Ads (728x90)


ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်နှင့် ပြင်သစ်တပ်များအား ဗီယက်နမ် တော်လှန်ရေးတပ် က ပြောင်မြောက်စွာအနိုင်ရခဲ့သည့် တိုက်ပွဲများ၏ဗိသုကာဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း Vo Nguyen Giap မှာ ယမန်နေ့က ကွယ်လွန်သွားပြီဟု မိသားစုဝင်များနှင့် ဗီယက်နမ်အာဏာပိုင်များက အတည်ပြု ပြောကြားလိုက်သည်။

လေးနှစ်နီးပါး နာတာရှည်ရောဂါကို ခံစားခဲ့ရပြီးနောက် အသက် ၁၀၂-နှစ်အရွယ်ရှိ အဆိုပါ ဗိုလ်ချုပ်ကြီးမှာ မြို့တော်ဟနွိုင်းရှိ စစ်ဆေးရုံတွင် ယမန်နေ့ညနေပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ တောင်သူလယ်သမား မိသားစုက မွေးဖွားခဲ့သည့် Vo Nguyen Giap မှာ ၁၉၅၄ ခုနှစ် Dien Bien Phu ဒေသတွင် ပြင်သစ် စစ်တပ်အား ချေမှုန်းနိုင်ခဲ့သောတိုက်ပွဲနှင့်၊ နှစ်ပေါင်း ၂၀-အကြာတွင် အမေရိကန် ကျောထောက်နောက် ခံ ပြုထားသည့် တောင်ဗီယက်နမ်စစ်တပ်အား ကွန်မြူနစ်တို့က အောင်နိုင်ခဲ့သည့်တိုက်ပွဲတို့တွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူဖြစ်သည်။

၂၀၀၄-ခုနှစ်က အင်တာဗျူးတစ်ခုတွင် Vo Nguyen Giapက ငြိမ်းချမ်းရေးအကြောင်းကို ပြောကြားခဲ့ပြီး ဗီယက်နမ် လွတ်လပ်ရေးအောင်ပွဲမှာ ကမ္ဘာပေါ်ရှိ ကိုလိုနီပြုခံ နိုင်ငံများအားလုံး၏ အောင်ပွဲပင်ဖြစ်ခဲ့ သည်ဟု ဖြေကြားခဲ့သည်။

Vo Nguyen Giap ကို ၁၉၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသတွင် မွေးဖွားခဲ့ပြီး သမ္မတဟောင်း ဟိုချီမင်းနှင့် ရင်းနှီးသောသူငယ်ချင်းဖြစ်ကာ ၀န်ကြီးချုပ်ဟောင်း Pham Van Dong နှင့်အတူ နိုင်ငံ၏ အမြင့်ဆုံးဘွဲ့တံဆိပ်ကိုလည်း အပ်နှင်းခြင်း ခံခဲ့ရသည်။

Today Myanmar


Ref ;  http://www.oppositeyes.info/2013/10/vo-nguyen-giap.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...