Ads (728x90)

အမေရိကန်အထူးကွန်မန်ဒိုတပ်ဖွဲ့များသည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ Westgate ဈေးဝယ် စင်တာကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ပတ်သက်မှုရှိ သည်ဟု သံသယရှိသော အယ်ရှာဟတ် လက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်အေနက်စ်အယ်လီဘီကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဘီဘီစီ သတင်းဌာန က ဖော်ပြသည်။

အမေရိကန်အစိုးရအရာ ရှိများ၏ ပြောကြားချက်အရ အယ်လ်လီဘီကို လစ်ဗျားနိုင်ငံ မြို့တော်ထရီ ပိုလီတွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


အယ်လ်လီဘီ၏အစ်ကိုတော်စပ် သူတစ်ဦး၏ ဒေးလီးသတင်းဌာန ကို ဖြေကြားချက်အရ အယ်လ်လီ ဘီ နေအိမ်အပြင်ဘက်တွင် ကား ပါကင်ထိုးနေစဉ် ကားသုံးစီးက ပိတ်ဝိုင်းခဲ့ပြီး ကားတံခါးကို ဖျက် ဆီးကာ ဖမ်းဆီးခေါ်ဆောင်သွား ကြခြင်းဖြစ်သည်ဟု သိရသည်။ အောက်တိုဘာ ၅ရက်နေ့ နံနက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သော ဖမ်းဆီးခဲ့မှုကို အယ်လ်လီဘီ၏ဇနီး သည်ပါ မြင်တွေ့ခဲ့သည်ဟုသိရ ပြီး အမေရိကန်အစိုးရအရာရှိ များက လစ်ဗျားအစိုးရထံ ခွင့် ပြုချက်ရယူခဲ့ပြီးဖြစ်သည်ဟု ဆို သည်။ အသက် ၄၉နှစ်အရွယ်ရှိ ပြီဖြစ်သော အယ်လ်လီဘီသည် လူပေါင်း ၂၂ဝခန့် သေဆုံးခဲ့သော ကင်ညာနှင့် တန်ဇန်း နီးယားရှိ အမေရိကန်သံရုံးများကို ၁၉၉၈ခုနှစ် တိုက်ခိုက်ခံရမှုတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူဖြစ်သည်။

အယ်လ်လီဘီသည်FBI ၏အ လိုရှိဆုံးသူများစာရင်းတွင် ပါဝင် သူတစ်ဦးဖြစ်ပြီး ဆယ်စုနှစ်ကြာ ဆုငွေပေါင်း ၃ဒသမ၁သန်းထုတ် ခံထားရသူဖြစ်သည်။ အမေရိ ကန်အစိုးရအရာရှိများ၏ပြောကြားချက် အရ အဆိုပါဘရာဇီး စစ်ဆင်ရေးအတွက် ဆယ်ရက် ခန့် ကြိုတင်ပြင်ဆင်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။


အယ်လ်ရှာဘတ် လက်နက်ကိုင်တပ်ဖွဲ့များ၏ အ စောပိုင်းဘီဘီစီသတင်းဌာနသို့ ပြောကြားချက်အရ အမေရိကန် ကွန်မန်ဒိုတပ်ဖွဲ့များသည် ဘာ ရာစီမြို့သို့ လှေများဖြင့် ချဉ်းနင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လက်နက် ကိုင်တပ်ဖွဲ့များဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အဆိုပါ မစ်ရှင်မှာ မအောင်မြင်ခဲ့ဟု သိရ သည်။ထို့နောက် အယ်လ်လီဘီ ကို လစ်ဗျားမြို့ ထရီပိုလီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အယ်လ် ရှာဘတ်လက်နက်ကိုင်တပ်ဖွဲ့ သည် Westgate ဈေးဝယ်စင်တာ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည် ဟု ဖော်ပြခဲ့သည်။

YMG
 
Ref ; http://www.oppositeyes.info/2013/10/blog-post_1887.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...