Ads (728x90)

မြန်မာနိုင်ငံကနေ နှစ်ပေါင်း ၅ဝကျော်ကင်းကာနေတဲ့ Miss Universe
ပွဲကို ပထမ ဦးဆုံးအကြိမ်ပြန်လည်စေလွှတ်ဖို့ ရုရှားနိုင်ငံမော်စကို မှာ
ကျင်းပမယ့် Miss Universe 2013 ပြိုင်ပွဲအတွက် သွား ရောက်ယှဉ်ပြိုင်
မယ့် Miss Universe Myanmar 2013ရွေးချယ်ရာ မိုးစက်ဝိုင်အနေနဲ့ 
အရေါးချယ်ခံရပါတယ် Miss Universe Myanmar 2013 မိုးစက်ဝိုင်နဲ့
1st Runner Up ဆုရှင် အေးချမ်းမိုး တို့ရဲ့ စာနယ်ဇင်းမီဒီယာတွေ့ဆုံပွဲကို
အောက်တိုဘာ ၇ရက်နေ့၊ နေ့လယ် ၃နာရီတွင် ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်
ဟိုတယ်တွင် ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲတွင် လတ်တလော ဖေ့စ်ဘုတ်တွင်
ရေပန်းစားနေသော ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေရဲ့ မြေးဖြစ်သူ
ကိုနေရွှေသွေးအောင်နဲ့ ပတ်သက်တဲ့ သတင်းများနဲ့ အပေါ်မိုးစက်ဝိုင်က
ပြန်လည်ဖြေ ရှင်းခဲ့ရာ " မိုးစက်သွားခဲ့တာက တက္ကသိုလ်များ
ဘောလုံးအသင်းကို သွားအားပေးတာပါ။ မိုးစက်ကလည်း ဒဂုံ
အဝေးသင်တက္ကသိုလ်က E မေဂျာ နဲ့ ဘွဲ့ရထားတာပါ။ မိုးစက်တို့
Miss Universe Myanmar 2013 ပြိုင်ပွဲကက အားကစားဝန်ကြီးရဲ့
လက်အောက်က သွားတာပါ။ အား ကစားကို ပံ့ပိုးပေးရမယ်။
ကိုယ့်နိုင်ငံ မှာ ဖြစ်နေတဲ့ အားကစားပွဲတော် တစ်ခုကို
တက်ရောက်ခဲ့တာပါ။ အဓိကကတော့ ဒဂုံတက္ကသိုလ် ကျောင်းသူ
တစ်ယောက်အနေနဲ့ လည်း ဟုတ်တယ်။ Miss Universe Myanmar 2013
အနေနဲ့ မြန်မာ နိုင်ငံရဲ့ အားကစားပွဲတော်ကို သွား ရောက်အားပေးတာပါ။
ပရိသတ်တွေ အထင်လွဲသွားတာက ဘာဖြစ်ပျက် သလဲဆိုတာ မသိလို့
မိုးစက်ထင်ပါ တယ်။ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲလေးတစ်ခုကိုပဲ ဖလား လေးယူဆောင်ပေးသွားတာပါ။ တစ် မျိုးမြင်သွားတဲ့အဓိကအကြောင်း အရင်းက အကြောင်းအရာကို အတိ အလင်းမသိသေးလို့ပဲ မြင်ပါတယ်" လို့ ပြောပါတယ်။
ဒီပွဲနှင့်ပတ်သက်ပြီး နေရွှေသွေးအောင်က ဖေ့ဘုတ်တွင်ပြန်လည်ဖြေရှင်းထားရာ
မိုးစက်ဝိုင်ကို ဖိတ်ကြားခဲ့ခြင်းအပေါ် မိုးစက်ဝိုင်အနေနဲ့ ပွဲကို လက်ခံဖြစ်ခဲ့ပုံကို
မိုးစက်ဝိုင်ကိုယ်စား Oragnization မှ တာဝန်ရှိသူ ဒေါ်စိုးယုဝေက
ပြန်လည်ဖြေကြားရာ " ဒီပွဲက ကျွန်မတို့ကိုစပြီး ဖိတ်ကြားခဲ့တာက
အားကစားဝန်ကြီးကနေ တစ်ဆင့်လာပြီး ဖိတ်ကြားပေးတာပါ။
University Champion League ကို မလုပ်တာနှစ်ပေါင်း ၃ဝကျော် ကြာပြီး ပထမဆုံးပြန်လုပ်တဲ့အခါ လည်းဖြစ်တယ်။ မိုးစက်အနေနဲ့က လည်း နှစ်ပေါင်း
၅ဝကျော်အကြာမှ ပြန်ပြီး လုပ်ခွင့်ရပြီး ရွေးချယ်ခံရတာ ဖြစ်တဲ့အတွက်
ဒီဖွင့်ပွဲကို တက်ပေးပါဆိုပြီး အားကစားဝန်ကြီးဌာနက ဖိတ်တဲ့အတွက်
တက်ရောက်ခဲ့တာပါ"လို့ လည်းဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ - အိသွဲ့(တန့်ယန်း)

Popular Journal's Photos · Popular Journal's Page

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...