Ads (728x90)


နိုင်ငံတကာ ဓာတုလက်နက်များ စောင့်ကြည့်သည့် အဖွဲ့မှ လက်နက်ဖျက်သိမ်းရေး ကျွမ်းကျင်သူများသည် ဆီးရီးယားနိုင်ငံ၏ ဓာတုလက်နက်များကို စတင်ဖျက်သိမ်းပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေ့နေ့တွင် ပြောကြားသည်။ ဓာတုလက်နက်များ တားဆီးရေးအဖွဲ့ (အိုပီစီဒဗလျူ) မှ အဖွဲ့တစ်ဖွဲ့က ယင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်သည်။

ရုရှားနှင့် အမေရိကန် သဘောတူညီမှု ရရှိပြီးနောက် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ ၄င်းအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားအစိုးရက ကြေညာထားသည့် ဓာတုလက်နက်များ သိုလှောင်ထားရှိရာနေရာ ၁၉ နေရာရှိသည့်အနက် မည်သည့် သိုလှောင်ရုံ၌ ဆောင်ရွက်သည်ကိုမူ ရှင်းလင်းမှု မရှိပေ။ ဆီးရီးယားနိုင်ငံ၌ ပြည်တွင်းစစ်များ ဖြစ်ပွားဆဲရှိရာ အချို့သိုလှောင်ရုံများသည် စစ်ပွဲဇုန်အတွင်း ကျရောက်နေသဖြင့် လက်နက်ဖျက်သိမ်းရေး လုပ်ငန်းမှာ လွယ်ကူချောမွေ့ဖွယ် ရှိမည်ဟု မျှော်လင့်၍ မရပေ။

စစ်ပွဲအတွင်း ဓာတုလက်နက်တိုက်တစ်ခုကို ဖျက်သိမ်းရန် အိုပီစီဒဗလျူအား ခိုင်းစေခြင်းမှာ ဤဆီးရီးယားအရေးက ပထမဆုံးအကြိမ် ဖြစ်သည်။ ဆီးရီးယားနိုင်ငံ သိုလှောင်ထားသည့် ဓာတုလက်နက်များတွင် ဆာရင်းဓာတ်ငွေ့၊ မီးလောင်စေသော ဆာလ်ဖာဓာတ်ငွေ့များနှင့် အခြားပိတ်ပင်ထားသည့် ဓာတုလက်နက်ပစ္စည်းများ ပါဝင်သည်ဟု ယူဆရသည်။

BBC

Ref ; http://www.oppositeyes.info/2013/10/blog-post_2799.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...