Ads (728x90)



Tuesday, December 25, 2012

စစ်ကိုင်းဒေသကြီး မုံရွာခရိုင် ယင်းမာပင်မြို့နယ် တွင် နေထိုင်နေကြသော
ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ရွှေဆံနွယ် ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးခန်းကို ဒီဇင်ဘာ၂၇ရက်မှ စတင်ဖွင့်လှစ်သွားမည်
ဖြစ်ကြောင်း သိရသည်။

''ဒေသခံတွေ အရေးပေါ်ကျန်းမာရေးကုသလိုတဲ့အခါ အချိန်မီ
စောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ဖြစ်တာပါ။ စေတနာရှင်
အလှူရှင်တွေရဲ့ ပူးပေါင်းပါဝင် မှုကြောင့် အခုလိုမျိုး ကုသိုလ်ဖြစ်ဆေးခန်း
ဖြစ်ပေါ်လာတာပါ။စဖွင့်တဲ့နေ့မှာ ရန်ကုန်နဲ့ မန္တလေးက အထူးကု
ဆရာဝန်ကြီးတွေကနေ လာရောက်ပြီး ဆေးကုသပေးကြမှာပါ'' ဟု မန္တလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ရွှေဆံနွယ်
ဆရာတော်က မိန့်ကြားသည်။

ဖွင့်ပွဲနေ့တွင် ဆရာဝန်သူနာပြုများ စုစုပေါင်းအယောက် ၂၀၀ကျော် လာရောက်လုပ်အားဒါနပေးမည်ဖြစ်ရာ ဆေးခန်းကို နေ့စဉ်နံနက်၈နာရီမှ မွန်းလွဲ၃နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းလူဇော်
Yangon Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...