သူ့ခေတ်၊ သူ့အခါတုန်းကများဆိုရင် ဟိုင်းကြီးကျွန်း၊ ကညင်ချောင်းရွာမှာ ဘိုးလေတီ ဆိုရင် မသိတဲ့သူက ခပ်ရှားရှား။
အသက်ခြောက်ဆယ်ကျော်လာပေမယ့် တောင်သူအလုပ်ကို လူငယ်တယောက်လို သန်သန်မာမာ၊ ဖျတ်ဖျတ်လတ်လတ်နဲ့ လုပ်နိုင်ကိုင်နိုင်တုန်း။ ဒီအရပ်၊ ဒီဒေသမှာကလည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆို
ဒီညနေလည်းကြည့်လေ။ သူများတွေအကုန်လုံး ယာခင်းသိမ်းပြီး အိမ်ပြန်ဖို့ပြင်နေချိန်မှာ သူတယောက်တည်း ပေါင်းမြက်တွေနှုတ်၊ အသီးအပွင့်တွေခူးထားတဲ့ တောင်းတွေသိမ်းနဲ့ အလုပ်ရှုပ်နေလိုက်တာ တော်တော်နဲ့ ပြန်မယ့်ပုံမပေါ်တော့ တရွာတည်းသား ထွန်းအောင်က အနားလာပြီးတော့ " အဘ မပြန်သေးဘူးလား။ ခြောက်နာရီတောင်တီးနေပြီ။ မှောင်ရင် မကောင်းဘူးနော ။ ကျွန်တော်တို့ ပြန်တုန်းတခါတည်း လိုက်ပြန်ပါ့လား။ တော်နေကြာ အဖော်မရှိရင် ခက်မယ် " လို့ လာပြောယူရတယ်။ ထွန်းအောင်ပြောစကား အမှားတခုမှ မပါဘူး။ ဒီခေတ်၊ ဒီကာလလို လမ်းမီးဓါတ်တိုင်တွေလည်း သူတို့အရပ်မှာ မရှိသလို ပြန်ရမယ့်လမ်းကလည်း တောင်ပေါ်လမ်း။
မှောင်ပြီဆိုတာနဲ့ လူသွားလူလာပြတ်တာရဲ့ ဟိုဘက်ကိုလွန်လို့ လမ်းသွားလမ်းလာကို မရှိတော့တာ။ ရွာဝင်လမ်းဆိုတာလည်း ထိုနည်းတူပဲ။ မီးအိမ်ကိုင်ပြီး အိမ်ပြန်ရတဲ့ခေတ်ကာလမှာ အသက်ကြီးတဲ့ ဘိုးလေးတီအတွက် ထွန်းအောင်စိတ်မချတာ ဆန်းသလား။ ထွန်းအောင်ပြောတာ မဆန်းလှသလို ဘိုးလေးတီကလည်း ထွန်းအောင်စကားကို အထူးအဆန်းလုပ်မနေပဲ စကားတောင် ပြန်မပြောအားဘူး။ သူ့တယောက်တည်း အလုပ်ကိုအေးအေးလူလူဆက်လုပ်နေတာမ
ဘိုးလေးတီတယောက်တည်း အလုပ်ကို အရှိန်ကောင်းကောင်းနဲ့ ဆက်လုပ်နေတာ တဖြည်းဖြည်းနဲ့ ညက မှောင်သထက်မှောင်လာပြီ။ တောင်ပေါ်မှာ လူဆိုလို့ ဘိုးလေးတီတယောက်တည်း ကျန်နေရစ်တာ။ မီးအိမ်ကလည်း မပါလာဘူး။ ညက မှောင်သထက်မှောင်လာလေလေ၊ ပတ်ဝန်းကျင်တခုလုံးက ပိုပြီး တိတ်ဆိတ်လာလေလေ။ တချက်တချက် တိုက်လာတဲ့ လေတိုက်သံကြားမှာ ကိုယ့်နာမည်ကိုပဲ ခေါ်လိုက်သလိုလို။ စမ်းချောင်းထဲက ရေကျသံတွေကပဲ ရယ်သံတွေလိုလိုဖြစ်လာတယ်။ အချိန်လည်း အတော်တောင်လင့်နေပြီဆိုတော့ ဘိုးလေးတီ ကောင်းကင်ကို တချက်မော့ကြည့်လိုက်ပြီးတော့ သူအမြဲဆောင်နေကျ ပေါင်းခုတ်ဓါးကိုယူပြီး တောင်ပေါ်ကနေ ပြန်ဆင်းလာတယ်။ ခြေလှမ်းသုံးလှမ်းလောက် လှမ်းအပြီးမှ စိတ်ထဲမှာ တခုကို သွားသတိရလိုက်တယ်။ အမဲသားထုပ်။ ဟုတ်ပ။
မေ့နေလိုက်တာ။ ညနေကမှ အသိတယောက်လာပေးသွားတဲ့ အမဲသားထုပ်လေး တောင်းထဲထည့်ထားတာ။ ဒါလေးပါသွားမှ အိမ်ရောက်ရင် အရက်နဲ့မြည်းဖို့ ရမှာ။ ကျန်ခဲ့လို ဘယ်ဖြစ်မလဲ။ ဒီတော့လည်း နောက်ကြောင်းပြန်လှည့်ပြီး အမဲသားထုပ်လေး ပြန်ယူရတော့ပေါ့လေ။ အချိန်အတော်ဖင့်သွားပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ ။ ကိုယ့်သောကနဲ့ ကိုယ် ခံရပေမပေါ့။
ပတ်ဝန်းကျင်တခုလုံး အမှောင်ထုကြီးစိုးမှုကြောင့် လမ်းကိုတောင်မှ သိပ်မမြင်ရတော့လို့ တဖြည်းဖြည်းစမ်းလျှောက်လာလိုက်တ
ဘိုးလေးတီခုတ်တာ ထိလေလား မထိလေလားတော့ မသိရပေမယ့် သူ့ရှေ့က အကောင်ကြီးကတော့ နောက်ကိုဆုတ်သွားတယ်။ အဲ့ဒီအချိန်မှာ " ကျောခိုင်းလှည့်ထွက် မသွားပါနဲ့ အလွမ်းဒဏ် မခံနိုင်ဘူး " ဆိုတဲ့ သီချင်းကိုဘိုးလေးတီကို သွားဆိုပြမိရင် ပါးပိတ်ရိုက်ခံရမှာ ကျိန်းသေပေါက်ပဲ။ သူ့ခမျာ နီနီကောင်ကြီးကို ကျောပေးပြီး ပြန်လှည့်ထွက်ဖို့မရဲလို့ အမဲသားထုပ်ကို လက်တဖက်ကကိုင်၊ တခြားလက်တဖက်က ဓါးကို အဆက်မပြတ်ဝှေ့ရမ်းရင်းနဲ့ တဖြည်းဖြည်းချင်း ရွာဖက်ကို နောက်ဆုတ်နောက်ဆုတ်လာရတယ်။ လက်ထဲက အမဲသားထုပ်လေးကိုလည်း သံယောဇဉ်မဖြတ်ရက်ဘူးလေ။ ဒါလေးပါသွားမှ အရက်သောက်ရင် အမြည်းကောင်းကောင်းရှိမှာဆိုတော
ကိုင်းခုတ်ဓါးနဲ့ ခုတ်လိုက်၊ နောက်ပြန်လျှောက်လိုက်နဲ့ တဖြည်းဖြည်း လယ်ကွင်းတခုနားကို ရောက်လာတယ်။ နောက်ပြန်လျှောက်နေရတော့ ကသင်းဘောင်ပေါ်လျှောက်နေရင်းနဲ့ လမ်းချော်ပြီး လယ်ကွင်းထဲရောက်သွားရော။ ဒီတော့မှ ဘေးဘီကို သေချာကြည့်လိုက်မိတယ်။လယ်ကွင်းမ
ဘိုးလေးတီနဲ့ နီနီအကောင်ကြီးတို့ရဲ့ သိုင်းလောကအမဲသားလုပွဲ စိန်ခေါ်ပွဲကြီး ဆက်လက်ကျင်းပနေတုန်းမှာ ပြောင်းခင်းစောင့်ဖို့ ဆောက်ထားတဲ့ တဲနားလောက်ကနေ " ၀ုန်း...... ဗုန်း " ဆိုတဲ့ အသံကြီးနဲ့ အတူ ဖြူဖြူတန်းကြီးတိခု ထွက်လာတယ်။ နောက်ပြန်ကြီးဖြစ်နေတော့ လှည့်ကြည့်မရလို့ ပြောင်းခင်းစောင့်တဲနားလောက်က ဖြစ်မယ်လို့ပဲ စိတ်ထဲက ခန့်မှန်းကြည့်လိုက်ရတာ။ အဲ့ဒီဖြူဖြူတန်းကြီးက ဘိုးလေးတီကို တကောက်ကောက်လိုက်ပြီး အမဲသားထုပ်လိုက်လုနေတဲ့ နီနီကောင်ကြီးကို အရှိန်နဲ့ ပြေးဆောင့်လိုက်သလို ၀င်ဆောင့်ပစ်လိုက်ပါလေရော။ မြန်လိုက်တဲ့အရှိန်ဆိုတာများ တကယ့်ကို ခဏလေးမှ ခဏလေးပဲ။ နီနီကောင်ကြီးလည်း လွင့်ထွက်သွားတာကို မြင်လိုက်ရရော ဘိုးလေးတီလည်း လက်တဖက်မှာ အမဲသား၊ လက်တဖက်မှာ ကိုင်းခုတ်ဓါးကိုင်ပြီး ကြောင်တောင်တောင်နဲ့ ငူငူကြီးရပ်ကြည့်နေမိတယ်။ အောင်မယ် အဲ့ဒီနီနီကြီးကလည်း မခေဘူးရော။ ပြန်ပြေးထလာပြီးတော့ ဖြူဖြူကြီးကို ပြန်ဆော်တယ်။ မှောင်ကလည်း မှောင်နေတော့ သဲသဲကွဲကွဲတော့ မမြင်ရပေမယ့် အရောင်တွေလောက်ကိုတော့ ဘိုးလေးတီမျက်လုံးထဲ ၀ါးတားတားမြင်နေရတော့ ဒီနှစ်ခု အပြန်အလှန်ဖိုက်တင်ချနေတာကိုတော
သူကြုံခဲ့တာတွေကို ရွာထဲကလူတွေကို နောက်နေ့ ပြန်ပြောတော့ ရယ်တဲ့သူကလည်း ရယ်၊ မယုံတဲ့သူတွေကလည်း ဘိုးလေးတီ အသက်ကြီးလို့ အမြင်မှားတာ ဖြစ်မယ်လို့ မှတ်ချက်ပေးသူလည်း ပေးနဲ့။ ပြောင်းခင်းပိုင်ရှင် မပုတိုကိုတော့ အတော်ကြီးကို တောင်းပန်လိုက်ရတယ်။ ဘိုးလေးတီခုတ်ချက်က မပုတိုပြောင်းခင်း သုံးပုံပုံရင် တပုံလောက်အထိ ကုန်သွားတာကိုး။ အဲ့ဒီအချိန်ကစလို့ ဘိုးလေးတီလည်း နောက်ကျတဲ့အထိ အလုပ်လုပ်ရင်း မကျန်နေခဲ့တော့ဘူး။ ညနေ လေးနာရီထိုးတာနဲ့ သူအရင်ဆုံး တောင်ပေါ်က ဆင်းပြီး အိမ်ပြန်တတ်တဲ့ ဘိုးလေးတီကိုကြည့်ပြီးတော့ တချို့သော ရွာသားတွေက ဘိုးလေးတီကို အဖြူရောင်အကောင်ကြီး မကယ်ရင် မတွေးဝံ့စရာပဲ ဘာဘာညာညာ ဝေဖန်ချက်တွေ ပေးကြပေမယ့် ဘိုးလေးတီတယောက်ကတော့ဖြင့် နပမ်းပွဲခေါ်ရလေမလား၊ ဘောက်ဆင်လို့ အမည်တပ်ရမလား၊ အရိပ်နှစ်ခုရဲ့ သိုင်းပြိုင်ပွဲလို့ပဲ ကင်ပွန်းတပ်ရမလားမသိတဲ့ အမှောင်ထုအောက်က ဖိုက်တင်ပွဲကို နောက်တခေါက်တော့ ကြည့်ချင်တော့မှာ မဟုတ်ဘူးဆိုတာတော့ အသေအချာပါပဲလေ။
ကိုယ့်အဖေရဲ့ အဖိုးလေးအကြောင်းဆိုတော့ မျက်နှာနာစရာလည်း မရှိ၊ ကာယကံရှင် ဘိုးလေးတီလည်း ဘ၀တပါးကို ပြောင်းရွှေ့သွားတာ အချိန်တွေတောင် ကြာခဲ့ပြီဆိုတော့လည်း ပေတလောကမှာ ဇာတ်လမ်းသစ်လေးတပုဒ်ရသွားအောင်လ
Credit to-Ywar Taw Shi
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။