Ads (728x90)


Friday, 28 December 2012

ဒီဇင်ဘာ(၂၅)ရက်နေ့ နံနက်ပိုင်းကမတော်တဆမှုဖြစ်ပွားခဲ့သော
Air Bagan လေကြောင်းမှ လေယာဉ်ကို မြန်မာ့အာမခံလုပ်ငန်းမှတစ်ဆင့် အာမခံထားရှိခဲ့ရာ လေယာဉ်ကိုယ်ထည်အား အာမခံတန်ဖိုး ကန်ဒေါ်လာ
၎ သန်း နှင့် "ပေးလျော်ရန် တာဝန်ရှိမှုအာမခံအကာအကွယ်" ကန်ဒေါ်လာ သန်း ၁၅၀ ကို စင်ကာပူအခြေစိုက် TANA HARRISON Co., Ltd မှတဆင့် နိုင်ငံတကာ လေကြောင်းအာမခံဈေးကွက်တွင် အာမခံထားရှိခဲ့ကြောင်းမြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

အဆိုပါလေကြောင်းလိုင်းမတော်တဆထိခိုက်မှုဖြစ်ပွားခြင်းဆိုင်ရာ နစ်နာဆုံးရှုံးမှုအတွက် အာမခံလျော်ကြေးများ အမြန်ဆုံးရရှိစေရန်
မြန်မာ့အာမခံလုပ်ငန်း၊ သက်ဆိုင်ရာလေကြောင်းလိုင်းနှင့်တကွ
နိုင်ငံခြားတဆင့် အာမခံ ကုမ္ပဏီများတို့မှ အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါခရီးစဉ်တွင် လိုက်ပါသောခရီးသည်များသည် မြန်မာ့
အာခံလုပ်ငန်းတွင် "ခရီးသွားအာမခံအကာအကွယ်"ကိုသီးခြားဝယ်ယူ
ထားခြင်းမရှိပါကြောင်းနှင့် အကယ်၍ ခရီးသွားအာမခံ ၀ယ်ယူထားရှိမည်
ဆိုပါက ပရီမီယံကြေး ၅၀၀ ကျပ်ပေးသွင်းထားပါလျှင် လျော်ကြေးငွေ
ကျပ် သိန်း ၅၀ ရရှိမည်ဖြစ်ကြောင်းသိရသည်။

မိုးငယ်
Popular Myanmar News Journal
 
Share By :
4Like · ·
  • Myo Thiha and 32 others like this.
  • ThannMinn HtutZaw ရေင်းကတဲကတခါထဲပြောရေင်းပါလားဝယ်မှညပေါ့ လဒ တွေရဲ့
  • Ko Myo ခက်တာက မြန်မာလူမျိုးတွေက အယူသီးတယ်ဗျ...ခရီးသွားခါနီး အာမခံရောင်းတော့ နမိတ်မရှိဘူးဆိုပြီး ငြင်းကြတယ်လေ...နိုင်ငံခြားသားတွေက အိမ်ကထွက်တာနဲ့ အာမခံအကာအကွယ်ပါမှ ထွက်ကြတာ။ လေယျာဉ်ပျက်တဲ့ထဲ ပါတဲ့ နိုင်ငံခြားသားတွေ ကို အထူးလေယျာဉ် နဲ့ ဘန်ကောက်ခေါ်တာ အာမခံကုမ္မဏီ ကတာဝန်ယူတာပါ.,
  • Ko Ko Myo ko myo ပြောတာသိပ်မှန်တယ်
  • Ko Ko Myo အာမခံရဖို့NLDနဲ့88တွေကူညီနေတယ်လို့ကြားတယ်
  • Ommar Shwe အမှန်မြင်တတ်တဲ့စိတ်ကလေးတွေကိုလေးစားပါတယ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...