ကျွန်တော် ငယ်ငယ်လေးတုန်းက သရဲဆိုတာကို နှစ်ခါမြင်ဘူးတယ်ဗျ။ ပထမတစ်ခေါက်တုန်းက အသက်က ၄ နှစ်ခွဲလောက်ပဲ ရှိဦးမယ် ကျောင်းမနေရသေးတဲ့အချိန် အသက်ငယ်သေးတယ်။ သရဲတွေ ဘာတွေမှန်း သိပ်ပြီးတော့ နားမလည်၊ မသိသေးတဲ့အချိန်ပေါ့ဗျာ။
ကျွန်တော်တို့ လိုင်းထဲက အပျိုအရွယ်အစ်မတစ်ယောက် အမျိုးသမီးရောဂါနဲ့ သေဖူးတယ်။ အဲ့ဒီအစ်မက ကျွန်တော်တို့ တစ်အိမ်ကျော်မှာ နေတဲ့ အန်တီမြင့်ရဲ့ တူမ။ သူ့ကို သူ့အဒေါ်က ရိုက်တိုင်း အိမ်ကိုပြေးပြေးလာပြီး ငိုနေကြမို့ အိမ်နဲ့လည်း ရင်းနှီးနေတာ။ အဲ့ဒီအစ်မ သေတုန်းက သေသေချင်းကတော့ ဘာမှ ထူးခြားမှု မပြဘူး။ ဒါပေမယ့် ၂ ရက်လောက်ကြတော့ စတာပဲ...
ကျွန်တော်တို့ ရေကန်ထဲကို သွားတိုက်ဆေးတွေ ညှစ်ညှစ်ချသွားတယ်။ အစကတော့ အမေက ကျွန်တော့ကိုပဲ ထင်တာပေါ့ ။ ကလေးက ကျွန်တော်တစ်ယောက်ပဲ ရှိတာကိုး။ ဒါပေမယ့် မိသားစုလိုက် အပြင်သွားပီး ပြန်လာရင်ကို အဲ့လိုမျိုးတွေ ဖြစ်နေတာ။ ပြီးတော့ သူမသေခင်က လှယ်နေကျ ၀က်စာအိုးကို အိမ်ကလူတွေ မသိခင် လှယ်ထားတာမျိုးတွေ။ သူလာလာထိုင်နေကြ လှေကားမှာ တခါတလေ ငိုသံကြားရတာတွေ ဖြစ်ဖြစ်လာတော့ တစ်လိုင်းလုံးက လန့်လာတာ။ ရက်တောင် မလည်သေးဘူး ခြောက်တယ်ပေါ့............ ။
ကျွန်တော်ကတော့ ကလေးဆိုတော့ သေတယ်ဆိုတာတောင် ဘာမှန်းသိပ်မသိသေးတော့ မကြောက်ဘူး။ ကျွန်တော်သူ့ကို မြင်ဘူးတယ်ဆိုတာက ကျွန်တော်တို့ လိုင်းရှေ့မှာ သဲဖုတ်တောကြီးရှိတယ်။ အဲ့မှာ ညနေညနေဆို လိုင်းပေါင်းစုံက ကလေးတွေ လာဆော့ကြတယ်။ တစ်ညနေကြီး ကျွန်တော်လည်း ဆော့မလို့ အဲ့ဒီဖုတ်တောကို သွားတာ ကလေးတွေ ကြားထဲမှာဗျာ အဲ့သေသွားတဲ့ အစ်မ လမ်းလျှောက်သွားနေတာ သူဝတ်နေကြ အကျီင်္အနီလေးနဲ့... မျက်နှာလေးက ငယ်လို့........ ။
အဲ့ဒါနဲ့ ကျွန်တော်က အမေ့ကို ခေါ်ပြောတာ.........
"အမေ အဲ့အစ်မကြီး သေသွားပြီလဲ ပြောသေးတယ် ... ဟိုမှာ ဆော့နေတာရယ်"
ဆိုတော့............ ဘယ်ပြောကောင်းမလဲ ....... မိဘတွေ အကုန်လုံး ကိုယ့်သားသမီး ကိုယ် အပြေးအလွား လာခေါ်ကြရော။ ရိုက်ပြီး ပြန်ခေါ်တဲ့လူခေါ်နဲ့ ဆူညံပွတ်သွားတာပဲ..............
အဲ့ဒီအစ်မကြီးလည်း နာမည်အခုထိကြီးတုန်း ကျွန်တော်တို့ အရွယ်တွေ အကုန်လုံး သူ့ကို မှတ်မိသေးတယ် (လူကိုပြောတာမဟုတ်ဘူး နာမည်ကို ပြောတာ........ )အခုကြီးလာမှ သိတယ် အဲ့ဒါ သရဲအခြောက်ခံရတာဆိုတာ ....း)
ခလေးဘဝက ပရလောက အတွေ့အကြုံကို ပြန်ပြောပြတဲ့ ကိုLu Maung ကို အထူးအထူး Thank you ပါခင်ဗျ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။