Ads (728x90)

 
 
 
 
 
 
(၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့ စစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ညှိနိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည် နှင့် မိသားစုများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ၄၉ မီတာ ကိုယ်ပျောက်နည်းပညာသုံး အမြန်သွားတိုက်ခိုက်ရေးရေယာဉ်(ဒုံးပျံ) ၁ စီး နှင့် ၄၇ မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၄ စီး တို့၏ တပ်တော်ဝင်အခမ်းအနားအား ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ၄၉ မီတာ စစ်ရေယာဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ ကိုယ်တိုင်တည်ဆောက်သော ပထမဆုံး ကိုယ်ပျောက်နည်းပညာသုံး အမြန်သွားတိုက်ခိုက်ရေးရေယာဉ်ဖြစ်ပြီး C-802 ဒုံးပျံ ၄ စင်း၊CIWS များ၊ EW စနစ်များ နှင့် Integrated Command and Control စနစ်များ တပ်ဆင်ထားရှိမည်ဟု ခန့်မှန်းရသည်။ ရေဒါဖြင့် ဖမ်းယူရန်ခက်ခဲပြီး မြန်နူန်းမြင့် စွမ်းရည်ရှိသဖြင့် ရေပြင်စစ်ဆင်ရေးနှင့် ကြားဖြတ်တိုက်ခိုက်ရေးအတွက် အထူးသင့်တော်သည်ဟု ယူဆနိုင်သည်။၄၇ မီတာ စစ်ရေယာဉ်များသည် မြန်နူန်းကောင်းသော ဒီဇိုင်းဖြစ်သော်လည်း အဆင့်အနည်းငယ် မြှင့်ထားသည့် 40 mm အမြောက်နှင့် 14.5 mm Gun များသာ တပ်ဆင်ထားကြောင်း တွေ့ရသည်။သို့ရာတွင် အချိန်ယူရသည့် Platform ကို ပထမအဆင့် ဦးစားပေး တည်ဆောက်၍ ဒုံပျံ၊ အခြားလက်နက်နှင့် လက်နက်စနစ်များကို အချိန်အတိုင်းအတာ တစ်ခုအတွင်း ထပ်မံ တပ်ဆင်သွားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။မည်သို့ဆိုစေ မြန်မာ့တပ်မတော်(ရေ)အတွက် အစွမ်းထက်မည့် ဓါး ၅ စင်းသည် (၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့ နှင့်အတူ လှေခွက်ချည်းကျန် အလံမလှဲသော သမိုင်းနိဒါန်း ချီခဲ့ပြီဟု မော်ကွန်းတင် ဂုဏ်ပြုလိုက်ရပါသည်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...