Ads (728x90)

Photo: ပွေ့ဖက်ခြင်းက ယုံကြည်မှုတိုးစေ
Friday, 28 December 2012

ပွေ့ဖက်ခြင်းက တစ်ဦးကို တစ်ဦး ယုံကြည်မှုကို တိုးစေတဲ့ နည်းလမ်း တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ချစ်သူ၊ ဇနီးမောင်နှံများတင်မကပဲ မိတ်ဆွေများ အချင်းချင်း
ပွေ့ဖက် နှုတ်ဆက်ခြင်းက တစ်ဦးကို တစ်ဦး ယုံကြည်မှု တိုးစေတယ်လို့ ဆိုပါတယ်။ အမေရိကန် ဆေးပညာရှင်တို့မှ စုံတွဲ ပေါင်းမြောက်များစွာကို လက်တွေ့ စမ်းသပ်လေ့လာခဲ့ပါတယ်။ 

စက္ကန့် ၂၀ ဝန်းကျင်ကြာ ပွေ့ဖက်ခိုင်းပြီး ၎င်းတို့ရဲ့  သွေးကို စစ်ဆေးတဲ့အခါ Oxytocin ဆိုတဲ့ ဓာတ်တစ်မျိုး ထုတ်လုပ်မှု မြင့်တက် စေပါတယ်။ ယင်း ဓာတ်ဟာ တစ်ဦးကို တစ်ဦး ပိုမိုယုံကြည်စေပြီး သံသယတွေပျောက်ကင်း
စေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပွေ့ဖက်တဲ့ ယဉ်ကျေးမှုဟာ ယနေ့တိုင် လူမှုဆက်ဆံရေး နယ်ပယ် မှာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုအနေနဲ့ တည်ရှိနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
--
Ref:bbc.co.uk
ရိုးရာလေး သတင်း
YoYarLay

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...