Ads (728x90)

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးသည့်နောက် ပထမဦးဆုံးသော နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက် လက်ထက်မှစ၍ အစဉ်အဆက်နိုင်ငံတော်သမ္မတများဟာ သီဟာသနပလ္လင်ကို နောက်ခံထားပြီး တွေ့ဆုံ မှု တွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေ၊ သမိုင်းဝင် ဓါတ်ပုံတွေ ပြန်လည်လေ့လာကြည့်ရင် အထင်အရှား တွေ့ရှိရမှာ ဖြစ်ပါတယ်။

အချုပ်အခြာအာဏာပိုင်မှု၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းကို ကိုယ်စားပြုမှုစတဲ့ ပုံရိပ်တွေ ကို ဖော်ပြထား တဲ့ သီဟာသနပလ္လင်ဟာ အနက်အဓိပ္ပါယ် များစွာ နက်ရှိုင်းတဲ့ အဆောင်အယောင်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း သမ္မတ၊ ဝန်ကြီးချုပ် စတဲ့ နိုင်ငံ့အကြီးအကဲတွေရဲ့ အဆောင် အယောင်၊ နေအိမ်အခင်းအကျင်း တွေဟာလည်း ရှေးပဝေသဏီကတည်းက ကျင့်သုံးခဲ့တဲ့ ဓလေ့ထုံးစံတွေကို အမွန်အမြတ်ထား ထိန်းသိမ်းစောင့်ရှောက်နေတာကို တွေ့ရှိနိုင်ပါတယ်။

သမ္မတအုပ်ချုပ်ရေးစနစ်သစ်ကို ကျင့်သုံးရာမှာ နိုင်ငံတော်အကြီးအကဲ ဖြစ်သူရဲ့ အဆောင် အယောင်တွေနဲ့ပတ်သက်လို့ စဉ်းစားသုံးသပ်တဲ့အခါမှာ ရှေးယခင်က နိုင်ငံတော်သမ္မတတွေ ကျင့်သုံးခဲ့တဲ့ ကျင့်ထုံးတွေကို ပြန်လည်လေ့လာပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

တစ်ဖန် ဒီအဆောင်အယောင်ဟာ နိုင်ငံတော်သမ္မတကြီးသာမက နောင်မှာ ဘယ်သူ သမ္မတ ဖြစ်လာ၊ ဖြစ် လာ ဆက်လက်ကျင့်သုံးနိုင်မယ့် သမိုင်းအစဉ်အလာကို အခြေခံတဲ့ နိုင်ငံတော်အကြီးအကဲရဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။

အလားတူပါပဲ လွှတ်တော်အဆောင်အယောင်တွေ ဆောင်ရွက်ရာမှာလည်း အတိတ်သမိုင်းက ဓလေ့ထုံးစံတွေကို ပြန်လည်ရှာဖွေ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ရှေးလူကြီးသူမတွေ စဉ်းစားဆောင်ရွက် ကျင့်သုံးခဲ့တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဟာ ယနေ့အချိန်အထိ ကျင့်သုံးဖို့ သင့်လျော်ရင် ဆောင်ရွက်သင့်တယ် လို့ပဲ ယူဆမိပါတယ်။

Hmuu Zaw
Ref ; http://www.oppositeyes.info/2013/10/blog-post_6377.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...