Ads (728x90)

ကချင်ပြည်နယ် ၀ိုင်းမော် - ချီဖွေသွား ကားလမ်းပေါ်ရှိ ဒွန်ဘန်ကျေးရွာနှင့် မန်ဒေါင်းကျေးရွာကြား ဆွပ်မရာကန် နေရာ၌ အောက်တိုဘာ ၅ ရ က် ညနေ ၄ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ ခရီး သည်တင်ကားများအား ရပ်တန့်၍ ခရီးသွားပြည်သူများနှင့် ရွှေကျင်လုပ် သားများအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ် စဉ်ကြုံတွေ့ခဲ့သော ကားသမားများထံမှ သိရှိရပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၀ိုင်းမော်မြို့သို့ ပြန်လည်ရောက်ရှိလာသော ဒေသခံ ကားသမား တစ်ဦးအား မေးမြန်းကြည့်ရာ “ အဲဒီနေ့က ကျွန်တော့်ကားအပါအ၀င် သုံးစီးသွားခဲ့ကြတာ ၊ ဒွန်ဘန်နဲ့ မန်ဒေါင်ရွာကြားမှာ ကချင်လွတ်လပ်ရေးတပ်က အဖွဲ့ဝင်တွေ ကားတွေကိုတားတယ်၊ ပြီးတော့ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေကို အတင်းအကြပ်ဖမ်းတော့တာပဲ ” ဟု ပြောသည်။

“ ကားပေါ်မှာ ဈေးရောင်းဈေးဝယ်နဲ့ ရွှေကျင်လုပ်သားတွေပဲ အများစု ပါတာလေ၊ ကျွန်တော် မှတ်မိ သလောက် ကတော့ ယောင်္ကျားတွေကိုပဲ ရွေးဖမ်းတာဗျ၊ လူသုံးဆယ်ကျော်လောက်ပါသွား တယ်၊ တောင်းပန်ပေမယ့် မရပါဘူး၊ ထိုးကြိတ်ရိုက်ပုတ်ပြီး ခေါ်သွားတော့တာပါပဲ ၊ ဘယ်ကိုဖမ်းခေါ် သွားသလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး” ဟု ယင်းကဆက်လက် ပြောပြသွားခဲ့သည်။


KIA မှ ဖမ်းဆီးသွားသော ခရီးသွားပြည်သူများနှင့် ရွှေကျင်လုပ်သားများ အနက် အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းတွင် ၀ိုင်းမော်မြို့သို့ ဒေသခံ (၅) ဦး ပြန်လည်ရောက်ရှိလာသည်ဟု သတင်းရရှိသဖြင့် ၎င်းတို့ နေထိုင်ရာ ရပ်ကွက်များသို့ သွားရောက်မေးမြန်းဖြစ်ခဲ့ပါသည်။


အမည်မဖော်လိုသူ မြို့ခံဈေးသည်တစ်ဦးက “ ကျွန်တော်က ဒီဝိုင်းမော်ကနေ ချီဖွေကိုဈေးရောင်း သွားနေကျပါ၊ ဒေသထွက် သီးနှံတွေသွားပိုတာပါ၊ ကျွန်တော်အပါအ၀င် အဖမ်းခံရတာ လူသုံးဆယ်ကျော်လောက်ရှိတယ်၊ KIA စခန်းတစ်ခုမှာ ကျွန်တော်တို့ကို ဖမ်းချုပ်ထားပါတယ်၊ ငွေပါ လာတဲ့ ဈေးသည်တွေက ငွေနဲ့ညှိတော့ ပြန်လွတ်လာတာပေါ့ ”

“တစ်ယောက်ကို သုံးသိန်းပေးခဲ့ရပါတယ်၊ ငါးယောက်ပဲ ပြန်လာနိုင်တယ်၊ ကျန်တဲ့လူတွေကတော့ ငွေ မပေးနိုင်တော့ ဆက်ပြီးအဖမ်းခံနေရတုန်းပဲ၊ ကျွန်တော်ကြားခဲ့တာကတော့ ငွေမပေးနိုင်ရင် ကချင် တပ်ထဲကိုဝင်ရမယ် လို့ ပြောသံကြားခဲ့တာပဲ၊ ရွှေကျင်လုပ်သားတွေက အခုမှ အလုပ်လုပ်ဖို့သွားတာ ဘယ်လိုလုပ် ငွေပါမှာလဲ၊ ကျွန်တော်တို့ လွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေ အတွက် စိတ်မကောင်း ပါဘူး၊ တရားဥပဒေနဲ့ အညီပြန်လွတ် အောင်လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ ” ဟု ပြောပြသွားခဲ့ပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့်အစိုးရငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောက်တိုဘာ (၈၊၉၊၁၀) ရက်နေ့များတွင် မြစ်ကြီးနားမြို့၌ ကျင်းပပြု လုပ်မည်ဖြစ် ကြောင်း သိရှိရပါသည်။


KDN
 
Ref ; http://www.oppositeyes.info/2013/10/kia_7.html 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...