Ads (728x90)


BY - Minmin Soe  ကျေးဇူးပြု၍ ပစ်မထားပါနှင့်..... ......................................... မနေ့ည(ဒီဇင်ဘာ ၂၇ည ဆယ်နာရီခန့်တွင်)ဖိုးစမ်းချောင်း စစ်ကိုင်းမှ မန္တလေးသို့ ပြန်လာခဲ့သည်။ရတနာဂူအောက်နန်းမရောက်ခင် တပြခန့်အလိုတွင် ဆိုင်ကယ်တစ်စီး ပိုးလိုးပက်လက် မှောက်နေသဖြင့် မူလက အမူးသမားတစ်ဦးလဲနေသည်ထင်ပြီး ကျော်သွားသည်။  နာရီကြည့်တော့ ဆယ်နာရီလေးဆယ့်ငါးမိနစ်ရှိလေပြီ။ခွေးများက ထိုလူအနားတွင် ဆွဲဆွဲငင်ငင်ကြီးဟောင်နေသဖြင့် သတိပေးရန်နောက်ပြန်လှည့်မှ ထိုလူအား ကားတိုက်သွားမှန်း သိလိုက်သည်။ဆိုင်ကယ်မှာ ဒူးကာများကျိုးပဲ့နေပြီး ဆိုးဆိုးရွားရွားပျက်စီးနေကာ တိုက်ခံရသောလူမှာလည်း သတိမေ့နေသည်။ဘယ်အချိန်က အတိုက်ခံရသည်ကိုတော့ သူလည်း အတိအကျမသိ.သို့သော် မျက်နှာပေါ်ရှိ သွေးများပင် ခဲနေလေပြီ.သေပြီလားဟု တွေးမိသည်။အနားလည်း အရမ်းကြီးမကပ်ရဲ..ဆိုင်ကယ်မီးထိုးကြည့်သည်။ရွှေဆွဲကြိုးတကုံးဝတ်ထားသည်။အနွေးထည်အပေါ်ဘက်တွင် ပိုက်ဆံအိတ်ဟု ယူဆရသည့် အိတ်တအိတ်ကို တွေ့သည်။သူစဉ်းစားသည်..ရဲကို ဖုန်းဆက်ခေါ်ရမည်။ဖုန်းက ဘက်ထရီကုန်နေသည်။ဘယ်လိုမှ ဆက်မရ။သို့နှင့် လာသမျှကားကို လက်တားသည်။တစ်စီး .နှစ်စီး ..ဆယ်စီးကျော်သွားပြီ..ဘယ်သူမှ ရပ်မပေး.ဖိုးစမ်းချောင်းနားတွင် ကားအရှိန်တော့ လျှော့သွားသည်။  သို့သော်အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြင့်၍ မောင်းထွက်သွားသည်။သူ ဆိုင်ကယ်ကို စက်နှိုး၍ အတိုက်ခံရသောလူနားတွင် ရပ်ထားလိုက်သည်။စိုးရိမ်သည်က တခြားမဟုတ်.ထိုလူအား နောက်ထပ် ကားဖြင့် ကြိတ်သွားမည်စိုး၇ိမ်သောကြောင့်ဖြစ်သည်။အနဲငယ်လမ်းလျှောက်သွားပြီးနောက် အိမ်တအိမ်သို့ ဝင်နှိုးသည်။ထိုအိမ်က ဘယ်သူလဲဟု မေးရာ လူတယောက်ဆိုင်ကယ်တိုက်ခံရသဖြင့် ဖုန်းတချက်လောက်ဆက်ခွင့်ပေးပါ..ဖုန်းမရှိလျှင် မီးပလတ်ပေါက် ခဏသုံးပါရစေ.ဖုန်းအားသွင်းရုံလေးပါဟု တောင်းပန်သည်။မရ…အင်း..ဘာတဲ့..ကိုယ့်ပြဿနာ ကိုယ်ရှင်းပါလို့တောင် အပြောခံလိုက်ရသည်..ကဲ.ကွာ..ဘာမှ ဆက်မပြောမိအောင် ပါးစပ်ကို တင်းတင်းပိတ်သည်။ဖုန်းဘက်ထရီဖြုတ်သည်။ပြန်တပ်ကြည့်သည်.အားနဲနဲပေါ်လာသည်။ထုံးစံအတိုင်း ရတနာပုံတယ်လီပို့ကိုသာ ဖုန်းဆက်တော့သည်။ဒီတခါကိုင်သည်က ယောကျာ်းလေး..လိုရင်းပြောလိုက်သည်။ဟိုကလည်း မြန်သည်..ခဏဟု ပြောပြီး ဖုန်းနံပါတ်ချက်ခြင်းရှာပေးသည်။တမီနစ်သာကြာသည်။ယခင်က မိန်းကလေးနှင့် ဘာမှမဆိုင်.နာရီကြည့်လိုက်တော့ ၁၁နာရီ ဆယ့်ခြောက်မိနစ်..တောင်မြို့ရဲစခန်း ၀၂၇၀၉၉၈ သို့ဖုန်းဆက်သည်။ချက်ခြင်းကောက်ကိုင်သည်။အကျိုးအကြောင်းပြောပြတော့ ခဏစောင့်ပါ..ယာဉ်ထိန်းရုံးနှင့်ဆိုင်သောကြောင့် မော်တော်ပီကယ်ရုံးကို ဖုန်းဆက်ပေးမည်ဟု ပြောသည်။ချမ်းမြသုခ၀၂၅၉၁၆၄ သို့ဖုန်းဆက်သည်။ချက်ခြင်းလာခဲ့မည်ဟု ပြောသည်။ထိုသို့ သူ အလုပ်များနေခိုက်. ကုန်တင်ကားတစ်စီး မောင်းလာသည်။ထုံးစံအတိုင်း သူတားသည်။မှတ်မှတ်ရရ အစီး သုံးဆယ်မြောက်..မရပ်ပေးပါ..တော်တော်လေး ကျော်သွားသည်။ပြိးမှ ကားရပ်ပြီး ကားဒရိုင်ဘာနှင့် ယာဉ်အကူ သူ့ဆီပြေးလာသည်။ဘာဖြစ်တာလဲဟု မေးပြီးထိုလူနားတွင် နေပေးသည်။တောင်မြို့ရဲစခန်းကို ထပ်ဖုန်းဆက်သည်။ကားတစ်စီးရပ်ပေးတယ်။ဘာဆက်လုပ်ရမလဲ.ခဏစောင့်ပါ..သူတို့ထွက်လာပြီဟု အကြောင်းပြန်သည်။ခဏအကြော..ပွမ်ပွမ်ဖြင့် ချမ်းးမြသုခအရေးပေါ်တင်ကားရောက်လာချေပြီ..မြန်လှပေစွ..ဖုန်းဆက်ပြီး ဆယ့်ငါးမိနစ်ဝန်းကျင်သာ ရှိသေးသည်.ရောက်ရောက်ချင်း လူနာကို ဖုန်းဖြင့် ဓာတ်ပုံရိုက်သည်။ရွှေဆွဲကြိုးအစရှိသည့် ထိုလူ၏ ပစ္စည်းများကို မိမိတို့ရှေ့တွင် သက်သေယူဓာတ်ပုံရိုက်သည်။ထို့နောက် မိမိနှင့် ညှိသည်။ရဲလာလျှင် အကုန်ဖြေရှင်းပေးမည်။လူနာအား ဆေးရုံကြိးသို့ သယ်သွားသည်မှာ အကောင်းဆုံးဟု ဝိုင်းဝန်းသဘောတူလိုက်သည်။ဘေးက ဒရိုင်ဘာက တားသည်။မင်း အမှုပတ်လိမ့်မည်တဲ့..ကိစ္စမရှိဟု ပြောလိုက်သည်.ထိုစဉ် ရဲတယောက် အရက်မူးပြီး ရောက်လာသည်။အရပ်ဝတ်ဖြင့်.ဆိုင်ကယ်အား ဒယိမ်းဒယိုင်မောင်းလာသည်။မိမိတို့အား ပေါက်တက်ကရလာမေးသည်။လူတွေရုံးစုရုံးစုဖြစ်ခိုက်..ငယ်တိုးရပ်ကွက်မှ ဆယ်အိမ်ခေါင်းစသည့်လူများထွက်လာသည်..ထိုရဲက တာဝန်ဖြင့်မဟုတ်.ဆေးခွင့်ယူထားသည်ဟု မိမိတို့မေးမြန်းချက်အရ သိလိုက်ရသည်။ချမ်းမြသုခမှ တာဝန်ရှိသူက ထိုရဲအားအဖက်မလုပ်..လူနာအား ပြုစုစရာရှိသည်ကိုသာ ပြုစုပြီးကားပေါ်တင်သည်။မိမိလည်း လျှိုလို့မရတော့.ဂျာနယ်တခုမှ သတင်းထောက်ပါဟုအသိပေးလိုက်သည်။အမရပူရလွှတ်တော်အမတ် နာမည်နှင့် ဖုန်းနံပါတ်ပါ ထည့်ပြောလိုက်ရသည်။ထိုအရပ်ဝတ်နှင့်ရဲ ပြန်လှည့်သွားသည်။အဖြစ်အပျက်ကားမြန်လွန်းပေစွ.ငါးမိနစ်ခန့်သာကြာမည်.ကျန်ခဲ့သည့် ဆိုင်ကယ်အား အုပ်ချုပ်ရေးမှုးရုံးသို့ပို့ရန် တိုင်ပင်ပြီး ထိုရပ်ကွက်မှ လူများဖြင့်တွန်းလာခဲ့သည်။ဘီးသုံးလှိမ့်ခန့် လှိမ့်ရသေးသည်။ဆိုင်ကယ်သုံးစီးအမြန်မောင်းလာသည်ကို တွေ့ရသည်။မှန်ပါ့.တောင်မြို့ရဲစခန်းမှ စခန်းမှုးကိုယ်တိုင် လိုက်လာခြင်းဖြစ်သည်။ဒုရဲအုပ်လည်းပါသည်။တခြားအဆင့်လည်းပါသည်။မိမိတို့အား ကောင်းကောင်းမွန်မွန်မေးသည်။အကြောင်းစုံပြောသည်။ဆိုင်ကယ်တူးဘောက်အား ဖွင့်ကြည့်မှ ထို ဆိုင်ကယ်အတိုက်ခံရသောသူသည်လည်း စစ်ကိုင်းမှ ရဲတယောက်ဖြစ်ကြောင်းသိလိုက်ရသည်။လိုအပ်သည်များမေးမြန်းပြီး မိမိအား ချက်ခြင်းပြန်လွှတ်လိုက်သည်။ကျေးဇူးတင်ကြောင်းအထပ်ထပ်အခါခါပြောသည်..ဘေးက လူများအား နာမည်နှင့်လိပ်စာမေးသောအခါ ပြဿနာစလေပြီ..ထိုလူများကား တယောက်နှင့်တယောက် နာမည်လွဲချနေသည်။မိမိစိတ်မကောင်းမိ.သူတို့ကိုလည်း အပြစ်မပြောလို..သူတို့သည်လည်း ရဲနှင့်ပက်သက်လျှင် ဇာတ်လမ်းမျိုးစုံ.ကြားဖူးပေလိမ့်မည်..တရားရုံးနှင့်မပက်သက်လိုသည်ကိုလည်း ကောင်းကောင်းနားလည်သည်။ကိုယ်ရည်သွေးသည်လည်း ထင်ပါ့..ပြောပြလိုက်ပါသည်..လုံးဝကြောက်စရာမလိုပါ..မိမိတစ်ဦးတည်းအနေဖြင့် ယခု ၂၀၁၂အတွင်း ဆိုင်ကယ်တိုက်မိ၍ ဒဏ်ရာရသူများအား ရဲစခန်းဖုံးဆက်.ဆေး၇ုံလိုက်ပို့စသည်ဖြင့် လုပ်ခဲ့သည်မှာ ခြောက်ဦးရှိလေပြီ..မည်သည့်တရားရုံးမှ သက်သေလိုက်စရာမလို.တခါတော့ ခေါ်ခံရဖူးသည်.မိမိမအားပါဟု ပြောလိုက်သည်.အတင်းအကျပ်မခေါ်ပါ..မိမိကြောင့်လည်း လူတယောက် ပိုက်ဆံအိတ်ပျောက်ဖူးသည်..ခင်စောမူကွေ့တွင် အတိုက်ခံရစဉ်က ထိုလူ၏ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ခြင်းထဲတွင် ထည့်ထားလိုက်စဉ် မည်သူယူသွားလည်း မသိ..ပျောက်သွားသည်..ရဲကလည်း အမှုမဖွင့်ပါ.မော်တော်ပီကယ်ကလည်း အပြစ်မပြောပါ.ပျောက်သူကလည်း ဘာမှမပြောပါ.သူ့အသက်ရှင်၍ လွန်စွာကျေးဇူးတင်လှကြောင်းသာ အထပ်ထပ်အခါခါပြောသည်..အထူးသတိရနေသည်မှာ ၇၈ လမ်းပေါ်ရှိ ဂရိတ်ဝေါဟိုတယ်ရှေ့တွင် လွန်ခဲ့သော ငါးလခန့်က ဆိုင်ကယ်တိုက်ခံရပြီး သွေးလွန်သေဆုံးသွားသည့် လူတယောက်ကြောင့် ဒီစာကို ရေးခြင်းပါ..ထိုစဉ်က ညနေ ခြောက်နာရီခွဲခန့်ရှိချေပြီ.လူတွေ မျက်လှည့်ပွဲကြည့်သလို အုံခဲနေပြီ.မိမိလည်း ဘာလည်းဟု ဝင်အကြည့် လမ်းပေါ်တွင် လူတယောက့် ပုံလဲနေသည်..သွေးတွေက ယိုစီးကျသည်မှာ ရဲပတောင်းခတ်နေသည်..ဘယ်အချိန်က ဖြစ်တာလဲဟု ဘေးက လူကိုမေးကြည့်တော့ ခြောက်နာရီလောက်ကတည်းကတဲ့..ကားတစ်စီးက သုံးစီးဆင့်တိုက်ပြိး ထွက်ပြေးရာက အဲဒီဆိုင်ကယ်သမားအချောင်ခံလိုက်ရတာဟု ပြောသည်..ထိုစဉ်က မိမိတွင် ဖုန်းမဝယ်နို်င်သေး..ဘေးနားက လူတွေကို ဖုန်းဆက်ပေးဖို့ပြောတော့ လူတယောက်ကြေ့ပာသည်..ဖုန်းဖိုး မင်းပေးမှာလားတဲ့.အမှုပတ်ရင်ကော မင်းတာဝန်ယူမှာလားတဲ့. ပယ်ပယ်နယ်နယ်ဆဲပစ်လိုက်သည်.နောက်မှ ဘေးနားက လူတယောက် ဖုန်းဆက်ပေးသည်.မိမိက ထိုလူကို ဝင်ထူသည်.သွေးတွေ အကျီကို စွန်းသွားသည်မှာ မြင်မကောင်း.ထိုအခါမှ ဘေးနားက လူများကလည်း လိုအပ်သည်ကို ဝိုင်းလုပ်ပေ့းကြသည်..ပဘလစ်ကာ ကားသမားတယောက်က ချက်ခြင်းရပ်ပြီး လူနာကို ဆေးရုံပို့သည်.မိမိတို့မှ သူ့ဆိုင်ကယ်ကို စောင့်ပေ့းလိုက်သည်..ယာဉ်ထိန်းရဲရောက်လာပြီး ဆေးရုံကြိးကို ဖုန်းဆက်ပေးသည်..မိမိတို့ကိုလည်း ကျေးဇူးတင်ကြောင်းပြောပြီး မိမိနာမည်.မှတ်ပုံတင်.လိပ်စာမှတ်ထားလိုက်သည်..မည်သည့်အမှုမှ မပတ်ပါ.မည်သူမျှ လာမရစ်ပါ..ပြောချင်သည်မှာ ဆိုင်ကယ်စီးသူများအနေဖြင့် မိမိမှားသည်ဖြစ်စေ.မှန်သည်ဖြစ်စေ.ယာဉ်တိုက်မှုဆိုသည်မှာ ဒဏ်ရာအသေးအကြီးသာ ကွာမည်.ကြုံဖူးကြမည်သာဖြစ်ပါမည်.ထို့အတူ ယာဉ်တိုက်မှုဖြစ်နေသူကိုလည်း တွေ့ဖူးကြမည်သာဖြစ်ပါသည်.ကျေးဇူးပြု၍ ကူညီပေးလိုက်ပါ..ကူညီပေးသည့်အတွက် အမှုပတ်မည်ဆိုလျှင် ကျွန်တော်တက်နိုင်သလောက် လာရောက်ဖြေရှင်းပေးပါ့မည်..မင်းက ဖွတ်ကျားသတင်းထောက်အဆင့်နဲ့ဘာကူညီနိုင်မှာလဲဟု မေးလျှင် တက်နိုင်သလောက် ကူညီပါ့မည်ဟုသာပြောလိုသည်..ကျွန်တော်မနိုင်လျှင် မန္တလေးမြို့မှ ပိုက်ဆံကောက်နေသော ယာဉ်ထိန်းများ.ရဲများ.ဘာမှန်းမသိသည့် လုံခြုံရေးဝတ်စုံဝတ်ထားသည့်လူများ.(မန္တလေးကျွဲဆည်ကန်ကားကြီးဝင်းအနားမှစကာ ရွှေစာရံအထိ ပိုက်ဆံကောက်သည့်အဖွဲ့ မနေ့ကအထိ ဆယ်ဖွဲ့ကျော်ပုံမှန်ရှိပါသည်)ကို တွေ့တိုင်း အကြီးဆုံးလူကြီးအထိ အမြဲတမ်းဖုန်းဆက်။လွှတ်တော်မှ ပြန်ရောက်သည့်အခါတိုင်း ၎င်းရုံးသို့ခေါ်ကာ ပြောလေ့ရှိသည့် လွှတ်တော်အမတ်တစ်ဦး၏ ဖုန်းနံပါတ် ထည့်ပေးလိုက်ပါသည်..၀၉၂၀၀၉၃၀၆ (ဦးသိန်းထွန်းဦးပါ)မိမိအမြဲတမ်းသွားသတင်းယူနေသည့် အမတ်တစ်ဦးမို့ သူ့အကြောင်းကောင်းကောင်းသိပါသည်.မိမိဖုန်းနံပါတ် ၀၉၄၄၄၀၁၆၀၂၉ပါ။ထိုကိစ္စမျိုးကြုံခဲ့ရင် အချိန်မရွေးဆက်နိုင်ပါသည်.) ကိုယ်ရည်သွေးသည့် ပို့စ်ပါဟု သက်မှတ်လည်း ခံပါမည်…လွန်ခဲ့သောတနှစ်က ပြင်ဦးလွင် မန္တလေးလမ်းပေါ်တွင် ကားတိုက်ခံရကာ သုံးနာရီကျော်ကြာ လမ်းဘေးတွင် ပစ်ထားခံရပြီး ကယ်သူမဲ့ သေပွဲဝင်သွားရသော သူငယ်ချင်းတယောက်က ကျွန်တော့်၏ ဘာသိဘာသာနေတက်သော စိတ်ဓာတ်ကို ပြောင်းလဲပေးလိုက်သောကြောင့် ယခုပို့စ်ကို ဖတ်လိုက်ရသော မိတ်ဆွေများထဲမှ တစ်ဦးခန့် လမ်းဘေးတွင် ဆိုင်ကယ်တိုက်ခံရနေသူ တစ်ဦးအား သက်ဆိုင်ရာသို့ဖုန်းဆက်ကာ လိုအပ်သည်များလုပ်ပေးသည်ဆိုလျှင် ကျွန်တော် ဝေဖန်ခံရကျိုး.အဆဲခံရကျိုး ပင်ပန်းခံရကျိုးနပ်ပါပြီဟု မျှော်လင့်ပါသည်.)
BY - Minmin Soe


..............................
...........
မနေ့ည(ဒီဇင်ဘာ ၂၇ည ဆယ်နာရီခန့်တွင်)ဖိုးစမ်းချောင်း စစ်ကိုင်းမှ မန္တလေးသို့ ပြန်လာခဲ့သည်။ရတနာဂူအောက်နန်းမရောက်ခင် တပြခန့်အလိုတွင် ဆိုင်ကယ်တစ်စီး ပိုးလိုးပက်လက် မှောက်နေသဖြင့် မူလက အမူးသမားတစ်ဦးလဲနေသည်ထင်ပြီး ကျော်သွားသည်။

နာရီကြည့်တော့ ဆယ်နာရီလေးဆယ့်ငါးမိနစ်ရှိလေပြီ။ခွေးများက ထိုလူအနားတွင် ဆွဲဆွဲငင်ငင်ကြီးဟောင်နေသဖြင့် သတိပေးရန်နောက်ပြန်လှည့်မှ ထိုလူအား ကားတိုက်သွားမှန်း သိလိုက်သည်။ဆိုင်ကယ်မှာ ဒူးကာများကျိုးပဲ့နေပြီး ဆိုးဆိုးရွားရွားပျက်စီးနေကာ တိုက်ခံရသောလူမှာလည်း သတိမေ့နေသည်။ဘယ်အချိန်က အတိုက်ခံရသည်ကိုတော့ သူလည်း အတိအကျမသိ.သို့သော် မျက်နှာပေါ်ရှိ သွေးများပင် ခဲနေလေပြီ.သေပြီလားဟု တွေးမိသည်။အနားလည်း အရမ်းကြီးမကပ်ရဲ..ဆိုင်ကယ်မီးထိုးကြည့်သည်။ရွှေဆွဲကြိုးတကုံးဝတ်ထားသည်။အနွေးထည်အပေါ်ဘက်တွင် ပိုက်ဆံအိတ်ဟု ယူဆရသည့် အိတ်တအိတ်ကို တွေ့သည်။သူစဉ်းစားသည်..ရဲကို ဖုန်းဆက်ခေါ်ရမည်။ဖုန်းက ဘက်ထရီကုန်နေသည်။ဘယ်လိုမှ ဆက်မရ။သို့နှင့် လာသမျှကားကို လက်တားသည်။တစ်စီး .နှစ်စီး ..ဆယ်စီးကျော်သွားပြီ..ဘယ်သူမှ ရပ်မပေး.ဖိုးစမ်းချောင်းနားတွင် ကားအရှိန်တော့ လျှော့သွားသည်။

သို့သော်အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြင့်၍ မောင်းထွက်သွားသည်။သူ ဆိုင်ကယ်ကို စက်နှိုး၍ အတိုက်ခံရသောလူနားတွင် ရပ်ထားလိုက်သည်။စိုးရိမ်သည်က တခြားမဟုတ်.ထိုလူအား နောက်ထပ် ကားဖြင့် ကြိတ်သွားမည်စိုး၇ိမ်သောကြောင့်ဖြစ်သည်။အနဲငယ်လမ်းလျှောက်သွားပြီးနောက် အိမ်တအိမ်သို့ ဝင်နှိုးသည်။ထိုအိမ်က ဘယ်သူလဲဟု မေးရာ လူတယောက်ဆိုင်ကယ်တိုက်ခံရသဖြင့် ဖုန်းတချက်လောက်ဆက်ခွင့်ပေးပါ..ဖုန်းမရှိလျှင် မီးပလတ်ပေါက် ခဏသုံးပါရစေ.ဖုန်းအားသွင်းရုံလေးပါဟု တောင်းပန်သည်။မရ…အင်း..ဘာတဲ့..ကိုယ့်ပြဿနာ ကိုယ်ရှင်းပါလို့တောင် အပြောခံလိုက်ရသည်..ကဲ.ကွာ..ဘာမှ ဆက်မပြောမိအောင် ပါးစပ်ကို တင်းတင်းပိတ်သည်။ဖုန်းဘက်ထရီဖြုတ်သည်။ပြန်တပ်ကြည့်သည်.အားနဲနဲပေါ်လာသည်။ထုံးစံအတိုင်း ရတနာပုံတယ်လီပို့ကိုသာ ဖုန်းဆက်တော့သည်။ဒီတခါကိုင်သည်က ယောကျာ်းလေး..လိုရင်းပြောလိုက်သည်။ဟိုကလည်း မြန်သည်..ခဏဟု ပြောပြီး ဖုန်းနံပါတ်ချက်ခြင်းရှာပေးသည်။တမီနစ်သာကြာသည်။ယခင်က မိန်းကလေးနှင့် ဘာမှမဆိုင်.နာရီကြည့်လိုက်တော့ ၁၁နာရီ ဆယ့်ခြောက်မိနစ်..တောင်မြို့ရဲစခန်း ၀၂၇၀၉၉၈ သို့ဖုန်းဆက်သည်။ချက်ခြင်းကောက်ကိုင်သည်။အကျိုးအကြောင်းပြောပြတော့ ခဏစောင့်ပါ..ယာဉ်ထိန်းရုံးနှင့်ဆိုင်သောကြောင့် မော်တော်ပီကယ်ရုံးကို ဖုန်းဆက်ပေးမည်ဟု ပြောသည်။ချမ်းမြသုခ၀၂၅၉၁၆၄ သို့ဖုန်းဆက်သည်။ချက်ခြင်းလာခဲ့မည်ဟု ပြောသည်။ထိုသို့ သူ အလုပ်များနေခိုက်. ကုန်တင်ကားတစ်စီး မောင်းလာသည်။ထုံးစံအတိုင်း သူတားသည်။မှတ်မှတ်ရရ အစီး သုံးဆယ်မြောက်..မရပ်ပေးပါ..တော်တော်လေး ကျော်သွားသည်။ပြိးမှ ကားရပ်ပြီး ကားဒရိုင်ဘာနှင့် ယာဉ်အကူ သူ့ဆီပြေးလာသည်။ဘာဖြစ်တာလဲဟု မေးပြီးထိုလူနားတွင် နေပေးသည်။တောင်မြို့ရဲစခန်းကို ထပ်ဖုန်းဆက်သည်။ကားတစ်စီးရပ်ပေးတယ်။ဘာဆက်လုပ်ရမလဲ.ခဏစောင့်ပါ..သူတို့ထွက်လာပြီဟု အကြောင်းပြန်သည်။ခဏအကြော..ပွမ်ပွမ်ဖြင့် ချမ်းးမြသုခအရေးပေါ်တင်ကားရောက်လာချေပြီ..မြန်လှပေစွ..ဖုန်းဆက်ပြီး ဆယ့်ငါးမိနစ်ဝန်းကျင်သာ ရှိသေးသည်.ရောက်ရောက်ချင်း လူနာကို ဖုန်းဖြင့် ဓာတ်ပုံရိုက်သည်။ရွှေဆွဲကြိုးအစရှိသည့် ထိုလူ၏ ပစ္စည်းများကို မိမိတို့ရှေ့တွင် သက်သေယူဓာတ်ပုံရိုက်သည်။ထို့နောက် မိမိနှင့် ညှိသည်။ရဲလာလျှင် အကုန်ဖြေရှင်းပေးမည်။လူနာအား ဆေးရုံကြိးသို့ သယ်သွားသည်မှာ အကောင်းဆုံးဟု ဝိုင်းဝန်းသဘောတူလိုက်သည်။ဘေးက ဒရိုင်ဘာက တားသည်။မင်း အမှုပတ်လိမ့်မည်တဲ့..ကိစ္စမရှိဟု ပြောလိုက်သည်.ထိုစဉ် ရဲတယောက် အရက်မူးပြီး ရောက်လာသည်။အရပ်ဝတ်ဖြင့်.ဆိုင်ကယ်အား ဒယိမ်းဒယိုင်မောင်းလာသည်။မိမိတို့အား ပေါက်တက်ကရလာမေးသည်။လူတွေရုံးစုရုံးစုဖြစ်ခိုက်..ငယ်တိုးရပ်ကွက်မှ ဆယ်အိမ်ခေါင်းစသည့်လူများထွက်လာသည်..ထိုရဲက တာဝန်ဖြင့်မဟုတ်.ဆေးခွင့်ယူထားသည်ဟု မိမိတို့မေးမြန်းချက်အရ သိလိုက်ရသည်။ချမ်းမြသုခမှ တာဝန်ရှိသူက ထိုရဲအားအဖက်မလုပ်..လူနာအား ပြုစုစရာရှိသည်ကိုသာ ပြုစုပြီးကားပေါ်တင်သည်။မိမိလည်း လျှိုလို့မရတော့.ဂျာနယ်တခုမှ သတင်းထောက်ပါဟုအသိပေးလိုက်သည်။အမရပူရလွှတ်တော်အမတ် နာမည်နှင့် ဖုန်းနံပါတ်ပါ ထည့်ပြောလိုက်ရသည်။ထိုအရပ်ဝတ်နှင့်ရဲ ပြန်လှည့်သွားသည်။အဖြစ်အပျက်ကားမြန်လွန်းပေစွ.ငါးမိနစ်ခန့်သာကြာမည်.ကျန်ခဲ့သည့် ဆိုင်ကယ်အား အုပ်ချုပ်ရေးမှုးရုံးသို့ပို့ရန် တိုင်ပင်ပြီး ထိုရပ်ကွက်မှ လူများဖြင့်တွန်းလာခဲ့သည်။ဘီးသုံးလှိမ့်ခန့် လှိမ့်ရသေးသည်။ဆိုင်ကယ်သုံးစီးအမြန်မောင်းလာသည်ကို တွေ့ရသည်။မှန်ပါ့.တောင်မြို့ရဲစခန်းမှ စခန်းမှုးကိုယ်တိုင် လိုက်လာခြင်းဖြစ်သည်။ဒုရဲအုပ်လည်းပါသည်။တခြားအဆင့်လည်းပါသည်။မိမိတို့အား ကောင်းကောင်းမွန်မွန်မေးသည်။အကြောင်းစုံပြောသည်။ဆိုင်ကယ်တူးဘောက်အား ဖွင့်ကြည့်မှ ထို ဆိုင်ကယ်အတိုက်ခံရသောသူသည်လည်း စစ်ကိုင်းမှ ရဲတယောက်ဖြစ်ကြောင်းသိလိုက်ရသည်။လိုအပ်သည်များမေးမြန်းပြီး မိမိအား ချက်ခြင်းပြန်လွှတ်လိုက်သည်။ကျေးဇူးတင်ကြောင်းအထပ်ထပ်အခါခါပြောသည်..ဘေးက လူများအား နာမည်နှင့်လိပ်စာမေးသောအခါ ပြဿနာစလေပြီ..ထိုလူများကား တယောက်နှင့်တယောက် နာမည်လွဲချနေသည်။မိမိစိတ်မကောင်းမိ.သူတို့ကိုလည်း အပြစ်မပြောလို..သူတို့သည်လည်း ရဲနှင့်ပက်သက်လျှင် ဇာတ်လမ်းမျိုးစုံ.ကြားဖူးပေလိမ့်မည်..တရားရုံးနှင့်မပက်သက်လိုသည်ကိုလည်း ကောင်းကောင်းနားလည်သည်။ကိုယ်ရည်သွေးသည်လည်း ထင်ပါ့..ပြောပြလိုက်ပါသည်..လုံးဝကြောက်စရာမလိုပါ..မိမိတစ်ဦးတည်းအနေဖြင့် ယခု ၂၀၁၂အတွင်း ဆိုင်ကယ်တိုက်မိ၍ ဒဏ်ရာရသူများအား ရဲစခန်းဖုံးဆက်.ဆေး၇ုံလိုက်ပို့စသည်ဖြင့် လုပ်ခဲ့သည်မှာ ခြောက်ဦးရှိလေပြီ..မည်သည့်တရားရုံးမှ သက်သေလိုက်စရာမလို.တခါတော့ ခေါ်ခံရဖူးသည်.မိမိမအားပါဟု ပြောလိုက်သည်.အတင်းအကျပ်မခေါ်ပါ..မိမိကြောင့်လည်း လူတယောက် ပိုက်ဆံအိတ်ပျောက်ဖူးသည်..ခင်စောမူကွေ့တွင် အတိုက်ခံရစဉ်က ထိုလူ၏ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ခြင်းထဲတွင် ထည့်ထားလိုက်စဉ် မည်သူယူသွားလည်း မသိ..ပျောက်သွားသည်..ရဲကလည်း အမှုမဖွင့်ပါ.မော်တော်ပီကယ်ကလည်း အပြစ်မပြောပါ.ပျောက်သူကလည်း ဘာမှမပြောပါ.သူ့အသက်ရှင်၍ လွန်စွာကျေးဇူးတင်လှကြောင်းသာ အထပ်ထပ်အခါခါပြောသည်..အထူးသတိရနေသည်မှာ ၇၈ လမ်းပေါ်ရှိ ဂရိတ်ဝေါဟိုတယ်ရှေ့တွင် လွန်ခဲ့သော ငါးလခန့်က ဆိုင်ကယ်တိုက်ခံရပြီး သွေးလွန်သေဆုံးသွားသည့် လူတယောက်ကြောင့် ဒီစာကို ရေးခြင်းပါ..ထိုစဉ်က ညနေ ခြောက်နာရီခွဲခန့်ရှိချေပြီ.လူတွေ မျက်လှည့်ပွဲကြည့်သလို အုံခဲနေပြီ.မိမိလည်း ဘာလည်းဟု ဝင်အကြည့် လမ်းပေါ်တွင် လူတယောက့် ပုံလဲနေသည်..သွေးတွေက ယိုစီးကျသည်မှာ ရဲပတောင်းခတ်နေသည်..ဘယ်အချိန်က ဖြစ်တာလဲဟု ဘေးက လူကိုမေးကြည့်တော့ ခြောက်နာရီလောက်ကတည်းကတဲ့..ကားတစ်စီးက သုံးစီးဆင့်တိုက်ပြိး ထွက်ပြေးရာက အဲဒီဆိုင်ကယ်သမားအချောင်ခံလိုက်ရတာဟု ပြောသည်..ထိုစဉ်က မိမိတွင် ဖုန်းမဝယ်နို်င်သေး..ဘေးနားက လူတွေကို ဖုန်းဆက်ပေးဖို့ပြောတော့ လူတယောက်ကြေ့ပာသည်..ဖုန်းဖိုး မင်းပေးမှာလားတဲ့.အမှုပတ်ရင်ကော မင်းတာဝန်ယူမှာလားတဲ့. ပယ်ပယ်နယ်နယ်ဆဲပစ်လိုက်သည်.နောက်မှ ဘေးနားက လူတယောက် ဖုန်းဆက်ပေးသည်.မိမိက ထိုလူကို ဝင်ထူသည်.သွေးတွေ အကျီကို စွန်းသွားသည်မှာ မြင်မကောင်း.ထိုအခါမှ ဘေးနားက လူများကလည်း လိုအပ်သည်ကို ဝိုင်းလုပ်ပေ့းကြသည်..ပဘလစ်ကာ ကားသမားတယောက်က ချက်ခြင်းရပ်ပြီး လူနာကို ဆေးရုံပို့သည်.မိမိတို့မှ သူ့ဆိုင်ကယ်ကို စောင့်ပေ့းလိုက်သည်..ယာဉ်ထိန်းရဲရောက်လာပြီး ဆေးရုံကြိးကို ဖုန်းဆက်ပေးသည်..မိမိတို့ကိုလည်း ကျေးဇူးတင်ကြောင်းပြောပြီး မိမိနာမည်.မှတ်ပုံတင်.လိပ်စာမှတ်ထားလိုက်သည်..မည်သည့်အမှုမှ မပတ်ပါ.မည်သူမျှ လာမရစ်ပါ..ပြောချင်သည်မှာ ဆိုင်ကယ်စီးသူများအနေဖြင့် မိမိမှားသည်ဖြစ်စေ.မှန်သည်ဖြစ်စေ.ယာဉ်တိုက်မှုဆိုသည်မှာ ဒဏ်ရာအသေးအကြီးသာ ကွာမည်.ကြုံဖူးကြမည်သာဖြစ်ပါမည်.ထို့အတူ ယာဉ်တိုက်မှုဖြစ်နေသူကိုလည်း တွေ့ဖူးကြမည်သာဖြစ်ပါသည်.ကျေးဇူးပြု၍ ကူညီပေးလိုက်ပါ..ကူညီပေးသည့်အတွက် အမှုပတ်မည်ဆိုလျှင် ကျွန်တော်တက်နိုင်သလောက် လာရောက်ဖြေရှင်းပေးပါ့မည်..မင်းက ဖွတ်ကျားသတင်းထောက်အဆင့်နဲ့ဘာကူညီနိုင်မှာလဲဟု မေးလျှင် တက်နိုင်သလောက် ကူညီပါ့မည်ဟုသာပြောလိုသည်..ကျွန်တော်မနိုင်လျှင် မန္တလေးမြို့မှ ပိုက်ဆံကောက်နေသော ယာဉ်ထိန်းများ.ရဲများ.ဘာမှန်းမသိသည့် လုံခြုံရေးဝတ်စုံဝတ်ထားသည့်လူများ.(မန္တလေးကျွဲဆည်ကန်ကားကြီးဝင်းအနားမှစကာ ရွှေစာရံအထိ ပိုက်ဆံကောက်သည့်အဖွဲ့ မနေ့ကအထိ ဆယ်ဖွဲ့ကျော်ပုံမှန်ရှိပါသည်)ကို တွေ့တိုင်း အကြီးဆုံးလူကြီးအထိ အမြဲတမ်းဖုန်းဆက်။လွှတ်တော်မှ ပြန်ရောက်သည့်အခါတိုင်း ၎င်းရုံးသို့ခေါ်ကာ ပြောလေ့ရှိသည့် လွှတ်တော်အမတ်တစ်ဦး၏ ဖုန်းနံပါတ် ထည့်ပေးလိုက်ပါသည်..၀၉၂၀၀၉၃၀၆ (ဦးသိန်းထွန်းဦးပါ)မိမိအမြဲတမ်းသွားသတင်းယူနေသည့် အမတ်တစ်ဦးမို့ သူ့အကြောင်းကောင်းကောင်းသိပါသည်.မိမိဖုန်းနံပါတ် ၀၉၄၄၄၀၁၆၀၂၉ပါ။ထိုကိစ္စမျိုးကြုံခဲ့ရင် အချိန်မရွေးဆက်နိုင်ပါသည်.)
ကိုယ်ရည်သွေးသည့် ပို့စ်ပါဟု သက်မှတ်လည်း ခံပါမည်…လွန်ခဲ့သောတနှစ်က ပြင်ဦးလွင် မန္တလေးလမ်းပေါ်တွင် ကားတိုက်ခံရကာ သုံးနာရီကျော်ကြာ လမ်းဘေးတွင် ပစ်ထားခံရပြီး ကယ်သူမဲ့ သေပွဲဝင်သွားရသော သူငယ်ချင်းတယောက်က ကျွန်တော့်၏ ဘာသိဘာသာနေတက်သော စိတ်ဓာတ်ကို ပြောင်းလဲပေးလိုက်သောကြောင့် ယခုပို့စ်ကို ဖတ်လိုက်ရသော မိတ်ဆွေများထဲမှ တစ်ဦးခန့် လမ်းဘေးတွင် ဆိုင်ကယ်တိုက်ခံရနေသူ တစ်ဦးအား သက်ဆိုင်ရာသို့ဖုန်းဆက်ကာ လိုအပ်သည်များလုပ်ပေးသည်ဆိုလျှင် ကျွန်တော် ဝေဖန်ခံရကျိုး.အဆဲခံရကျိုး ပင်ပန်းခံရကျိုးနပ်ပါပြီဟု မျှော်လင့်ပါသည်.)
 
By :
ဦး ယဉ်ကျေး and 6 other friends shared Infinity Power's photo.
 
 
ကိုယ်နှင့်မဆိုင်ဘူး ၊ ကိုယ့် ဆွေမျိုးသားချင်းထဲမှ မဟုတ်ဘူး ၊
ကိုယ်က ကူညီလိုက်လို့ အမှုပတ်မှာ ကြောက်တယ် ၊ တရားရုံးမှာ သက်သေလိုက်ထွက်ပေးရမှာ စိုးရိမ်တယ် ၊ သတ္တဝါတစ်ခု ကံတစ်ခု
ကိုယ်မျက်စိရှိမှာ အမြင်မတော်တာ ၊ အကူအညီလိုအပ်နေတာတွေ
ကို ရှောင်ဖယ် လာခဲ့ကြတာတွေကို ယနေ့ခေတ်မှာ ပြုပြင်ကြဖို့
အချိန်တန်နေပါပြီ ။ မတော်တဆမှု တစ်ခုခု ကိုယ့်ရှေ့မှာ ကြုံတွေ့တိုင်း
ဝိုင်းအုံပြီးတော့သာ ကြည့်ပေးပြီး သနားပါတယ်ဆိုတဲ့ အပေါ်ယံလောက်
ဂရုဏာလောက်နဲ့တော့ခင်ဗျားတို့ ဗြဟ္မာစိုရ်တရားတွေ ပြန်စမ်းစစ်ကြဖို့
လိုနေပြီဆိုတာ သတိရလိုက်ကြပါ ။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...