Ads (728x90)




Tuesday, December 25, 2012

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ဆိုက်ဆက်နယူတန်ရဲ့  မွေးနေ့ ဖြစ် ပါတယ်။ ၁၆၄၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ မွေးဖွားပြီး ၁၇၂၇ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

သူသက်ရှိစဉ် ကာလအတွင်း ကမ္ဘာအတွက် အကြီးမားဆုံး ပြောင်းလဲမှု များ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့တိုင်ပဲ သူဟာ ကမ္ဘာ့သမိုင်း အတွင်း သြစာ လွမ်းမိုးမှု ကြီးမားသူ တစ်ဦး အဖြစ် သတ်မှတ် ထားပါတယ်။ အင်္ဂလိပ်လူမျိုး ရူပဗေဒ ပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒ ပညာရှင်၊ အတွေးအခေါ် ပညာရှင်၊ ဒဂဿဂိရတ် ပညာရှင် အစရှိသဖြင့် ဂုဏ်ပုဒ်ပေါင်း မျိုးစုံ ကြွယ်ဝပြီး စွယ်စုံ ထူးချွန်သူ တစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဦးဆုံး အဝေးကြည့် မှန်ပြောင်း (တယ်လီစကုပ်) ကိုလည်း သူပဲတီထွင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာမြေဆွဲငင်အား နိယာမ ( universal gravitation ), လှုပ်ရှားမှု ဆိုင်ရာ နယူတန် နိယာမ ၃ ရပ် ( the three laws of motion), သုံးမြောင့် ဖန်တုံးကို အခြေခံသော အရောင် သီအိုရီ၊ အေး ခဲခြင်း နိယာမ၊ အသံ၏ အရှိန်နှုန်း အစရှိသဖြင့် ပြောမကုန်နိုင်အောင် များပြားလှသော သီအိုရီနဲ့ အယူအဆ၊ ပညာရပ်များကို နယူတန်က ထုတ်ဖော်နိုင်ခဲ့ ပါတယ်။

ယနေ့ သိပ္ပံပညာရပ်ရဲ့  အားအကြီးဆုံး အထောက်အပံ့လို့ လက်ခံထားပြီး နယူတန် မရှိလျှင် သိပ္ပံပညာ မရှိ လို့တောင် ဂုဏ်တင်ပြောဆိုခဲ့ပါတယ်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ နယူတန် (Sir Isaac Newton) မွေးဖွား ခဲ့တဲ့ နေ့ရက်လေးမို့ အမှတ်ရစေရန် ရေးသား ဂုဏ်ပြု မျှဝေလိုက်ရပါတယ်။

Happy Birthday Sir Isaac Newton!!!!!
--
Ref: wiki
International news for myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...