Ads (728x90)


ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ ခေတ်စားလာတာကတော့ သူပုန်တွေရဲ့အခန်းကဏ္ဍပဲဖြစ်နေပါတယ်။ သူပုန်ဆိုတာဒီကနေ့မှပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ပြောရယင်မြန်မာပြည်မှာ တစ်ပါတီအာဏာရှင် စနစ်မကျင့်သုံး ခင်ကတည်းက သူပုန်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။ လွတ်လပ်ရေးရပြီး ဦးနုခေတ်မှာ ဆိုရင်ရောင်စုံသူပုန်..ရန်ကုန်အစိုးရ ဆိုပြီးခေါ်ဝေါ်သမုတ်ခဲ့တာပါ။ လွတ်လပ်ရေးရပြီး စကာလက မြန် မာပြည်မှာ ဗမာလူမျိုးကြီးဝါဒတို့၊ တိုင်းရင်းသားတွေ တန်းတူရည်တူရှိရေးတို့ဆိုတဲ့စကားလုံးတွေလဲ မပေါ်သေးပါဘူး။ ဒါပေမယ့်သူပုန်ဆိုတာကတော့ပေါ်နေပါပြီ။ အချို့က ဦးနုကိုအပြစ်ပြော အပုတ်ချချင်လို့ ဦးနုက ဗုဒ္ဓ ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ကချင်သူပုန်တွေပေါ်လာတာ ဆိုပြီးပြောဆိုကြ ပါတယ်။

ဒါကလျှောက်ပြောတာပါ။ ဗုဒ္ဓဘာသာ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်တာ ဘယ်သူမှ ထိခိုက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီခေတ်မှာ အီရန်သမ္မတဖြစ်တဲ့သူတောင် သူတို့ရဲ့ ဘာသာရေး ခေါင်းဆောင်ကြီးဆီမှာ ကျမ်းသစ္စာကျိန်ဆိုရတာပါပဲ။ သူတို့တွေလက်နက်ကိုင်ချင်တာနဲ့ ဗုဒ္ဓဘာသာကိုအကြောင်းပြ လိုက်တာပါပဲ။ အခုထက်ထိလဲအကြောင်းပြ ကောင်းနေကြဆဲပါပဲ။ လူမျိုးရေးတန်းတူရည်တူရှိမှု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရမှုကနေအခုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တစ် ခုရေးဆွဲဖို့ အထိလုပ်ဆောင်လာနေ ပါတယ်။ ပြောချင်တာက အစိုးရဘက်က တစ်ခုပေးလိုက် ရင် သူတို့က နှစ်ခုလိုချင်တယ်။ အစိုးရကနှစ်ခု ပေးရင် သူတို့ကလေးခုလိုချင်ပါတယ်။

အခုလဲနိုင်ငံတော်သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင်ကတစ်ဦးအပေါ်တစ်ဦး ချစ်ကြည်လေးစား တဲ့စိတ်ဓာတ်နဲ့ သူပုန်ခေါင်းဆောင်အချို့ကိုခေါ်ယူတွေ့ဆုံ၊ ရင်းရင်းနှီးနှီးပြောဆိုကြတာတွေ လုပ်ကြ ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်တာတွေအပေါ် သူပုန်တွေဘက်ကဘယ်လိုသုံးသပ်သလဲဆိုရင် သူတို့ဟာ အရမ်းကို အရေးပါလာလို့ အစိုးရခေါင်းဆောင်တွေကိုယ်တိုင်က ဒီလိုမျိုးအလျော့ပေးလာတာလို့မြင်ကြ ပါတယ်။ အဲလို မျိုးမြင်အောင် ဘေးတီး ပေးတဲ့သူတွေကလဲ ပေးကြလို့သာ အခုဆိုရင်သူပုန်တွေ စုပေါင်းပြီး ဖွဲ့စည်းပုံပြင် ဆင်ဖို့ အထိလုပ်ဆောင်နေပါပြီ။

ဒါဟာငြိမ်းချမ်းရေးကိုပျက်အောင်တစ်ဖက်လှည့်နဲ့လုပ်နေတဲ့လုပ်ရပ်ဖြစ်ပါတယ်။လက်ရှိဖွဲ့စည်းပုံ ထဲမှာကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေသတ်မှတ်ပေးထားပြီး တိုင်း/ပြည်နယ် အလိုက် ၀န်ကြီးချုပ်တွေခန့်ထားပေးပြီးဖြစ်ပါတယ်။ အမှန်ကန်ဆုံးစကားပြောရယင် လက်နက် မကိုင်တော့ ဘဲ တိုင်းရင်းသား လူမျိုးတွေ အလိုက်ပြောချင်တာတွေလွှတ်တော်မှာ ပြောလို့ ဆိုလို့ ရ နေပါပြီ။ကချင်မှာ ဆိုရင်လဲ ဒေါ်ဒွဲဘူ၊ ရှမ်းမှာဆိုရင် ဒေါ်နန်းဝါနု အစရှိသဖြင့်တိုင်းရင်းသားတွေအများကြီးပါ။ ဒီခြားထဲမှာ လူမျိုးစု အလိုက်ဝန်ကြီး တွေလဲ ရှိနေပါတယ်။ ကိုယ်ဒေသကိုယ့်လူမျိုးတွေအုပ်ချုပ်ခွင့်အတွက် ပထမခြေ လှမ်းဟာ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီး သားပါ။

အစိုးရဘက်ကအလျော့ပေးတာတွေများလေလေ သူပုန်တွေကနင်းလေလေဆိုတာ ဒီခေတ်ကျမှ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။သူတို့ခေတ်တုန်းကတည်းကရှိခဲ့တာလို့ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးကပြောဆိုပါတယ်။

ဟိုခေတ်တုန်း ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တုန်းကလဲဒီလိုပါပဲ။မဖြစ်နိုင်တဲ့တောင်း ဆိုချက်တွေ တောင်းဆိုမယ်..။ အစိုးရဘက်က မပေးနိုင်ရင်၊ မလိုက်လျောနိုင်ရင်တော့အစိုးရကငြိမ်းချမ်းရေးကို လိုလားမှု မရှိဘူးဆိုပြီး သတင်းလွှင့်တော့တာပါပဲ။ အခုလဲ ဖွဲ့စည်းပုံ အသစ်ရေးဆွဲတယ်ဆိုတာ မသိမသာ စင်ပြိုင်အစိုးရတစ်ရပ်ထူထောင်လိုက်တာပါပဲလို့ ၀ါရင့်နိုင်ငံရေး သမားကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။

အဆုံးစွန်သော စကားပြောရရင် ဗိုလ်ချုပ်အောင်ဆန်းမသေဘဲနဲ့ အုပ်ချုပ်နေလဲသူပုန်ဆိုတာ ရှိနေမှာ ပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်ပြီး ချမ်းသာနေတဲ့သူတွေက လက်နက်ကိုင်တာ ကိုမစွန့်ချင် တော့တာမို့လို့ပြော ရတာလို့သူကပြောပါတယ်။ မြန်မာပြည်မှာဒေါ်အောင်ဆန်းစုကြည် နိုင် ငံတော်သမ္မတ ဖြစ်လာရင်လဲ သူပုန်ဆိုတာရှိနေမှာ ပါပဲတဲ့။အလောင်းအစားလုပ်ရဲတဲ့သူရှိရင်ေ တာင် လောင်းလိုက်ချင် ပါတယ်တဲ့။ တကယ်တော့ လက်နက်ကိုင်သူပုန်အဖွဲ့ တွေဟာ သူတို့လူမျိုးတွေကို ကိုယ်စားပြုတဲ့အဖွဲ့ မဟုတ် ပါဘူး။ လူမျိုးတစ်မျိုးထဲမှာကို သူပုန်အဖွဲ့က တစ်ဖွဲ့မက ရှိနေတာပါ။ ဒါကြောင့် သူပုန်ဆိုတာ သူပုန်ပါပဲလို့ ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ သုံးသပ်ချက်ကို တင်ပြလိုက် ပါတယ်။
ရွှေသတင်းသစ်
 
Ref ;  http://www.oppositeyes.info/2013/10/blog-post_4739.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...