Ads (728x90)

Photo: နိုင်ငံတကာ အစား အသောက်နှင့် အစားအသောက် ဆိုင်ရာ 
ပစ္စည်းများ ပြပွဲ ကျင်းပမည်
Friday, 28 December 2012

နိုင်ငံတကာ အစား အသောက်နှင့် အစားအသောက် ဆိုင်ရာ ပစ္စည်းများ ပြပွဲကြီး (International Food and Ma-chinery Expo 2013)ကို ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရ လမ်းရှိ တပ်မတော် ခန်းမ၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပ မည်ဖြစ်သည်။

အဆိုပါ ပြပွဲတွင် Japan Food Manufacturing Machinery Association 
မှ ကုမ္ပဏီပေါင်း ၁၆၅ ခု အပါအဝင် နိုင်ငံ တကာနှင့် ပြည်တွင်းမှ စားသောက်ကုန်များ၊ ဆက်စပ် ပစ္စည်းများ၊ စားသောက်ကုန် ထုတ်လုပ်ရာတွင် လိုအပ်မည့် စက်ပစ္စည်းများ၊ စားသောက်ကုန် ထုပ်ပိုး ရာတွင် လိုအပ် မည့် စက်ပစ္စည်း၊ အစားအသောက် ဆိုင်ရာ ဝန် ဆောင်မှုနှင့် ဆက်စပ်ပစ္စည်း များ၊ မီးဖိုချောင်သုံး ကြွေထည်၊ အိုးခွက်ပန်းကန်၊ စတီး ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်း၊ ချက်ပြုတ်သိုလှောင် ရောင်းချရာတွင် ဆက်စပ် ပစ္စည်းများ၊ အစားအသောက် သယ်ယူ ပို့ဆောင်ရန် ဆက်စပ် ပစ္စည်းများ၊ အစား အသောက်နှင့် ပတ်သက်သော သင်တန်းများ စသည်တို့ကို အမျိုးအစား စုံလင်စွာ ပြသမည့် အပြင် ရုရှား၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်စ သည့် နိုင်ငံများမှ သရုပ်ဆောင် များ၏ ဖျော်ဖြေ တင်ဆက်မှု အစီအစဉ် များလည်း ပါဝင်မည် ဖြစ်သည်။

ပြပွဲကြီးကို စုံစမ်း လိုပါက ဖုန်း-ဝ၉- ၄၃ဝ၉၆၆၆၆၊ ဝ၉-၄၂ဝဝဝ၁၆၁၇၊ ဝ၉- ၄၂ဝ၁၈၆၈၉၇၊ ဝ၉-၄၂ဝဝ၄ဝ၂၅၄နှင့် ဝ၉-၄၂ဝ၃ဝ၅၈၈၂ တို့သို့ ဆက် သွယ် နိုင်ကြောင်း သိရသည်။

မြ၀တီ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...