Ads (728x90)


............................................................................................
၂ဝ၁၁ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အစီရင်ခံထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ကင်ဆာအဖြစ်ဆုံး ၁ဝ နိုင်ငံ၌ နံပါတ် ၂ နေရာတွင် ပါဝင်နေပြီး ကင်ဆာဖြစ်စေ သည့် အဓိက အကြောင်းအရင်းများသည် နေ့စဉ် စားသောက်၊ သုံးစွဲနေသည့် အစားအသောက်၊ အသုံးဆောင်များကို အလွယ်တကူ သုံးစွဲခြင်းကြောင့် ဖြစ်ကြောင်း မြန် မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန် ဘူတာကြီး၊ နယ်မြေဓမ္မာရုံ၌ ကျင်းပသည့် ဟောပြောပွဲတွင် ပြောခဲ့သည်။

အလွယ်ကြိုက်သည့် မြန်မာများသည် မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ ကော်ဖီတို့ကိုဝယ်ယူလျှင် ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ် များကိုသာ အသုံး ပြုနေကြသည်။ ယင်းပလတ်စတစ်များထဲ၌ ပလတ်စတစ် ဆိုက်ဇာဆိုသည့် ဓာတ်နှင့်စတိုင်ရင်း (Styrene) ဆိုသည့် ဓာတုပစ္စည်းများသည် အပူဓာတ်၊ ဆီပါသည့် အစာများနှင့်တွေ့ကာ အစားအစာများတွင် ဓာတ်ပြုပျော်ဝင်သည်။

ထိုအစားအစာကို စားသုံးပါက ကင်ဆာဖြစ်စေနိုင်သည်။ ဒံပေါက်ဆိုင်၊ စားသောက်ဆိုင်များတွင် အသုံးပြု သည့် ဖော့ဘူးများသည်လည်း ပလတ်စတစ်တွင် ပါရှိသည့် ဓာတ်များပါ၍ အသုံးမပြုသင့်ကြောင်း သိရသည်။ သို့ဖြစ်၍ ဓာတုပစ္စည်းများသည် ကင်ဆာရောဂါများ ဖြစ်စေနိုင်ခြင်းကြောင့် ယခင်ကကဲ့သို့ စက္ကူ၊ အင်ဖက်၊ ဗာဒံရွက်၊ စတီးချိုင့်၊ ဖန်ဘူးများနှင့် အစားအသောက်များကို ပြန်လည်ထုတ်ပိုးသင့်ကြောင်း ဦးဗ အုပ်ခိုင်က ပြောသည်။

လူများနေ့စဉ်စားသုံး၍ အသုံးပြုနေသည့် အချဉ်ရည်၊ ခြင်ဆေးခွေ၊ မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများ၊ အရောင် ချွတ်ထားသော အစား အသောက်များ၊ ရောင်စုံဆိုးဆေး ပါဝင်သည့် အစားအသောက်များ၊ ကော်ဖီမစ်၊ တရုတ်နို့မှုန့် များသည် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သော အစား အသောက်၊ အသုံးအဆောင်များဖြစ်သည်။ ထို့အပြင် စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က “ဓာတုဟော်မုန်းဆေးတွေ သုံးပြီး အဆမတန်ကြီးထွားနေတဲ့ သစ်သီး ဝလံတွေ၊ လူသေကောင် မပုပ်အောင် ပြုလုပ်တဲ့ ဖော်မလင်နဲ့ လုပ်ထားတဲ့ပဲပြား၊ မဲနယ်ဆိုးထားတဲ့ပုစွန်၊ ယူရီးယားဓာတ်မြေ သြဇာပါတဲ့ ငါးပိရေကျိုတို့ကိုလည်း ကင်ဆင်ဖြစ် မှာ ကြောက် လျှင် ရှောင်ရှားသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဈေးကွက် အတွင်း၌ စားအုန်းဆီများကို ပဲဆီအနံ့ထည့်ကာ အတု လုပ်ရောင်းချခြင်း ၈ဝ ရာခိုင်နှုန်း ရှိကြောင်း ဆီလုပ်ငန်းရှင် တစ်ဦးက မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းကို အကြောင်းကြားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းကို ၂ဝ၁၂ ခုနှစ် သြဂုတ် ၂၆ ရက်က စတင်ဖွဲ့စည်း ခဲ့သည်။ နှစ်စဉ် နှစ်တိုင်း မတ် ၁၅ ရက်တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူများ အခွင့်အရေးနေ့ကို ကမ္ဘာပေါ်တွင် ကျင်းပခဲ့ ကြသည်မှာ ၁၉၆ဝ ခုနှစ် ကတည်းက ဖြစ်ပြီး ယခုနှစ် ၂ဝ၁၃ တွင် ကျင်းပမည့် စားသုံးသူ အခွင့်အရေးနေ့ (World consumer Rights Day-WCRD) ၏ ဆောင်ပုဒ်မှာ “Consumer Justice Now” ဖြစ်ပြီး အဆိုပါ နေ့၌ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း အနေဖြင့် ပထမဦးဆုံး အကြိမ် စားသုံးသူ အခွင့်အရေးနေ့ ကျင်းပရန် စီစဉ်မည် ဖြစ်ကြောင်း သိရသည်။yanmar Independent News journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...