Ads (728x90)

Photo: Air Bagan လေယာဉ် ထိခိုက်မှု ၂ ဦးသေ ၁၂ ဦး ဒဏ်ရာရ
Tuesday, December 25, 2012

မန္တလေးမှ ဟဲဟိုးမြို့ကို ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းက ပျံသန်းလာတဲ့ Air Bagan လေ ကြောင်းလိုင်းက ခရီးစဉ် W-9 011
လေယာဉ်တစီး ထိခိုက် မီး လောင် မှုကြောင့် ၂ ဦးသေ ဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။


လေယာဉ် ကပ္ပတိန် မောင် မောင်ထွေးပါ လေယာဉ်အမှုထမ်း ၆ ဦး၊
လေယာဉ် လုံခြုံရေး ၂ ဦး၊ နိုင်ငံခြား သား ၅၁ ဦး အပါအ၀င် ခရီးသည်
၆၃ ဦး၊ စုစုပေါင်း လူဦးရေ ၇၁ ဦးတင်ဆောင်ထားသော လေယာဉ်တစီးဟာ ဟဲဟိုး လေဆိပ် အနီးမှာ အရေးပေါ် ဆင်းခဲ့ရတယ်လို့ မြန်မာအသံက
နေ့လယ် ၁၀ နာရီ ၅၅ မိနစ်မှာ ကြားဖြတ်သတင်းအဖြစ် ကြေငြာ သွားပါတယ်။

မြန်မာ့ ရုပ်မြင်သံကြား အဆိုအရ ၈ နာရီ ၅၅ မိနစ်တွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မြူနှင်းများ ဖုံးလွှမ်းနေမှုကြောင့် လေယာဉ်ပြေးလမ်းဘေး လယ်ကွင်းများအတွင်းသို့ မှားယွင်းဆင်းသက် ခဲ့ပြီး လေယာဉ် အမြီးပိုင်း
ကျိုး၍ မီးလောင်ခဲ့ကြောင်း၊ နံနက် ၉ နာရီတွင် မီးသတ်ကားများ ရောက်
ရှိငြိမ်း သတ်ခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အချိန် ငြှိမ်းသတ် နိုင်ခဲ့ကြောင်း၊ ခရီးသည်တွေကို ကယ်တင်ခဲ့ပြီး လေယာဉ် ကွင်း အနီးတွင် ယာယီ
စောင့်ရှော်ကထားကြောင်းလည်း မြန်မာ့ ရုပ်မြင်သံကြားက ကြေငြာ
သွားခဲ့ပါတယ်။

အသက် ၁၁ နှစ်အရွယ်ခန့် ကလေးတဦးသေဆုံးခဲ့ပြီး လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ နိုင်ငံခြားသား ၄ ဦးအပါအ၀င် ခရီးသည် ၉ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာ ရှိခဲ့လို့ ဟဲဟိုးနဲ့ တောင်ကြီး စပ်စံထွန်း ဆေးရုံတွေ ကို ပို့၍ ဆေးကုသပေးနေ ကြောင်းလည်း သိရပါတယ်။

မှားယွင်း ဆင်းသက်မှုကြောင့် ဆိုင်ကယ်စီးနေသူ ၂ ဦးအား တိုက်မိပြီး ၁ ဦးသေဆုံးက ၁ ဦး ဒဏ်ရာ ရှိခဲ့ကြောင်းမြန်မာ ရုပ်မြင်သံကြားက
ကြေငြာခဲ့တာမို့ အခုဖြစ်စဉ်မှာ သေဆုံးသူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၂ ရှိတာဖြစ်ပါတယ်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာ
တွင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်ကြားရေး ၀န် ကြီးဌာနရဲ့ ကြွေးကြော်
ထားချက်ဖြစ်တဲ့ ပြည်သူ ဗဟိုပြု Public Media Service လို့ ဆိုထားတဲ့
အတိုင်း အချိန်နဲ့ တပြေးညီ နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။

“Air Bagan လေယာဉ်သတင်းနဲ့ပတ်သက်ပြီး အတိအကျသတင်း
ထုတ်ပြန်ပေးနိုင်ဖို့ ဆောင်ရွက် လျှက် ရှိကြောင်း တင်ပြ အပ်ပါတယ်။
ကနဦး သတင်းများရရှိထားပြီးဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး အခြေ အနေများကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ဖို့ အတွက် ဆက်သွယ်ဆောင်ရွက်
လျှက်ရှိပါတယ်” လို့ ဦးရဲထွဋ် က ရေးထားပါတယ်။

ဒါပေမယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်းကြေငြာသူက အဆိုပါ အဲယားပုဂံလေယာဉ် ထိခိုက် မီးလောင်မှုသတင်းကို ချက်ချင်းမကြေညာနိုင်
ခဲ့ဘဲ ၁၀ နာရီ ၅၅ မိနစ်အချိန်ရောက်မှသာ ကြေငြာခဲ့ပါတယ်။

အခုဆိုရင် ဟဲဟိုး လေဆိပ်ရှိရာသို့ Air Bagan လေဆိပ်ကို အဆိုပါ ကုမ္ပဏီပိုင်ရှင် ဦးတေဇ လည်း ရောက်ရှိလာပြီး ထိခိုက် ဒဏ်ရာရသူတွေနဲ့
လေယာဉ်စီးခရီးသည်တွေကို အားပေးဖို့ ရောက်လာတယ်လို့ သိရ ပါတယ်။

အစောပိုင်း Air Bagan က သတင်းထုတ်ပြန်မှုတွင် သေဆုံးမှု မရှိကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

irrawaddy
ယနေ့မနက်မှာ ဖြစ်ပွားခဲ့တဲ့ ဟဲဟိုးလေဆိပ်နားက Air-Bagan လေယာဉ်ပျက်ကျမှုဟာ

- ၆၆kV ဓါတ်အားလိုင်းကို ဝင်တိုက်မိတာ၊
- မီးလောင်ပြီးတော့ အကုန်နီးပါ ပျက်စီးသွားတာ၊
- အမြှီးပိုင် ကျိုးပျက်သွားတာ၊

- အင်ဂျင် မီးလောင်ပျက်စီးတာ၊

စတဲ့ အကြောင်းအရာတွေကို တွက်ဆကြည့်ရင် အင်မတန်မှ အန္တရယ် များလွန်းလှတဲ့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပါတယ်။

ဒီလောက် ဆိုးရွားတဲ့ အခြေအနေမျိုးမှာ လေယာဉ်ပျက်ကျလျှင် ပျက်ကျချင်းမှာ ချက်ချင်းအရေးပေါ် ကယ်ထုတ် ကယ်ဆယ်တာတွေ လုပ်နိုင်ခဲ့တဲ့အတွက် သေဆုံး ၁ ဦး ဒဏ်ရာရသူ ၈ ဦး ဦးရေနည်းပါတယ်လို့ ကောက်ချက်ချမိပါတယ်။ လေယဉ်ဟာ ပျက်ကျပြီးတော့ စက္ကန့်ပိုင်း၊ မိနစ်ပိုင်အတွင်းမှာ မီးလောင်ပျက်စီးသွားတာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျချိန်နဲ့ မီးမလောင်ခင်ကြားမှာ အမြန်ဆန်ဆုံး ကယ်ဆယ်နိုင်ခဲ့ကြတာဟာ ဒီလိုပုံစံမျိုး ပျက်ကျမှုမှာ အဆုံးအရှုံး အနည်းဆံးလို့ ယူဆမိပါတယ်။ အဲ့ဒိအတွက် သေဆုံးဒဏ်ရာရသူ အနည်းဆုံးဖြစ်အောင် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အမြန်ဆုံး လုပ်ဆောင်ပေးခဲ့ကြတဲ့

- အတွေ့အကြုံများပြီး တည်ငြိမ်ရင်ကျက်တဲ့ လေယဉ်အမှုထမ်းတွေ
- ဒေသခံ မီးသတ်နဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေ၊
- နယ်မြေခံစစ်တပ်က ချက်ချင်းလာရောက် ကူညီကြတဲ့ စစ်သားတွေ၊
- ရဲတွေ ကို

ချီးကျူးမိပါတယ်။ အဓိကကတော့ ကျွန်တော်တို့နိုင်ငံမှာ အရေးရယ် အကြောင်းရယ်ဖြစ်လာရင် တကယ်ကျွမ်းကျင်ပြီးတော့ စိုးရိမ်စိတ် မလွန်ကဲတဲ့၊ ကိုယ်လွတ်ရုန်းစိတ် မရှိတဲ့ လေယာဉ် အမှုထမ်းတွေ ရှိတယ်ဆိုတာ သိလိုက်ရပါတယ်။
နိုင်ငံတကာ မှာ လေယာဉ်ပျက်ကျရင် အားလုံးအသက်ဆုံးရှုံးရတာများပါတယ်
ခင်ဗျားတို့အားလုံးကို ဂုဏ်ပြုသင့်ပါတယ်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...