လွန်ခဲ့တဲ
့နှစ်လလောက်က သေသွားတဲ့ လူအကြောင်းပြောပြမယ်…သူက ရန်ကုန်မြို့ အရင်တုန်းက
ပိတ်ထားတဲ့ လမ်းနားမှာ နေတယ်…သူ့ အိမ်ရှေ့ ကို မျက်နှာချင်းဆိုင်
ဆောက်လုပ်ရေးက အမှိုက်တွေ လာထားလို့ အဲဒီအမှိုက်တွေကို ဒေါသနဲ
့အဲဒီတိုက်ရှေ့ ပြန်ပို့ ရင်း ဦးနှောက်သွေးကြော ပြတ်ပြီး သေသွားခဲ
့တာပါ…ရုတ်တရက် သေသွားတော့ သေလို့ သေမှန်းတောင် မသိဘူးနဲ့ တူပါတယ်…သူ
့နောက်မိန်းမ က ပြောပြပါတယ်… သူ့ နောက်မိန်းမက မနက်ကနေ ညနေအလုပ်သိမ်းချိန်အထိ
အလုပ်သမားတွေကို ထမင်းရောင်းတော့ ညမှ ရန်ကင်းစင်တာနားက ဈေးတန်းလေးကို
ဈေးသွားဝယ်ရပါတယ်... သူဆုံးပြီးနောက် အသားစိမ်းတွေကိုေ၇ခဲသေတ္တာထဲ
ထည့်ထားရင် ညမိုးချုပ်ရေခဲသေတ္တာတံခါး ဖွင့်သံကြားရပြီး အသားတွေ
ပျောက်ပျောက်နေတယ်တဲ့ …ရက်မလည်ခင်ကဆို ပိုဆိုးတယ်တဲ့ … ဒေါသနဲ
့ဆုံးသွားတော့ နေ့ လည်ဘက်တွေတောင် ခြောက်တာတဲ့ အိမ်မှာ လူမစုံရင်
မနေရဲဘူးတဲ့ … ထမင်းက လမ်းဘေးမှာရောင်းတာပါ…သူ့ သားလေး ကျောင်းပို့ ရတဲ
့အချိန်ဆို အပုပ်နံ့ ရတယ်တဲ့ … ကျောင်းရောက်တဲ့ အထိပဲတဲ့ … အပြန်တော့
မရဘူး… ညနေ ကျောင်းကြိုရင်လဲ ပြန်ရပြန်တယ်တဲ့ … ညဘက်ဆို အိမ်ကလူတွေက
ကြောက်လို့ တအိမ်လုံး မီးဖွင့်ထားရင် လူမနေတဲ့ အခန်းတွေကို လိုက်ပိတ်တာတဲ
့… သူ တို့ လင်မယားနေတဲ့ အခန်းထဲမှာဆို သူ သုံးတဲ့ ပေါင်ဒါနံ့ ရတယ်တဲ့ … သူ
့မိန်းမ အဲဒီအခန်းထဲ ၀င်တုန်းက အေးကနဲ ဖြစ်သွားတာတဲ့ … သူ့ ကို
လက်အေးကြီးနဲ့ လှမ်းရိုက်လိုက်သလိုပဲတဲ့ … အဲဒီနောက်ပိုင်း သူ့ မိန်းမက
အဲဒီအခန်းထဲ လုံးဝ မ၀င်ရဲတော့ဘူးတဲ့ …တိုက်သစ်မှာ စောင့်တဲ့ အစောင့်
အဘိုးကြီးကိုက လူပုံလိုက်ကို ပြတာတဲ့ … သူက ညဘက်စောင့်ရတော့ ညဘက်တွေဆို
အဲဒီအမှိုက်ထုပ်တွေကို ရွှေ့ ရွှေ့ နေတာတဲ့ … သူတို့ တိုက်သစ်ရှေ့ မှာ
လာလာပုံတယ်တဲ့ …နေ့ လည်ဘက် သူအိပ်ရင်လဲ လာလာနှိုးတယ်တဲ့ …
အစောင့်အဘိုးကြီးကပြောတာက အဲဒီလူသေမယ့်နေ့ က အမှိုက်တွေ ဖယ်ခိုင်းတာကို
မဖယ်ပေးမိလို့ တမင်လုပ်နေတာ ထင်တယ်လို့ ပြောတယ်… အစောင့် အဖိုးကြီးကို
မကြောက်ဘူးလား မေးတော့ မကြောက်ဘူးတဲ့ … ကြောက်နေလို့ လဲ ထမင်းဝမှာ
မဟုတ်ဘူးလို့ ပြောတယ်…သူက အမျိုးတွေနဲ့ လဲ ပြသနာဖြစ်လို
့တရားရင်ဆိုင်နေရတုန်း သေသွားတာ… အစက သူ့ မိန်းမက အိမ်ပေါ်ကနေ
မဆင်းပေးဘူးဆိုပြီး အခုတော့ သရဲခြောက်လွန်းလို့ မနေချင်တော့ဘူးဆိုပြီး သူ
့အမျိုးတွေ ပေးတဲ့ နစ်နာကြေးနဲ့ ပဲ ကျေနပ်လိုက်တယ်… အဲဒီ အိမ်က ဘယ်သူ့ မှ
နေလို့ မရဘူးဆိုပြီးတော့… အခုတော့ အစောင့်တစ်ယောက်ပဲ ရှိတယ်… အစောင့်က
လူသစ်ဆိုတော့ သရဲခြောက်မခြောက် မသိရတော့ဘူး…တိုက်သစ်က
အစောင့်အဖိုးကြီးကတော့ ညဆို သူက ဦးအောင် အမှိုက်အရင်
ရှင်းထားလိုက်တယ်ပြောတယ်…အခုလအတွင်း
အဲဒီအိမ်နဲ့ မျက်စောင်းထိုးအိမ်က ဦးလေးကြီးပဲ
ရုတ်တရက်ဆုံးသွားတယ်…နဂိုထဲမှ လမ်းထဲမှာ သရဲတွေ
များပါတယ်ဆိုမှပဲ…(အဆင်ပြေသလို ဇာတ်လမ်းဖွဲ့ ပြီး ရေးပေးလည်း ရပါတယ်… ဒီနေ့ 
အဲဒီသရဲကို သူ့ အိမ် ပြတင်းပေါက်ကနေ ရိပ်ကနဲတွေ့ လိုက်လို့  ရေးဖို
့သတိယလိုက်တာပါ…ခေါင်းကိုက်နေလို
့ဇာတ်လမ်း မဆင်နိုင်တော့တာပါ )သက်ထား ဒီအကြောင်းအရာကို ဒီဇင်ဘာ ၇ ရက်နေ
့ကထဲက ရေးပြီး တင်ပါသေးတယ်…။ ၄ခါ ၅ ခါလောက်တင်တာ မရလို့ ပါ…။ သက်ထား
ထမင်းစားတဲ့ ပုံစံ က ထမင်းဟင်းတွေကို ပုံပြီး ရုပ်ရှင်ကြည့်စားတာပါ…။
သက်ထား ထမင်းပုံပြီး ပုစွန်ဆီစမ်းပြီး သက်ထားခွဲတမ်း ပုစွန်၂ ကောင်ကို
ပန်းကန်ထဲထည့်လိုက်ပါတယ်…။ ပြီးတော့ ဆားဖြူးပြီး ထမင်းနယ်လိုက်တော့ သက်ထား
ပန်းကန်ထဲက ပုစွန်တစ်ကောင်ပျောက်သွားပါတယ်… ။
ချက်ချင်းပျောက်လို့ ဒေါသထွက်ထွက်နဲ့ မီးဖိုချောင်တစ်ခုလုံးကို သက်ထားနဲ
့သက်ထား ဦးလေး လိုက်ရှာပါတယ်…။ လုံးဝကို မတွေ့ တာပါ…။ ပန်းကန်ယူပြီး
ရုပ်ရှင်ကြည့်ရင်း စားလိုက်ပါတယ်…။ ဒါပေမယ့် လုံးဝမကျေနပ်ပါဘူး…။
ဘုရားရှစ်ခိုး ဆုတောင်းပြီး ပြန်ရှာတော့ ထမင်းအိုးအဖုံးပေါ်မှာ ပြန်တွေ
့ပါတယ်…။ ထမင်းထည့်ပြီးကတည်းက ထမင်းအိုးနား မကပ်တော့တာပါ…။ခုန
လိုက်ရှာတုန်းကလဲ လုံးဝကို မတွေ့ တာပါ…။ သက်ထားဦးလေးလဲ လိုက်ရှာပေးတာပါ…။
ပြန်တွေ့ တဲ့ ပုစွန်ကို မေမေက မစားနဲ့ တော့ ၊ လမ်းမပေါ်သွားပစ်လိုက်လို
့ဆိုပေမယ့် သက်ထားက လုံးဝ လက်မခံနိုင်လို့ သေချာကို စားပစ်လိုက်ပါတယ်…။
အကောင်အကြီးကြီးမို့ နှမြောတာလဲ ပါတာပေါ့နော့…။အဲဒီနေ့ ကစပြီး အသည်းအသန်
ပြန်ဖျားတော့တာပါပဲ…။ သက်ထား ပြန်သက်သာလာတော့ သူ့ အတွက် ရည်ရွယ်ပြီး
သင်္ကန်းသွားလှူလိုက်ပါတယ်…။ နောက်မကျီစားအောင်လို့ ပါ….။ မေမေက နောက် သရဲ
အကြောင်းတွေ မရေးနဲ့ တော့တဲ့ …။ဒါပေမယ့် မနေနိုင်ပါဘူး… ။
ဆက်ရေးဦးမှာပါပဲ…။
Credit To-သရဲခြောက်တဲ့နေရာ
Credit To-သရဲခြောက်တဲ့နေရာ
အွန် - ကြောက်ချာရီး ရယ် -
ReplyDelete