Ads (728x90)

Photo: ကားအစီးရေ ၉.၇ သန်း ရောင်းချရမည်ဟု Toyota ခန့်မှန်း
Friday, 28 December 2012

ယခုနှစ်အတွင်း Toyota မော်တော်ကားများ ရောင်းချရမှုမှာ ကမ္ဘာတစ်ဝန်းတွင် အစီးရေ ၉.၇ သန်ရှိမည်ဟု ခန့်မှန်းကြောင်း 
Toyota ကုမ္ပဏီက ယနေ့ ပြောကြားသည်။ အဆိုပါ ပမာဏမှာ ၂၀၁၁ ခုနှစ်က ရောင်းအားထက် ၂၂ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် ငလျင်နှင့်ဆူနာမီ သဘာဝဘေးဒဏ်ကြောင့် ဂျပန်မော်တော်ကား
ထုတ်လုပ်ရေးလုပ်ငန်းများ ထိခိုက်ခဲ့ရပြီးနောက် ယခုနှစ်အတွင်း Toyota ကားဈေးကွက် ပြန်လည် ဦးမော့လာခြင်းလည်း ဖြစ်သည်။

ယခုနှစ်ရောင်းအားကြောင့် အခြား မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းများ
ဖြစ်သည့် GM နှင့် Volkswagen တို့ကို ကျော်ဖြတ်ကာ Toyota မှာ ကမ္ဘာ့အကြီးဆုံး မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီအဖြစ်သို့
ပြန်လည် ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်း AFP သတင်းက ဖော်ပြသည်။ 

Planet Myanmar Network

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...