Ads (728x90)

အရင် ကျွန်တော့် ဆိုဒ်ကလေးမှာတင်ခဲ့ တဲ့ အတိုင်းပြန်တင်ပေးလိုက်ပါတယ်ဗျာ အားလုံးပဲသိရအောင်လို့ ပါ :)


ကျွန်တော်ရွာသူကြီး
ရွာထဲက သူငယ်ချင်းများကိုအဆင်ပြေစေချင်တာလေးရှိပါတယ် အဲဒါကတော
့ဝေမျှမေးလ်တွေကြောင့် 


စိတ်ညစ်နေကြသူများအတွက်ပါ ကိုချစ်စမ်းမောင်ရေးထားတာကို ကျွန်တော်ကအတတ်နိုင်နိုင်ဆုံးဖြည့် ဆည်းပီးတော့ 

နဲနဲထပ်ကွန့် မှာပါ ရွာသူရွာသားတွေအဆင်ပြေနိုင်အောင်လို့ ပေါ့  လိုအပ်ချက်လေးတွေရှိရင်လဲ

အတတ်နိုင်ဆုံးသည်းခံပေးကြပါဗျာ ကျွန်တော် ကမတောက်တခေါက်လေးပဲတတ်တာမို့ လို့ ပါ ကဲစပီဗျာ ကိုချစ်စမ်းမောင်စာနဲ့ 

ကျွန်တော့ စာကိုရောထည့် ပါတော့ မယ် :D

အလွယ်ကူဆုံးအရှင်းလင်းဆုံးဖြစ်အောင်တော့ ကြိုးစားပေးပါ့ မယ် :)

တောရွာကလေးနဲ့ အခြားသောဆိုဒ်များကနေ ဝေမျှတဲ့ မေးလ်တွေကြောင့် စိတ်ညစ်နေရတဲ့ 

သူငယ်ချင်းတွေအတွက် ဒီစာလေးကိုရေးလိုက်ရတာပါ အားလုံးလိုက်လုပ်ကြည့် 

ပြီးအဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ပုံနဲ့ တကွမပြနိုင်လို့ 

စိတ်တောမကောင်းပါဘူးဒါပေမဲ့ သူငယ်ချင်းတို့ အတွက်နဲနဲတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်

Old Gmail ( အရင်ဂျီးမေးလ်ပုံစံအဟောင်းနဲ့  Label ခွဲသိမ်းနည်း )
ပထမဦးဆုံးအနေနဲgmail ထဲကိုဝင်လိုက်ပါ တောရွာကလေးက၀င်လာတဲမေးကို ဖွင်
့ဖတ်လိုက်ပါ


အဲဒီမှာ ညာဘက်ထောင့် နားမှာ Replay

ဆိုတာရဲဘေးနားမှာမျှားလေးအောက်ဆိုက်နေတာကိုတွေ့ ကြမှာပါ (

တောရွာကလေးကရယ်မဟုတ်ပါဘူး ဘယ်မေးလ်ကိုမဆိုလုပ်လို့ ရပါတယ်
)

အဲဒီအောက်ကိုဆိုက်နေတဲ့ 

မျှားလေးကို ကလစ်ပြီးကြည့် လိုက်ပါ Filter messages like this ဆိုတာလေးကိုတွေ
့မှာပါ



အဲဒီစာကြောင်းလေးကိုရွေးပြီးကလစ်လိုက်ပါ နောက်စာမျက်နှာတခုတက်လာပါလိမ့် မယ်
အဲဒီထဲကနေ Next Step>> ဆိုတာလေးကိုရွေးပြီးကလစ်လိုက်ပါ

အဲဒီထဲကနေမှနောက်ပေါ်လာတဲ့ 

အထဲကသုံးခုကိုရွေးပီးအမှန် ခြစ်( ကလစ် ) ပေးရမှာပါ အဲဒီသုံးခုကတော့ 

၁ =
Skip the Inbox (Archive it)

၂ = Mark as read

၃ = Apply the label ဒီသုံးခုကို အသေအခြာရှာပီး အမှန်ခြစ် ( ကလစ်ပေးပါ )

နောက်တခုကျန်တာက ၃ = Apply the lable ဘေးကအကွက်လေးထဲက Choose label... ဆိုတာလေးကိုတွေ့ မှာပါ

အဲဒီမှာကလစ်ရပါတယ် ဒါမှမဟုတ်ဘေးမှာ အောက်ဆိုဒ်နေတဲ့ မျှားလေးရှိပါတယ် အဲဒီကိုကလစ်လဲရပါတယ်

အဲဒီထဲကနေ New label... ဆိုတာကို ရွေးပီးကလစ်ပေးလိုက်ပါ


Please enter a new label name: ဆိုတာလေးနဲ့ ဘောက်လေးကျလာပါလိမ့် မယ် စာရိုက်လိုက်ပေါ့ 

တောရွာကလေးကမေးလ်ဆို၇င် တောရွာကလေးရေးပီးတော့  OK ပေးလိုက်ဗျာ

ပီးရင်အောက်နားလေး ညဘက်ဘေးနားလေးမှာနော် Create a Filter ဆိုတာလေးကိုတွေ့ မယ် အဲဒီဘေးမှာ
Also apply filter to 1400 conversations below. ကြားမှာ အကွက်လေးလွတ်နေတာရှိမယ်
ကလစ်လိုက်ဗျာ

( အမှန်ခြစ်ပေးခိုင်းတာနော် ) ပီးတာနဲ့ 
Create a Filter ကိုသာကလစ်လိုက်တော့ 

အဲဒါဆိုရင် လုပ်ဆောင်မှုပြီးသွားပါပြီ mail box
ကို နှိပ်ကြည့် လိုက်ပါ အဲဒီမှာကိုယ် မှတ်သားထားတဲ့ 

အမှတ်သားလေးနဲ့ 

စာကြောင်း လေးရောက်သွားပါမယ် အဲဒါဆိုရင်မေးလ်ထဲမှာ တောရွာကလေးကပေးပို့ တဲ့ မေးလ်တွေ

လုံးဝရှင်းသွားပါလိမ့် မယ် ပီးရင် အဲဒီစာဘေးနားမှာ ကိုယ်ကြိုက်တဲ့ အရောင်နဲ့ လဲမှတ်လို့ ရပါတယ် :)

ပြန်ကြည့် ချင်တယ်ဆိုရင် Compose Mail inbox ဆိုတာတွေ ရဲ့ အောက်မှာ

ကိုယ်မှတ်သားထားတဲအမှတ်အသားလေးကို ( တောရွာကလေးမှတ်ထားရင် တောရွာကလေး
)

ကလစ်လိုက် ပါ ကိုယ်ခွဲ ထားတဲ့  တောရွာကလေးကမေးလ်တွေ
တနေရာထဲမှာ စုနေတာကိုတွေ့ ရမှာပါ

အဲလိုလုပ်ထားလိုက်ရင်

သူငယ်ချင်းတို့ မေးလ်ဘောက်ထဲမှာ တောရွာကလေး ( အခြားသောဆိုဒ် ) ကမေးလ်တွေ

ရှုပ်နေတောမှာမဟုတ်ပါဘူး သူ

labels.... နဲ့ သူရှင်းထားပြီးသားဖြစ်နေမှာပါ ဆိုဒ်တွေကပေးပိုသလောက်အဲဒီထဲကိုပဲဝင်သွားမှာ
ပါ စမ်းကြည့် 

လိုက်ကြပါသူငယ်ချင်းတို့ ရေ အဆင်ပြေနိုင်ကြပါစေဗျာ





အားလုံးကိုခင်မင်လေးစားလျှက် ........... အောင်ကျော်စိုး ( ရွာသူကြီး )

လုပ်နည်းလေးများကိုပြန်လည် ဖြည့် စွက်ထားပါသည် အောက်မှာကြည့် ပေးကြပါ :)

( မေးလ်ခွဲသိမ်းနည်း )

New Gmail ( ယခုနောက်ပိုင်း ပြောင်းလဲသွားတဲ့  ဂျီးမေးလ်နဲ့  Label ခွဲသိမ်းနည်း )


ဒါကပထမဦးဆုံး စလုပ်ရမှာပါ မေးကိုဖွင့် ဖတ်ပီးတာနဲ့ ဒီလိုလုပ်ကြည့် ပါ
ဒါက အရင်တုန်းက Label ခွဲထားတာတွေပါ ( 1 )
အရင်ဆုံးအ၀င်အများဆုံးမေးလ်ကိုဖွင့် လိုက်ပေါ့ ပီးရင်ပြထားပေးသလိုကလစ်လိုက် ( 2 )

Create a Filter With this Search ကိုထပ်ကလစ်ပါ( 3 )

နောက်တပုံ ( 4 )

နောက်တပုံ ( 5 )

နောက်တပုံ ( 6 )
နောက်တပုံ ( 7 )

နောက်ဆုံးတပုံ ( 8 )

ဒီမှာတင်ပီးဆုံးသွားပါပြီချင်ဗျာ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ :)

အရင်တုန်းကပုံတွေကအရင်ဆိုဒ်တခုမှာ Upload တင်ထားပေမယ့် ဆိုဒ်လဲမရှိတော့ ရော ကုန်ပါလေရောပေါ ခုကတော့ အသစ်ပြန်လုပ်ပေးထားတာပါ New Gmail လေးနဲ့ ပေါ့  Old Gmail ပုံစံနဲ့ ကတော့ အပေါ်မှာစာနဲ့ ပဲလုပ်ပြပေးထားတယ်နော် သေချာကြည့် ပီးတော့ ကလိလိုက်ကြပေါ့  ဟုတ်တယ်လေ ခင်ဗျားတို့  Gmail ကို ပုံစံအသစ်လေးနဲ့ သုံးနေလား  ပုံစံအဟောင်းအတိုင်းပဲသုံးနေလား အနော်မှမသိရတာလေ :D


လေးစားခင်မင်လျှက် ။.

အောင်ကျော်စိုး ( ရွာသူကြီး )

မှတ်ချက်// မသိသေးသူများသိရှိရအောင်ပြန်လည်တင်ပြပေးချင်းဖြစ်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...