည် ဖြစ်ပါသည်။ အ ထူးသဖြင့် အောင်မျိုးသူ ရ ၊ ဘမ်ဘာ တို့ ရရှိခဲ့သော အခွင့်အရေးများ သည်သေချာပေါက် ဂိုး ရနိုင်သည့် အနေအထားမျိုး ဖြစ်သော်လည်း တိုင်ထိ၊ ကပ်လွဲ၊ အပေါ်ထောင်၊ဘေးထွက် စသည့် အခြေအနေများ ဖြင့် အသင်း ၏သွင်း ဂိုးများ စွာ လွဲချော်ခဲ့ရပါသည်။ထို့ပြင် ပြိုင်ဖက် Best Utd အနေဖြင့် ပွဲချိန်အတွင်း မလိုအပ်ဘဲ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့မှု များကလည်း လာရောက်ကြည့်ရှုသော ပရိသတ်များအတွက် အလွန်တရာစိတ်ပျက်စေခဲ့ကြောင်းတွေ့ရပါသည်။ ပွဲချိန်အတွင်း မကြာခဏ ကိုယ်ထိလက်ရောက် တုန့်ပြန်မှု များစွာ ပြုလုပ်ခဲ့သလို၊Best Utd ကစားသမား ကျောနံပတ် ၉ ဝတ်ဆင်သော ထူးကိုကိုနိုင် အနေဖြင့် ဟံသာဝတီ အသင်း ပရိသတ်များဘက် သို့ လှည့်ကာ အောက်ခံဘောင်းဘီ လှစ်ပြခဲ့မှုသည် ကစားသမား မပီသသော လုပ်ရပ် အဖြစ် တွေ့မြင်ရသလို၊ ဒိုင်လူကြီး ပွဲပြီး အစီရင်ခံစာ တင်သွင်းမှု အပေါ်မှုတည်၍ မည်သို့ထွက်ပေါ်လာမလဲ ဟု စောင့်ကြည့်ရမည် ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် နေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး အနေဖြင့် Best Utd အသင်း ၏ စည်းကမ်းပိုင်းဆိုင်ရာ လျော့ရဲမှုအား အတိုင်းအတာ တစ်ခု အထိ စောင့်ကြည့်ဖို့ လိုအပ် ကြောင်း လည်း ယခုပွဲစဉ် သို့ လာရောက်ကြည့်ရှုသော ပရိသတ်များမှ ပြောဆိုသံ ကိုလည်း ကြားခဲ့ရပါသည်။
မည်သို့ဆိုစေ ဟံသာဝတီ အသင်း အနေဖြင့် နေရှင်နယ်လိဂ် ၂ ပြိုင်ပွဲတွင် ချန်ပီယံ အဖြစ် တန်းတက်နိုင်ရန်အပြင်းအထန်ကြိုးစားနေသလို အနီး အဝေး အားပေးကြသော အသင်း ပရိသတ်များ အားလည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

ယနေပွဲ လူစားလဲ ကစားခဲ့သူများ
အောင်စိုးပိုင် (လွင်ကိုနိုင် ၅၆မိနစ်)၊အောင်မျိုးသူရ( ၇၀ မိနစ်)၊ရှိုင်းထက်ဇော် ( ၈၄ မိနစ်)

Ref ; #Hantharwady Utd FC

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...