Ads (728x90)

Photo: မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညှိနှိုင်းသော်လည်း
ပြေလည်မှု မရရှိ
Friday, 28 December 2012

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် မိုးထိမိုးမိတောင်ပေါ်ဒေသ
ရွှေလုပ်သားများ ဒီဇင်ဘာလ(၂၇)ရက်နေ့က ထပ်မံညှိနိုင်းခဲ့သော်လည်း တစုံတရာပြေလည်မှု မရရှိသေးကြောင်း ဇုန်(၈)မှ ရွှေလုပ်သား ကိုနေမင်းက ပြောကြားသည်။

" ကျွန်တော်တို့က နစ်နာကြေး လျှော်ကြေးရဖို့ တောင်းဆိုနေတာ မဟုတ်ပါ ဘူး။ လုပ်ငန်းလုပ်ပိုင်ခွင့် ထပ်မံရရှိဖို့တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ ချုပ်ဆိုထားတာက လာမယ့် ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ
ပြည့်သွားပါပြီ။ ဆက်လက်လုပ်ကိုင်နိုင်ဖို့တောင်းဆိုနေခြင်းဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ဖမ်းစီးထားသော ရွှေလုပ်သားခေါင်းဆောင်များဖြစ်သည့် ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ကိုစောနောင်နှင့်ကိုနေအောင်ထက်တို့လေးဦးအား ချွင်းချက်မရှိ လွှတ်ပေးရန်နှင့် မိုးထိမိုးမိတောင်ပေါ်ဒေသရှိ ရွှေလုပ်သားများကို မည်သည့် ကုမ္ပဏီနှင့်မဆို ဆက်လက်လုပ်ကိုင်ခွင့်ရရှိရန် တောင်းဆို ထားကြောင်း ၎င်းကပြောကြားသည်။

"မနေ့က VOD တွေရဲ့ဆုံးဖြတ်ချက်အရ အင်းဦးစီးတွေကို ၁၀သိန်းကနေ ၁၅သိန်းထိ တိုးပေးဖို့၊ မှီခို ဈေးသည်တွေကို ၅နူန်းနဲ့ပေးဖို့ရှိတယ်၊ ၁၂ဦး ကတော့ ထုတ်သွားပြီ ကျန်တဲ့ လူတွေက ၁ ရက်နေ့မှာ အကြောင်းပြန် မယ်လို့ ပြောပါတယ် " ဟု အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ ဦးထွန်းအောင်စိုးက ပြန်လည်ဖြေကြားသည်။

တရားမျှမျှတတ သူ့ဘက်ကိုယ့်ဘက်မျှတမှုရှိအောင်မပြုလုပ်နိုင်ခြင်း၊ မှန် ကန်သော အင်အားစုစည်းနိုင်မှု မရှိခြင်းတို့ကြောင့် ကြန့်ကြာနေခြင်း ဖြစ်
မည်ဟုထင်ကြောင်း၊ တိုင်းရင်းသား အသေးစား လုပ်ငန်းရှင်များအတွက်
နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေများ လိုအပ်မည်ထင်ကြောင်း မိထ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးက သုံးသပ်ပြော ကြားသည်။

လင်းသစ်
ဓာတ်ပုံ - ဟိန်းသူ
The Myanma Age

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...