Ads (728x90)



Tuesday, December 25, 2012

ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာရာ ဝန်ကြီး၏ ညွှန်ကြားချက် အရ ပြည်ဘူတာ စင်္ကြန်ရှိ အခြေအနေမဲ့ (၅၀)ကျော် ခန့် ကို ဒီဇင်ဘာ (၂၂)ရက် နံနက်ပိုင်းက မီးရထားမှ တာဝန် ရှိသူများနှင့် ရထားရဲ တပ်ဖွဲ့တို့ က စီမံချက် ဖြင့် ဖယ်ရှားခဲ့ ကြောင်း မြို့ခံများထံမှ သိရသည်။

အခြေအနေမဲ့များကြောင့် ခရီးသွားပြည်သူများ အတွက် စိတ်မချ ဖြစ် ရကြောင်း၊ လောင်းကစား မှုများ၊ ဆိုးသွမ်း ရန်ဖြစ်မှု များ
ဖြစ်ပေါ် နိုင်သောကြောင့် ယင်းကဲ့ သို့ ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ၊ စီမံချက်တွင် ပြန်လည် နေရာ ချထားပေးမည့် အစီအစဉ် မပါဝင်ကြောင်း ရုံပိုင်ကြီး ဦးကျော်ဝင်း(အထူးတန်း) မှ ရှင်းပြခဲ့သည်။

“ရှန်တိန် လုပ်ချိန်မှာ သူတို့တွေ ခိုစီးတယ်၊ကားရထားပေါ် တက်တယ်၊တားတော့လည်း တားတဲ့သူတွေကို ဆဲရေးဆိုတာတွေ ရှိတယ်၊အတတ်နိုင်ဆုံး ထိန်းပေး ထားခဲ့ပါတယ်၊ခုတော့ စာရောက်လာလို့ ဖယ်ရှားခိုင်း ရတာပါ”ဟု ၄င်းက ဆက်လက် ပြောဆိုခဲ့သည်။

ဖယ်ရှားခံရသည့် အခြေအနေမဲ့ မိသားစုများ ပြန်လည် နေရာ ချထားပေးရေး အတွက် ပြည်မြို့ ရှိ ကရုဏာ လက်များ ကွက်ယက် ၊HRDP နှင့် လူ့အခွင့်အရေး ကာကွယ် မြှင့်တင် သူများ ကွန်ရက် တို့မှ ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်သည်။

ဒီမိုကရေစီ နိုင်ငံတခု အနေနှင့် အခြေအနေမဲ့များကို ယခုလို ရှင်းလင်းနည်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ၊အခြေအနေမဲ့များ အတွက် နေစရာနေရာ ရရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရုဏာလက်များ ကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီမှာ ကွမ်းယာရောင်းတယ်၊ဒီမှာပဲ နေချင်တယ်၊ဒီက လွဲရင် သွားစရာမရှိဘူး၊ရမ်းကားနေတာက ကြားဘူတာကို တက်လာတဲ့ သူတွေ” ဟု အဖယ်ရှားခံရသည့် အခြေအနေမဲ့တဦး က ပြောကြားသည်။

The Voice Week


Share By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...