Ads (728x90)



Tuesday, December 25, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ကံမော်-ကျွန်းစု
ခရီးစဉ်အတွင်းမှာ ရန်ကုန်ကလိုက်ပါလာတဲ့ လုံခြုံရေးအဖွဲ့နှင့် ဘိတ်ကလုံခြုံ
ရေး၊ပြန်ကြားရေးအဖွဲ့တွေကြားမှာအဖုအဖိတ်လေးတွေဖြစ်ခဲ့တယ်လို့သိရ
ပါတယ်။

ရန်ကုန်ကလိုက်ပါလာတဲ့ လုံခြုံရေးအဖွဲ့တွေထဲမှာ အချိုးမပြေတဲ့အကောင်
တွေပါလာပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးများ၊အမေစုနှင့်
တခြားတာဝန်ရှိသူတွေအကြားဘာမှမသိလိုက်ကြပေမယ့်ပြဿနာကအတော်
လေးကိုကြီးကျယ်သွားတယ်လို့သိရတယ်။ရန်ကုန်ကလုံခြုံရေးများလုပ်ရပ်
ကြောင့်အမေစုရဲ့ စည်းရုံးရေးခရီးစဉ်ဟာစည်းရုံးမှုမဖြစ်စေဘဲ။ပါတီဝင်တွေ
ကြားမှာကိုစိတ်ဓာတ်ကျမှုများ၊ဒေါ်သထွက်စရာများဖြစ်လာခဲ့ကာတစ်ချို့ပါတီ
ဝင်များမှာပါတီမှနုတ်ထွက်တော့မည်ဟုပြောကြားနေကြောင်းပေးပို့လာသည့်မက်ဆေ့များအရသိရှိရတယ်မြိတ်မှလုံခြုံရေးများအနေဖြင့်အမေစုအတွက်နေ့
မအားညမအားစောင့်ကြပ်ကာလုံခြုံမှုပေးထားသော်လည်းရန်ကုန်မှအကောင်
များရောက်လာသည့်အခါစေတနာထားကာလုပ်ပေးထာသည့်အရာများအား
စော်ကားခြင်း၊အမေစုစီးမည့်လှေအားလိုက်ပါကာလုံခြုံရေးဆောင်ရွက်ပေးရ
မည့်ဒေသခံများအားအထက်စီးမှစကားများပြောကာမောင်းထုတ်လိုက်ခြင်း၊
မီဒီယာများအတွက်လုံခြုံရေးနှင့်ပြန်ကြားရေးများကစီစဉ်ပေးထာသည်များကို
လုံခြုံရေးဟုအကြောင်းပြကာခရီုနိမီဒီယာများဖြစ်သော ဒီလှိုင်းနှင့် SKY NET
များကိုလှေပေါ်သို့ခေါ်တင်သွားခြင်း၊လမ်းခရီးတစ်လျောက်မီဒီယာလှေအား
စောင့်ဆိုင်းခြင်းမရှိဘဲအမြန်ရေယာဉ်ကိုအရှိန်နှင့်မောင်းခိုင်းကာကံမော်ကျွန်း
တွင် မည်သည့်မီဒီယာနှင့်ရိုက်ကူးရေးမပါ ( ခရီုနီမီဒီယာများ မှလွဲပြီး ) ပဲ
အမေစု၏ဟောပြောပွဲအားလုပ်စေခြင်း၊ ကျွန်းစုမြို့နယ်မှအပြန်တွင် အမြန်ရေ
ထဲသို့ အဆိုပါခရိုနီမီဒီယာများသာဝင်ခွင့်ပေးကာကျန်မီဒီယာများအားသူ
တောင်းစားသဖွယ် ဆက်ဆံခြင်း ( တစ်ကယ်တော့သူတောင်းစားမှာရန်ကုန်
မှလိုက်ပါလာသော အကောင်များသာဖြစ်ပါတယ်ဥပဒိရုပ်များကိုကြည့်လျှင်
မည်သူမဆိုသိနိုင်ကြောင်းမြို့ သူ/သားများကြားမှာဝေဖန်မှုများရှိနေသည်။ )
စသဖြင့်ခရိုနီမီဒီယာများအားအလေးပေးကာလုံခြုံရေးမပီသစွာလုပ်ဆောင်ခဲ့
ကြောင်းသိရပါတယ်။ဦးစောဂျက်ခြံဝင်းအတွင်းအမေစုမိန့် ခွန်းပြောကြားနေ
စဉ်အဲဒီရန်ကုန်ကလုံခြုံရေးများဆိုတဲ့အကောင်တွေကြားကနေစောက်ရည်မူး
တစ်ကောင်တက်လာတာကိုမသိလိုက်ကြောင်းသိရတယ်။အဲဒီစောက်ရည်မူး
ကအမေစုအနားကိုရောက်တော့မှာဟိတ်ဟန်လုပ်ကာရပ်နေသောသူတောင်း
စားထမင်းဝများကသိလိုက်ကာ ရုတ်ပျက်ဆင်းပျက်စင်ပေါ်တွင်ထိုးလားကြိတ်
လားလုပ်ကြတော့ကြောင်းသိရတယ်။အမေစုမှဝင်တားလိုက်တော့မှငြိမ်သွား
ကြပြီး အဲဒီတက်လာသောအမူးသမားမှာလည်းအမေစုကိုလေးစားကြည်ညို
လွန်းအားကြီးကာ ခေါင်းစည်းလက်ဆောင်လာပေးကြောင်းသိရတော့တယ်။
ခေါင်းစည်းနေရာမှာ တစ်ခုခုပါလာလို့ကတော့အမေအတွက်မတွေးရဲစရာပေါ့။
ကဲမင့်တို့လုံခြုံရေးဆိုတာဘာတွေလည်း..ဘိတ်ကိုစောက်ချဉ်လို့သဘောထား
နေတဲ့အဲဒီအကောင်တွေကြောင့်ယခုခရီးစဉ်အတွင်းပါတီဝင်များကြားမှာစိတ်
ဆင်းရဲစရာများဖြစ်လာကာပါတီမှနုတ်ထွက်တော့မည့်သူများလည်းရှိလာ
ကြောင်းသိရတယ်။တစ်ချို့ကလည်းနေရာလိုသောကြောင့်လုပ်နေသူများရှိနေ
သလိုတစ်ချို့ကလည်းအမေစုမျက်နှာကလေးတစ်ခုတည်းကြောင့်လုပ်နေသူ
များလည်းရှိနေကြောင်းသိရတယ်။တစ်ကယ့်ကိုအဖြူထည်ဖြင့်ကူညီလုပ်ကိုင်
ပေးနေသူများဟာမင့်တို့သူတောင်းစားထမင်းဝများကြောင့်စိတ်ဓာတ်ကျဆင်း
ကာပါတီအလုပ်များရပ်နားတော့မည်လို့သတင်းများထွက်ပေါ်နေပါတယ်။မိမိ
ဒေသမှလမ်းကြောင်းအနေထားများကိုဒေသခံများမှလွဲပြီးမည်သူမျှကျွမ်းကျင်
မည်မဟုတ်ကြောင်း၊ရန်ကုန်လုံခြုံရေးလို့ အမည်တပ်ထားတဲ့ မီဒီယာခရိုနီများ
အတွက်လမ်းကြောင်းရှင်းပေးရတဲ့သူတောင်းစားများကြောင့်ဒေသခံများကို
များစွာစော်ကားရာကြနေကြောင်းသိရတယ်။အဲဒီသူတောင်စားလို့ပဲခေါ်ခေါ်
မီဒီယာခရိုနီများအတွက်လမ်းကြောင်းရှင်းပေးရတဲ့လဒတွေပဲခေါ်အဲဒီအဖွဲ့ ကို
အဓိကဦးဆောင်နေသူနှစ်ယောက်ကတော့ မြင့်ဌေးဆိုတဲ့သူတောင်စားနှင့်
သန်းထွန်းဆိုတဲ့ လဒနှစ်ကောင်ဖြစ်ကြောင်းဓာတ်ပုံနှင့်တကွပေးပို့လာတဲ့အ
တွက် News 0f Myeik ကနေပြန်တင်ပေးလိုက်ပါတယ်။အဲဒီသတင်းတွေ
လည်းကျွန်တော်/ကျွန်မတို့ကိုယ်တိုင်မရှိနိုင်သော်လည်းကြားသိပြီးဖြစ်တဲ့အ
တွက်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဘာမှနားမလည်ပဲဒေသခံများနှင့်
ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲစောက်တလွဲလုပ်သွားသည်များကိုပါတီဝင်များ
ကအံကြိတ်မှိတ်ကာ လိုက်လံပြီးအနောက်ကဆောင်ရွက်ပေးခဲ့ရတာကိုအဲဒီ
သူတောင်းစားထမင်းဝများမသိလိုက်ကြကြောင်းသိရတယ်။အမေစုနှင့်အနီး
ကပ်လုံခြုံရေးများကိုဘိတ်သူ/သားများအနေဖြင့်ရှိရင်းစွဲလေးစာစိတ်ကလေး
မှာနည်းနည်းမှလျော့သွားခြင်းမရှိဘဲ..နောက်နောင်အမေစုရဲ့ လမ်းကြောင်း`
ခရီးလမ်းတစ်လျောက်မှာမည်သည့်မြို့၊ မည်သည့်ဒေသမဆိုသွားရောက်ပါ
ကအဲဒီမီဒီယာခရိုနီလမ်းကြောင်းရှင်းရသော၊ အမေအတွက်လုံခြုံရေးဟုအ
ကြောင်းပြကာသူတောင်းစားထမင်းဝအလုပ်ကိုသာအလေးထားသော
မြင့်ဌေးနှင့်သန်းထွန်းဆိုသောလဒနှစ်ကောင်အား လားပင်စင်ပေးပါရန်သင့်
တော်ပြီဖြစ်ကြောင်း ဘိတ်သူ/ဘိတ်သားများမှ အမေကိုတောင်းဆိုလိုက်ပါ
တယ်...

News Of Myeik
( moethihaaung ဘလောဂ်မှ ကူးယူဖေါ်ပြပါသည် )
 
 
Share By :
Like · · Share · 12 hours ago

  • 25 people like this.
  • ပိုးကောင် ပိစိလေး ;inn; ဒီသတင်းကို အမှန်ပါလို့  အတည်ပြုဘို့ တော့ လိုမယ် ။ နေရာတိုင်း ဖြစ်ရပ်တိုင်းမှာ အန်တီစုကို ဂျောက်ထဲပို့ ဖို့  အစီအစဉ်တွေက များသား ။
  • Hnin Maung သခင်အားရကျွန်ဘားဝဆိုတာအဲဒီနှစ်ကောင်ကိုပြောတာလားမသိဘူးနော်
  • Ko Khant သဘောထားကြီးပြီးညီညွတ်ဘို့ဂရုစိုက်
    ကြရမယ်
  • Win Myint Thein အမေ့ ကို ဒုက္ခေ၇ာက် အောင် တော့ မလုပ် သင့် ပါ ဘူး အမေ့ အသက် အ၇ွယ် နဲ့ လုပ် နေ ၇တာကို လဲ ငဲ့ ကြပါ အုံး
  • San Mg ပြော တိုင်း မယုံဘူး အမေစု လုံခြုံေ၇း ကလူတွေ နဲ. ၇င်းနှီးတယ် သူတို. မမိုက်၇ိုင်း ဘူး ကိုယ် တိုင်လဲ လုံခြုံေ၇း လိုက်ဘူး တယ် အမစေု လာတုန်းက ကလေးတွေ သွားပြော
  • Diamond King အိုဗားမား မြန်မာနိုင်ငံလာတုန်းက
    သူ့လုံခြုံရေးကိုသူခေါ်လာတယ်
    သည်ကလုံခြုံရေးက အိုဗားမားအနား သွားလို့ရလား?
    အဖွဲ့ဝင်တွေကမြို့ခံဆိုလည်း အခြား
    ကူညီလို့ရတဲ့ကိစ္စကို ကူညီလိုက်ပါ
  • Win Myint Thein အမေါ အနား မှာ ၇ှိ တဲ့ သူ တွေ ကို အမေ သွန် သင် ထား မှာ သေချာ ပါ တယ်
  • Nay Min နှုတ်ထွက် ချင်တဲ့သူတွေလည်း တော်တော် ရှိနေတာပဲနော်
    အင်း နိုင်ငံကို စည်းရုံးအောင် လုပ်မယ်လို့ ပြောတဲ့ဒေါ်စုက
    သူ့ ခေါင်းဆောင်တဲ့ NLD ကိုတောင်မှ မစည်းရုံးနိုင်ဘူးဆိုရင်
    တိုင်းပြည် ကြီးဆိုရင်တော့ အောင်မယ်လေး ရင်လေးမိပါတယ်
  • Myo Gyi အမေစုမလုပ်နိုင်ဘူးလို့ထင်ရင်. Nay Min. ဆိုသူလုပ်နိုင်လို့လား. ရင်လေးနေမည့်အစား. ကိုယ်တိုင်တစ်ပိုင်တစ်နိုင်လုပ်ပေါ့. အမြင်မတူတာတွေအတ္တတွေကဘယ်တော့ဖြစ်ဖြစ်ရှိမှာဘဲ. ဒါတွေကိုမှန်ကန်သောသုံးသပ်မှု့နဲ့ကြည့်တတ်ကမယ်. ဒါမျိုးတွေကဘယ်နိုင်ငံမှာမဆိုရှိတယ်....See More
  • CFour General လွတ်လပ်စွာကွဲလွဲခြင်းသည်ဒီမိုကရေစီဧ။်အနှစ်သာရဖြစ်သည်
  • CFour General ထို့ကြောင့်လွတ်လပ်စွာကွဲလွဲခြင်းမှသည်ခေတ်မှီတိုးတက်သောဒီမိုကရေစီပန်းတိုင်ကြီးဆီသို့..အရောက်လျှောက်လှမ်းနိုင်ကြပါစေ။
  • မိုး စိမ်း ရှင် အန်အယ်လ်ဒီတွေ ရန်မဖြစ်ကြနဲ့ ကွာ။ရတ်ပါတွေလည်းမဟုတ်ဘူး ရန်ကုန် မန်းလေးလည်းမဟုတ်ဘူး။ကဲကဲ ခေးတွေ ရန်ဖြစ်တော့နဲ့ ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...