Ads (728x90)








ကျွန်တော်...Miss Universe Myanmar မိုးစက်ဝိုင်..

တက္ကသိုလ်များချန်ပီယံလိဂ်...အကြောင်း..ပို့ စ်တင်ခဲ့ပါသည်။

သတင်းအပြည့်အစုံဆိုသည်ထက်.Short Message သဘောမျိုးဖြင့်

လိုအပ်သည့်..အရေးကြီးအချက်အလက်များကိုသာ..

တင်ခဲ့ခြင်းဖြစ်ပါသည်..အဆိုပါအကြောင်းအရာတွင်..ပါဝင်သူများကို

တိုက်ခိုက်..အပုတ်ချလိုခြင်းလည်း..မရှိပါ..

ရ၇ှိခဲ့သည့်..ယုံကြည်ရသော..သတင်းအရင်းအမြစ်များကို..ကိုးကားခြင်း

ကိုယ်တိုင်..သွားရောက်..ခဲ့ပြီးမှသာ.သတင်းတင်ခဲ့ခြင်းဖြစ်ပါသည်။

မိမိ၏အမြင်အရမူ..မိုးစက်ဝိုင်အနေဖြင့် တက္ကသိုလ်များ ချန်ပီယံလိဂ်ကို

ရိုးသားစွာ.ကူညီပေးခဲ့ခြင်းဖြစ်သည်ဟု ယူဆပါသည်။

မိုးစက်ဝိုင်အတွက်...လော်ဘီလုပ်ပေးနေခြင်းမဟုတ်ပါ..

ကျွန်တော်..မတင်ပါကလည်း..တက္ကသိုလ်များချန်ပီယံလိဂ်.ပွဲသို့  လာကြသည့်

ပြည်တွင်းပြည်ပ..မီဒီယာသမားများ..ဂျာနယ်လစ်များက..တင်ကြမည်သာ ဖြစ်ပါသည်..

မိုးစက်ဝိုင်နှင့် အခြားအနေအထားများကိုသာ..

ခွဲခြားတွေးမြင်နိုင်ကြမည်ဟု သာ မျော်လင့်မိပါသည်။

" မိဘမဲ့ကလေးငယ်များအတွက် ၀ိုင် တစ်စက် "

""၂၀၁၃ Miss Universe ပြိုင်ပွဲမှာ ဆုရခဲ့ရင်တော့

မိဘတွေကို ကန်တော့ပါ မယ်။ ကျန်တဲ့ဆုငွေတွေကိုတော့

မိဘမဲ့ကလေးငယ် တွေအတွက် ပဒေသာပင်လေး စိုက်ထူချင်ပါတယ်""

အောက်တိုဘာ ၃ရက်နေ့က ရန်ကုန် မြို့၊ ဒဂုံမြို့နယ်၊
မြို့မကျောင်းလမ်းရှိ အမျိုး သားဇာတ်ရုံတွင် ပြုလုပ်ခဲ့သည့် မယ်စကြ၀ဠာ(မြန်မာ)ရွေးချယ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုမယ်စကြ၀ဠာ ဆုရသွားခဲ့သည့် မိုးစက်ဝိုင်က ရုရှားနိုင်ငံတွင် ကျင်းပမည့်
မယ်စ ကြ၀ဠာပြိုင်ပွဲတွင် ဆုရခဲ့ပါက အဆိုပါဆုကြေးငွေကို
မည်သို့ အသုံးချမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

မယ်စကြ၀ဠာပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ၁၉၆၁ နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခင်က ၁၉၅၉၊ ၁၉၆၀၊ ၁၉၆၁ ခုနှစ်များ တွင် ၃ကြိမ်ကျင်းပခဲ့ပြီး ၁၉၆၁ခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုမယ်အဖြစ်
မြင့်မြင့်ခင်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၆၂တွင် ဗိုလ်ချုပ်နေ၀င်းက
စစ်အာ ဏာသိမ်းပြီနောက် ယခု ၂၀၁၃မှသာ ပထမဆုံးအကြိမ်ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၃ မယ်စကြ၀ဠာပြိုင်ပွဲကို Healthy Body , Beauty Smile ,
Myanmar Heart အစရှိသည့် ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာ၊ လှပသောအပြုံး၊ မြန်မာတို့၏ နှလုံးဟူသော ရည်ရွယ်ချက်များဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။ ဆန်ခါတင်အယောက် ၂၀က မြန်မာဝတ်စုံ၊ ရေကူးဝတ်စုံ၊ ညနေခင်းဝတ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့ပြီးနောက် နောက်ဆုံးဆန်ခါတင် ၅ ဦးသာကျန်ချိန်တွင် အကဲဖြတ်ဒိုင်များက ဉာဏ်စမ်းမေးခွန်းများကို တစ်ဦးစီမေးမြန်းခဲ့ရာတွင် မိုးစက်ဝိုင်က သူမ၏ မယ်စကြ၀ဠာ ပြိုင်ပွဲဝင်ရသည့်ရည်ရွယ်ချက်ကို ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ရန်ကုန်တွင် ကျင်းပခဲ့သည့် မယ်စကြ ၀ဠာပြိုင်ပွဲကို Skynet Teen
ရုပ်သံလိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါသည်။ အင်တာနက်အွန်လိုင်းတွင်လည်း စိတ်ဝင် စားသူများပြားခဲ့ပါသည်။ အမျိုးသားကဇာတ်ရုံတွင် မျက်ဝါးထင်ထင်ကြည့်ရှုအားပေးနေကြသည့် ပရိသတ်များ၏ရင်ခုန်သံမှာလည်း မြန်ဆန်ခဲ့ပါသည်။
၂၀၁၃ မြန်မာမယ်စကြ ၀ဠာပြိုင်ပွဲ၏ အခြားဆုများကို စတင်ချီးမြှင့်ရာ Miss Environment ဆုကို မီရှယ်၊ Miss Healthy Body & Beauty Skin ဆုနှင့် Miss Body Perfect ဆုကို မြတ်နှင်းဖြူ၊ Miss Healthy Skin ဆု၊ အွန်လိုင်းပရိသတ်များမဲပေးသည့်ဆု၊ Miss Famous ဆုကို မိုးစက်ဝိုင်၊ Miss Photogenic ဆုကို အေးချမ်းမိုး၊Miss Beautiful Smile ဆုကို မေချစ်ပုံတို့ကရရှိခဲ့ပြီး နောက်ဆုံး ၅ဦးအ ဆင့်တွင် မိဘမဲ့ကလေးငယ်များအတွက် ကိုယ်ချင်းစာနာမှုပေးသည့် အဖြေစကားဖြင့် မိုးစက်ဝိုင်က Miss Universe Myanmar ဆုရှင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး ၅ဦးအဆင့်တွင် 1st Runner up ဆုကို အေးချမ်းမိုး၊ 2 nd Runner up ဆုကို မြတ်နှင်းဖြူ၊ 3rd Runner up ဆုကို နှင်းယမုံဦး၊ 4th Runner up ဆုကို မေချစ်ပုံတို့ကရရှိခဲ့ပြီး Miss Universe Myanmar ဆုရှင် မိုးစက်ဝိုင်မှာ စိန်သရဖူ၊ ဆုငွေကျပ်သိန်း ၁၀၀၊ Honda Fit ကားတစ်စီး၊ တစ်နှစ်တာ အခမဲ့အလှပြင်ဆင်ခွင့်ဆုများ ချီးမြှင့်ခံခဲ့ရပါသည်။

တကယ်တော့ မိုးစက်ဝိုင်မှာ သရုပ်ဆောင်မော်ဒယ်လောကနှင့် အစိမ်းသက်သက်တော့မဟုတ်ပါ။ Ve Ve ကြော်ငြာကို ရိုက်ကူးဖူခဲ့သည် Talent & Model အေဂျင်စီသင်တန်းဆင်းတစ်ဦးဖြစ်သည်။ ၁၉၈၈ ခုနှစ် မေလ ၂၀ရက်နေ့တွင် မွေးဖွားခဲ့သူဖြစ်ပြီး အရပ်အမြင့် ၅ပေ ၉လက်မ၊ ကိုယ် အလေးချိန် ၁၃၀ပေါင်ရှိကာ လက်ရှိအချိန် တွင် အသက် ၂၅နှစ်ရှိနေပြီဖြစ်သည်။ ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာအဓိကဖြင့် အဝေး သင်ဘွဲ့ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ California Lutheron တက္ကသိုလ်မှ စီးပွားရေးဝိဇ္ဇာဘွဲ့ရရှိထားသကဲ့သို့ အမေရိကန်company တစ်ခုတွင် လုပ်ငန်းအတွေ့အကြုံရှိခဲ့သည်ဟု ဆိုပါသည်။ သူမ၏ အရပ်အမောင်းမှာ နိုင်ငံ တကာစံနှုန်းမီသကဲ့သို့ အင်္ဂလိပ်ဘာသာစကားအပြင် တရုတ်ဘာသာစကားကိုလည်း ကျွမ်းကျင်စွာပြောဆိုနိုင်စွမ်းရှိနေသူဖြစ်သည်။

မယ်စကြ၀ဠာ မြန်မာအဖြစ် ရွေးချယ် ခံရပြီးနောက်တွင်
မိုးစက်ဝိုင်က ""သမိုင်းအ စိတ်အပိုင်းတစ်ရပ်အဖြစ် ကျွန်မ ပါဝင်သွား ပြီလို့ ခံစားရပါတယ်။ ကျွန်မ နိုင်ငံနဲ့ပြည်သူ အတွက် တိုက်ပွဲဝင်ရတော့မယ့် စစ်သား တစ်ယောက်လိုခံစားနေရပါတယ်""ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံကို ကိုယ်စားပြုရတော့မည်ဖြစ်၍ အနေ အထိုင်ဆင်ခြင်ရန်လိုအပ်ပြီး ရုရှားတွင်ပြုလုပ်မည့် ပြိုင်ပွဲအတွက် များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း၊ ၀ါရင့်သူများနှင့်တိုင်ပင်ပြီး ၎င်းတို့၏ညွှန်ကြားမှုနှင့်အတူ အကောင်းဆုံး ပြင်ဆင်ယှဉ်ပြိုင်သွားမည်ဟုလည်း မိုးစက်ဝိုင်က ဖွင့်ဟခဲ့ပါသည်။

မြန်မာမယ်စကြ၀ဠာဆုကိုရပြီးနောက် ပထမဆုံးလှုပ်ရှားမှုအဖြစ်လည်း တက္ကသိုလ်များ ချန်ပီယံဖလား ပြိုင်ပွဲကြီး၏ ဆုဖလားကို မိုးစက်ဝိုင်က သယ်ဆောင်ပေးခဲ့ပါသည်။ တက္ကသိုလ်များ ချန်ပီယံဖလားပြိုင်ပွဲအဖွင့်ပွဲ ကို အောက်တိုဘာ ၅ရက်နေ့မှ ၂၇ရက်အထိ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၅ရက်နေ့က ရန်ကုန်ယူနိုက်တက်အသင်းပိုင်မြက်ခင်းတုကွင်းတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ အားကစားဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်(ဖိုးလပြည့်)တို့က ဖွင့်လှစ်ပေးခဲ့ပြီး ချန်ပီယံအသင်းအား ကိုနေရွှေသွေးအောင်က သိန်း ၅၀ချီးမြှင့်မည်ဟု ဆိုပါသည်။ ပြိုင်ပွဲတွင် ရွှေရုပ်တု(တန် ဖိုးကန်ဒေါ်လာ ၇၀၀)၊ ရွှေဖိနပ်ဆု (တန်ဖိုး ကန်ဒေါ်လာ ၃၂၀)၊ ကြယ်တံဆိပ်ရုပ်တု (တန်ဖိုး ကန်ဒေါ်လာ ၁၆၅)၊ လည်ဆွဲတံ ဆိပ်ပြားများ (တန်ဖိုး ကန်ဒေါ်လာ ၅)ချီးမြှင့် သွားမည်ဖြစ်ကာ ဆုတံဆိပ်များကို စင်ကာပူ နိုင်ငံမှ မှာယူထားခြင်းဖြစ်ပါသည်။
ပြိုင်ပွဲမစတင်မီတွင် မိုးစက်ဝိုင်က ပြိုင်ကားအ၀ါလေးကို ကွင်းတစ်ပတ်စီး၍ ဆုဖလားကို လာရောက်ပေးအပ်ခဲ့ပါသည်။

မယ်စကြ၀ဠာ မြန်မာဆုရှင်ဖြစ်ပြီးနောက် ပထမဆုံးအကြိမ်
လူထုအတွင်း မိုးစက်ဝိုင်၏လှုပ်ရှားမှုလည်းဖြစ်ပါသည်။
မယ်စကြ၀ဠာဆုရှင် တစ်ဦးအနေဖြင့် တစ်ဦးချင်းပုဂ်္ဂလိကဆိုင်ရာ နေထိုင်မှုတွင် ဆင်ခြင်ထိန်းသိမ်းရန်လိုအပ်ပါသည်။ သို့သော် တစ်ခါတရံတွင် မဖြစ်မနေ လုပ်ဆောင်ပေးရမည့်လုပ်ငန်းတာဝန်အချို့လည်းရှိကောင်းရှိနိုင်ပါသည်။ အဆိုပါအခြေအနေနှင့် သဘောတရားကို ပရိသတ်များက နားလည်ပေးနိုင်ရန်လိုအပ်သကဲ့သို့ ပြည်သူနှင့် နိုင်ငံကိုကိုယ်စားပြုသူတစ်ဦးအနေဖြင့်လည်း ပြည်သူနှင့်နိုင်ငံ သိက္ခာကျစေမည့် အပြုအမူ၊ အပြောဆိုများကို တတ်နိုင်သမျှ ရှောင်ကျဉ်ရမည်သာဖြစ်ပါသည်။ မိုးစက်ဝိုင်ကဲ့သို့ နိုင်ငံနှင့်လူမျိုးအတွက် ကိုယ်စားပြု၍ ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရတော့မည့် အလှမယ်တစ်ဦးအနေဖြင့်မူ ပို၍တာဝန်ကြီးလေးမည်ဖြစ်ပါသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Crocus City ခန်းမတွင်ကျင်းပမည့်
Miss Universe ပြိုင်ပွဲမှာ ကမ္ဘာ့အလှအပဆိုင်ရာပြိုင်ပွဲများတွင်
နံပါတ်-၁အဆင့်ရှိပါသည်။ ၆၂ကြိမ်မြောက် ပြိုင်ပွဲဖြစ်သော်လည်း
ရုရှားမြေတွင် ပထမ ဆုံးကျင်းပသည့်ပြိုင်ပွဲဖြစ်ကာ နိုဝင်ဘာ ၉ ရက်နေ့ နောက်ဆုံးအဆင့်ပြိုင်ပွဲအား NBC , Telemundo ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံမှာ မယ်စကြ၀ဠာပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး
မြန်မာ၊ သြစတြီးယား၊ ကာဇက်စတန်၊ ဆလိုဗေးနီးယားနိုင်ငံများမှာ တစ်ကျော့ပြန်ယှဉ်ပြိုင်လာကြခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်နိုင်ငံ ၈၆နိုင်ငံမှ အလှမယ် များမှာ အောက်တိုဘာ ၂၀ မှ ၂၄အတွင်း ရောက်ရှိသတင်းပို့ရ မည်ဖြစ်ပြီး အောက်တိုဘာ ၂၅တွင် အလှမယ်များ၏ညစာစားပွဲ ကျင်းပမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၆ မှ နိုဝင်ဘာ ၃အထိ ပြိုင်ပွဲဝင်အလှမယ်များ၏ လှုပ်ရှားမှုကာလဖြစ်ပြီး နိုဝင်ဘာ ၃တွင် National Coustume ၊ နိုဝင်ဘာ ၅တွင် Perliminary Competition ၊ နိုဝင်ဘာ ၆မှ ၉အထိ On The Scene with Teen recop show (Xbox တွင် Live ပြမည်)ပြုလုပ်မည် ဖြစ်ကာ နိုဝင်ဘာ ၉တွင် နောက်ဆုံးအဆင့် ပြိုင်ပွဲပြုလုပ်မည်ဖြစ်ပါသည်။ ထို့နောက် ရုရှားရိုးရာပါတီပွဲကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၁၀တွင် ရုရှားနိုင်ငံမှ ပြိုင်ပွဲဝင်အလှမယ်များ ပြန်လည်ထွက်ခွာကြရမည်ဖြစ်ရာ မိုးစက်ဝိုင်အနေဖြင့် ရုရှားမြေသို့ အောက်တိုဘာ ၂၀ တွင်ရောက်ရှိပြီး နိုဝင်ဘာ ၁၁ခန့်မှသာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည့်သဘော ဖြစ်နေပါသည်။

မည်သို့ဆိုစေ ပြိုင်ပွဲဝင်ကာ လရက် ၂၀အတွင်း၌ မိုးစက်ဝိုင်
အကောင်း ဆုံးယှဉ်ပြိုင်မည်မှာ သေချာပါသည်။ ပရိသတ်များအနေဖြင့်လည်း နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ခင်လပြည့်ဇော်တို့ကဲ့သို့ပင် မိုးစက်ဝိုင် ကို အားပေးကြရန်တိုက်တွန်းလိုပါသည်။

ကိုယ်တိုင်အောင်မြင်မှုရရှိရန်နှင့် အကူအညီလိုအပ်နေသူများအား

ကူညီနိုင်ရန် ရည်မှန်းချက်ရှိနေသည့် မိုးစက်ဝိုင်က

Miss Universe ပြိုင်ပွဲဝင်ရခြင်းနှင့် ဆုရခဲ့ပါက

မိဘမဲ့ကလေးငယ်များအတွက် ပဒေသာပင် စိုက်ထူမည်ဟုဆိုထားရာ

ပြိုင်ပွဲတွင် တွေ့ကြုံရမည့် အခက်အခဲများ၊

ကြုံလာနိုင်သည့် ပြင်ပ,ပယောဂအနှောင့်အယှက်များကို

မိုးစက်ဝိုင် ဖယ်ရှားရင်ဆိုင် အနိုင်ရစေရန်

ပြည်သူ(ပရိသတ်)များက ၀ိုင်းဝန်းဖေမပေးကြရန် လိုအပ်နေပါသည်။

" မိဘမဲ့ကလေးငယ်များအတွက် ၀ိုင်တစ်စက် " ဖြစ်ပါစေဟုသာ ... ……………………………………

Cerdit : ခွန်ကိုးမင်း ၊ The Sports Center ဂျာနယ် ( Oct 7 Tuesday Issue မှ )

Ko SaiSai
Works at MindMake Organiz
Options for this story

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...