Ads (728x90)

Photo: မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ် Friday, 28 December 2012  ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။  အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။  အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက် ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူကို ထောင်ဒဏ် ၉ နှစ် နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။  သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့အနေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။  RFA Burmese
Friday, 28 December 2012

ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က တရားမဝင်
မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက် ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူကို
ထောင်ဒဏ် ၉ နှစ် နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ်
ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး
ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့အနေနဲ့ ထောင်ဒဏ် ၃ နှစ်
ချမှတ်လိုက်ပါတယ်။

RFA Burmese
  • Myo Thiha and 41 others like this.
  • Tanmoy Khan What i this.....
  • Aye Myat Thwe San တသက်တကျွန်း ချသင့်တယ်။လူ
    လူချင်း ကိုယ်ချင်းစာစိတ်နည်း လိုက်တာ။သူတို့ ကို အဲဒီလိုပဲ ကားထဲ မှာ ပြန်ပြီး အလုံပိတ်ထားရမယ်။ဒါမှ ကိုယ်ချင်း စာတတ်မှာ။
  • Ko Soe ဟ...... လူတွေ ဒိလောက် သေတာတောင် ပြစ်ဒဏ်က ဒီလောက်လေးလား....
  • Hanzaw Thet ကိုယ့်လူတွေ ကလဲ ဟုတ်မှ မဟုတ်တာ
  • Tin Sandar Kyaw ပြစ်ဒဏ်က ဒါပဲလား
  • Thuyein Lin သေမိန့်ချ၇မှာ
  • Lovelyjocker Popin တောက် ကွာ စကောလောက်မှဇောက်မနက်တဲ့ကောင်တွေ လူတွေကို မှတ်နေလို့ လဲ
  • Lovelyjocker Popin ဥပဒေကဒါဘဲလား လူသေမှုကိုလေ အများသေမှုလေ
  • Lone Lone ဒီလောက်အများကြီးသေတာကို ထောင်ပဲချတယ်။
  • Shing Bwi Yang what's happen to those people..?
  • Mo Tip ရက်စက်လိုက်တာ သေမိန့် ချရမှာ
  • Aye Thant Kyu ထိုင်းလေ၊မြန်မာပြည်ရဲ့အနီးဆုံးသွေးစုပ်နေတဲ့နိုင်ငံတနိုင်ငံလေ။
  • Kaung Nyunt San ရက်စက်လိုက်တာ
  • Ko KO Lay KIA ခေါင်းဆောင်ပိုင်းကတော့ မနေ့ညကတည်းက လိုင်ဇာ ဂိတ်ပေါက်ကနေ တရုတ်ပြည်ထဲ ၀င်ရောက်ခိုလုံနေပြီး တရုတ်နိုင်ငံတွင်းမှ စစ်ဆင်ရေးကို ကွပ်ကဲနေ တယ်လို့ သိရပါတယ် http://drminnyo.blogspot.com/2012/12/kia_5148.html
  • Yan Naing ကေအိုင်အေကခေါင်းဆောင်တွေတွက်တာမှားသွားတာထင်တယ်ဗျ။ သူတို့က တိုင်းပြည်မှာ ဒီမိုသံတွေဆူ ဖရိုဖရဲ အကြပ်ရိုက်နေချိန်မှာ အာဏာထူဖို့ ဆိုတဲ စိတ်ကူးပေါ့။ သူတို့ မှန်းတာက သူတို့ က တိုက်ကွက်တွေဖော်လို့  တပ်မတော် ပြန်တိုက်လာရင် မီဒီယာကနေအော်မယ် အဲအခါမှာ အနောက်နိုင်ငံတွေက မြန်မာအစိုးရကို ဖိအားပေးမယ်၊ တခြားလက်နက်ကိုင်တိုင်းရင်းသားတပ်တွေလည်း စစ်ထဲပြန်ဝင်အောင်လုပ်မယ်ပေါ့။ ခက်တာက ကေအန်ယူ ဥက္ကဌသစ် မူးတူစေးဖိုးက အပြောင်းအလဲကို ချင့်ချိန်မိတယ်၊ အရပ်သားတွေ ပြန်လည်ထူထောင်ရေးရဖို့ မက်လုံးတွေကို အလေးပေးရွေးချယ်ခဲ့တယ်။ ကရင်တွေ ပြည်တော်ပြန်နိုင်ဖို့ ကို ဦးစားပေးလုပ်နေတယ်။ ဒီတော့ ကေအန်ယူက ပါလာဖို့ မသေချာတော့ဘူး။ နောက်တစ်ခါ ၀ကလည်း သူ့ ဘာသာအေးအေးလူလူပဲ နေခွင့်ရရင် ကျေနပ်တဲ့ လူတွေ၊ ကိုးကန့် ကို တိုက်တုန်းကတောင် ဘာမှသိပ် ၀င်ရှုပ်ခဲ့တာမဟုတ်ဘူး။ နောက်ပြီး ခက်တာက အနောက်နိုင်ငံတွေက ကချင်ပြည်နယ်တစ်ခုလုံးမပြောနဲ့ ကချင်ရဲ့ တစ်စိတ်တစ်ဒေသပဲရှိတဲ့  သူတို့ ကို ထောက်ခံမယ့်အစား အစိုးရကိုပဲ မသိလိုက်ဘာသာထောက်ခံရင်း တရုတ်ကြီးစိုးတာကို ကာကွယ်ဖို့ ၊ မြန်မာပြည်မှာ စီးပွားကောင်းကောင်းလုပ်နိုင်ဖို့ ဆိုတဲ့ အချက်တွေကသူတို့ အတွက် ပိုအရေးကြီးတယ်လေ။ အဲတော့ ကေအိုင်အေမျှော်လင့်သလို အနောက်ကသူ့ ဘက်မရှိတော့သလို၊ သူကတစ်ရုတ်နဲ့ ပေါင်းနေတာလည်း ခုတော့ ဘူးပေါ်သလို ပေါ်တာပဲအဖတ်တင်တယ်။ ဒီလောက် စစ်ကြာရှည်နေတာကို လက်နက်ခဲယမ်း၊ ဆေးဝါး ရိက္ခာ မပြတ်တယ်ဆိုတာ ပြည်နယ်ကထွက်သမျှတွေကိုဈေးပေါပေါနဲ့ ဆပ်ကပ်နေလို့ သာပေါ့ဗျာ။ ခုတော့ ကေအိုင်အေက ချောင်ပိတ်မိသွားပြီ။ ရွေ့ တဲ့ အကွက်ကြီးက တော်တော်ကို မှားသွားပြီ၊ ခြင်သေ့အိပ်နေတုန်း ခြင်သေ့နားလာအမဲလိုက်တဲ့  ကျားသစ်တဲ့ တူနေပြီ။

    ကို Win Lwin Htay ရဲ့  comment တွေပါ တကယ်ဘဲဗျ ကို Win Lwin Htay ပြောသလိုပဲ KIA က တော့ ချောင်ပိတ်မိနေပြီ KNU ကို ခြေရာမတိုင်းနဲ့ ဗျ
  • Ko Myo ကျွန်တော်တို့တိုင်းပြည်မှာအလုပ်အကိုင်နဲ့စားဝတ်နေရေးသာအဆင်ပြေခဲ့မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံသားတွေအခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရမှာမဟုတ်ပါဘူးကောင်းရာသုဂတိလားပါစေဗျာ
  • Hein Htet Thu ဒီလိုအဖြစ်မျိုးတွေဖြစ်နေရတာ မြန်မာနိုင်ငံသားတွေမိမိနိုင်ငံမှာအလုက်မရှိလို့  ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံကို အယုံအကြည်မရှိကြလို့ ထိုင်းနိုင်ငံတွင်မက တခြားနိင်ငံတွေမှာပါ အလုပ်လုပ်ကိုင်နေကြရတာပါ မိမိနိုင်ငံတာကောင်းမယ်ဆိုရင် ဘယ်သူတွေကမိဝေးဖဝေး နိင်ငံတွေခြားပြီးလုပ်နေမှာလဲ နောက်ပြီးကိုယ့်နိင်ငံသားတွေဟာ မိမိနိင်ငံမှာတာလုပ်ရမယ်ဆို သူများနိုင်ငံတွေတိုးတတ်သလို စီးပွားရေးပါတိုးတတ်လာနိုင်တယ် ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးတွေ အလုပ်မလုပ်ရင် ထိုင်နိုင်ငံစီးပွားရေးတောင်ကျသွားနိုင်တယ် ထိုင်းလူမျိုးတွေက အလုပ် လုပ်တဲ့နေရာမှာလဲ မြန်မာနိုင်ငံသားလောက်မလုပ်နိုင် ထိုင်းသူဌေးတယောက်ပြောတာကြားဖူးတယ် မြန်မာအလုပ်သမား တယောက်နဲ့ထိုင်းအလုပ်သမားနှစ်ယောက်မလဲဘူးဆိုပါလား ဘာကြောင်လဲဆိုတာ စဉ်းစားကြည့်ပါတော့ဗျာ………………… မြန်မာနိုင်ငံမှာတကိုယ်ကောင်းစံတဲ့လူတွေရှိနေသ၍ ဒီလိုအဖြစ်တွေထပ့် ကြုံရနိုင်တယ်
  • Hein Htet Thu မြင်နေရတဲ့ပုံကိုကြည့်ပြီးရင်နာလွန်းလို့ ရင်ဖွင့်လိုက်တာ
  • Young Son သေဒဏ် ပေးသင့်တယ်............

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...