Ads (728x90)
Photo: Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်အဆင်းတွင် ပျက်ကျမှုသတင်း
Tuesday, December 25, 2012
အဲပုဂံလေကြောင်းခရီးစဉ်အမှတ် W9-011 လေယာဉ်အမှတ် XY-AGC
ဖော်ကာ F - 100 အမျိုး အစားလေယာဉ်မှာ လေယာဉ်အမှုထမ်း
၆ ဦး၊ လုံခြုံရေး ၂ ဦး၊ နိုင်ငံခြားသား ၅၁ ဦးအပါအ၀င် ခရီးသည် ၆၃ ဦး စုစုပေါင်း ၇၁ ဦးလိုက်ပါလာပါတယ်။
ယနေ့နံနက် ၀၈၅၅ နာရီအချိန်မှာ လေဆိပ်အဆင်း မြူနှင်းများကြောင့်
ပြေးလမ်းဘေး လယ်ကွင်း အတွင်းသို့ မှားယွင်းဆင်းသက်ခဲ့တဲ့အတွက်
လေယာဉ်အမြီးပိုင်းကျိုးပြီးမီးလောင်သွားခဲ့ပါတယ်။
မီးသတ်ယာဉ်များနဲ့ တာဝန်ရှိသူများ ၀၉၀၀ နာရီမှရောက်ပြီး ၀၉၄၅ ချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ခရီးသည်များအနက် လေယာဉ်မှူး၊ တွဲဘက်
လေယာဉ်မှူးနဲ့ နိုင်ငံခြား သား လေးဦးအပါအ၀င် ခရီးသည် ၉ ဦး ပေါင်း 
၁၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး
သေဆုံးခဲ့ပါတယ်။
လေယာဉ်မှားယွင်းဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ်စီးနေသူ
နှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းများကို ဆက်လက်
ဆောင်ရွက်နေပါတယ်။
အသေးစိတ်အချက်အလက်များကို MRTV 4 , FMရေဒီယိုအစီအစဉ်များနဲ့
မြန်မာ့အသံ ရေဒီယို အစီအစဉ်များကနေ ထုတ်ပြန်ကြေငြာပေးပါ့မယ်။
Ye Htut
Tuesday, December 25, 2012
အဲပုဂံလေကြောင်းခရီးစဉ်အမှတ် W9-011 လေယာဉ်အမှတ် XY-AGC
ဖော်ကာ F - 100 အမျိုး အစားလေယာဉ်မှာ လေယာဉ်အမှုထမ်း
၆ ဦး၊ လုံခြုံရေး ၂ ဦး၊ နိုင်ငံခြားသား ၅၁ ဦးအပါအ၀င် ခရီးသည် ၆၃ ဦး စုစုပေါင်း ၇၁ ဦးလိုက်ပါလာပါတယ်။
ယနေ့နံနက် ၀၈၅၅ နာရီအချိန်မှာ လေဆိပ်အဆင်း မြူနှင်းများကြောင့်
ပြေးလမ်းဘေး လယ်ကွင်း အတွင်းသို့ မှားယွင်းဆင်းသက်ခဲ့တဲ့အတွက်
လေယာဉ်အမြီးပိုင်းကျိုးပြီးမီးလောင်သွားခဲ့ပါတယ်။
မီးသတ်ယာဉ်များနဲ့ တာဝန်ရှိသူများ ၀၉၀၀ နာရီမှရောက်ပြီး ၀၉၄၅ ချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ခရီးသည်များအနက် လေယာဉ်မှူး၊ တွဲဘက်
လေယာဉ်မှူးနဲ့ နိုင်ငံခြား သား လေးဦးအပါအ၀င် ခရီးသည် ၉ ဦး ပေါင်း
၁၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး
သေဆုံးခဲ့ပါတယ်။
လေယာဉ်မှားယွင်းဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ်စီးနေသူ
နှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းများကို ဆက်လက်
ဆောင်ရွက်နေပါတယ်။
အသေးစိတ်အချက်အလက်များကို MRTV 4 , FMရေဒီယိုအစီအစဉ်များနဲ့
မြန်မာ့အသံ ရေဒီယို အစီအစဉ်များကနေ ထုတ်ပြန်ကြေငြာပေးပါ့မယ်။
Ye Htut
Update NEWS: ယခုအခါတွင် အားနည်းချက်များကြောင့် သတင်းများသည်လည်း များစွာကွာခြားကြပါသည်။ Weekly Eleven မှ ပြောကြားရာတွင် Landing Gear ကြောင့်လို့ပြောပါသည်။ ဖြစ်စဉ်အမှန်မှာ နှင်းများစွာ ထူထဲပြီးကျဆင်းသည့်အတွက် လေယာဉ်ကွင်းကို ကောင်းစွာမြင်နိုင်ခြင်းမရှိပဲဟဲဟိုး-အောင်ပန်း ကားလမ်းအနီးရှိ သစ်ပင်များနှင့်ဝင်တိုက်မိကာ အနီးရှိ စိုက်ပျိုးရေးဌာန၊ စိုက်ကွင်းထဲသို့ smooth landing လုပ်ခဲ့ရသည်။ လယာဉ်မှာ မီးလောင်သွားခဲ့ရာ လေယာဉ်ပေါ်ပါခရီးသည်နှင့် လေယာဉ်အမှုထမ်း (၇၁)ဦးပါရှိပြီး (၁၁)ဦးဒဏ်ရာရရှိ၍ တောင်ကြီးမြို့ရှိ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ကျန်(၅၉)ဦးမှာ ဟဲဟိုးလေဆိပ်တွင် အန္တရာယ်ကင်းစွာရှိပါသည်။ လေယာဉ်ပေါ်တွင် ကလေး(၁)ဦးအလောင်းတွေ့ရှိရကြောင်း သတင်းရရှိသည်ဟု ရဲဇာနည်တွင် တရားဝင်ဖော်ပြပါရှိပါသည်။ The Voice မှ ထုတ်ပြန်သောသတင်းတွင် လေယာဉ်အင်ဂျင်မီးလောင်သွားသည်ဟုလည်း ဖော်ပြပါရှိပါသည်။ အခြားသော သတင်းများကမူ အဲပုဂံလေယာဉ်သည် လေယာဉ်ကွင်းမရောက်မီ အရေးပေါ် လေယာဉ်ဆင်းသက်စဉ် ဓာတ်ကြိုးနှင့်ညှိပြီး လေယာဉ်ကွင်းအပြင်ဘက် ကားလမ်းမပေါ်တွင် မောင်းနှင်လာသော ဆိုင်ကယ်နှင့် ညှိမိရာ ဆိုင်ကယ်သမား နှစ်ဦးအနက် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဟဲဟိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်ထွန်းကအတည်ပြု ပြောကြားသည်။
မီးလောင်ကျွမ်းနေသည့် လေယာဉ်အား တောင်ကြီး၊ ကသာ၊ ဟဲဟိုး၊ ရွှေညောင်၊ အောင်ပန်း၊ အေးသာယာမြို့နယ်တို့နှင့် ဟဲဟိုးလေဆိပ်မှ မီးသတ်ကားအပါအ၀င် မီးသတ်ကား စုစုပေါင်း ၁၀ စီးဖြင့် မီးငြှိမ်းသတ်ရာ ယခုအခါ မီးငြှိမ်းသွားပြီဖြစ်ကြောင်း ကလောမြို့နယ် အရံမီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးခွန်ဂျာတင့်ကပြောသည်။
လေယာဉ် အရေးပေါ်ဆင်းသက်ပြီး ခရီးသည်များယာဉ်ပေါ်မှဆင်းသက်ပြီးမှ လေယာဉ်တစ်စီးလုံးမီးလောင်သွားကြောင်းမျက်မြင်တွေ့သူမျာမှပြောပါသည်။
  ဆေးရုံသို့ ရောက်ရှိနေသော ခရီးသည်များထဲမှ သိရှိရသော အမည်စာရင်းကို Air Bagan က အောက်ပါအတိုင်း ထုတ်ပြန်လိုက်ပါသည်။
(ခရီးသည် ၇ ဦး)
မစ္စတာ အလန် လိုကော့စ် - အမေရိကန်- အမျိုးသား
ဆူန်နာ ချော့ဂ်ျနစ် ၀ိုက်စ် - အမေရိကန် - အမျိုးသမီး
ကိုစိုးမိုးသူ - မြန်မာ - အမျိုးသား
မစ္စ မော အိဗလင်း - ယူကေ - အမျိုးသမီး
မတိုးတိုးခင် - မြန်မာ- အမျိုးသမီး
မခင်အေးလှိုင် - မြန်မာ - အမျိုးသမီး
မစ္စတာ ဟန်ကွမ်း လူ - ကိုရီးယား - အမျိုးသား
(လေယာဉ်မောင်း ၂ ဦး)
ကပ္ပတိန် - မောင်မောင်ထွေး
ပျံသန်းရေးအရာရှိ - နေလင်းထွန်း
Air Bagan လေယာဉ် ထိခိုက်မှု ၂ ဦးသေ ၁၂ ဦး ဒဏ်ရာရ
Tuesday, December 25, 2012
မန္တလေးမှ ဟဲဟိုးမြို့ကို ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းက ပျံသန်းလာတဲ့ Air Bagan လေ ကြောင်းလိုင်းက ခရီးစဉ် W-9 011
လေယာဉ်တစီး ထိခိုက် မီး လောင် မှုကြောင့် ၂ ဦးသေ ဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
လေယာဉ် ကပ္ပတိန် မောင် မောင်ထွေးပါ လေယာဉ်အမှုထမ်း ၆ ဦး၊
လေယာဉ် လုံခြုံရေး ၂ ဦး၊ နိုင်ငံခြား သား ၅၁ ဦး အပါအ၀င် ခရီးသည်
၆၃ ဦး၊ စုစုပေါင်း လူဦးရေ ၇၁ ဦးတင်ဆောင်ထားသော လေယာဉ်တစီးဟာ ဟဲဟိုး လေဆိပ် အနီးမှာ အရေးပေါ် ဆင်းခဲ့ရတယ်လို့ မြန်မာအသံက
နေ့လယ် ၁၀ နာရီ ၅၅ မိနစ်မှာ ကြားဖြတ်သတင်းအဖြစ် ကြေငြာ သွားပါတယ်။
မြန်မာ့ ရုပ်မြင်သံကြား အဆိုအရ ၈ နာရီ ၅၅ မိနစ်တွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မြူနှင်းများ ဖုံးလွှမ်းနေမှုကြောင့် လေယာဉ်ပြေးလမ်းဘေး လယ်ကွင်းများအတွင်းသို့ မှားယွင်းဆင်းသက် ခဲ့ပြီး လေယာဉ် အမြီးပိုင်း
ကျိုး၍ မီးလောင်ခဲ့ကြောင်း၊ နံနက် ၉ နာရီတွင် မီးသတ်ကားများ ရောက်
ရှိငြိမ်း သတ်ခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အချိန် ငြှိမ်းသတ် နိုင်ခဲ့ကြောင်း၊ ခရီးသည်တွေကို ကယ်တင်ခဲ့ပြီး လေယာဉ် ကွင်း အနီးတွင် ယာယီ
စောင့်ရှော်ကထားကြောင်းလည်း မြန်မာ့ ရုပ်မြင်သံကြားက ကြေငြာ
သွားခဲ့ပါတယ်။
အသက် ၁၁ နှစ်အရွယ်ခန့် ကလေးတဦးသေဆုံးခဲ့ပြီး လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ နိုင်ငံခြားသား ၄ ဦးအပါအ၀င် ခရီးသည် ၉ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာ ရှိခဲ့လို့ ဟဲဟိုးနဲ့ တောင်ကြီး စပ်စံထွန်း ဆေးရုံတွေ ကို ပို့၍ ဆေးကုသပေးနေ ကြောင်းလည်း သိရပါတယ်။
မှားယွင်း ဆင်းသက်မှုကြောင့် ဆိုင်ကယ်စီးနေသူ ၂ ဦးအား တိုက်မိပြီး ၁ ဦးသေဆုံးက ၁ ဦး ဒဏ်ရာ ရှိခဲ့ကြောင်းမြန်မာ ရုပ်မြင်သံကြားက
ကြေငြာခဲ့တာမို့ အခုဖြစ်စဉ်မှာ သေဆုံးသူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၂ ရှိတာဖြစ်ပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာ
တွင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်ကြားရေး ၀န် ကြီးဌာနရဲ့ ကြွေးကြော်
ထားချက်ဖြစ်တဲ့ ပြည်သူ ဗဟိုပြု Public Media Service လို့ ဆိုထားတဲ့
အတိုင်း အချိန်နဲ့ တပြေးညီ နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။
“Air Bagan လေယာဉ်သတင်းနဲ့ပတ်သက်ပြီး အတိအကျသတင်း
ထုတ်ပြန်ပေးနိုင်ဖို့ ဆောင်ရွက် လျှက် ရှိကြောင်း တင်ပြ အပ်ပါတယ်။
ကနဦး သတင်းများရရှိထားပြီးဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး အခြေ အနေများကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ဖို့ အတွက် ဆက်သွယ်ဆောင်ရွက်
လျှက်ရှိပါတယ်” လို့ ဦးရဲထွဋ် က ရေးထားပါတယ်။
ဒါပေမယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်းကြေငြာသူက အဆိုပါ အဲယားပုဂံလေယာဉ် ထိခိုက် မီးလောင်မှုသတင်းကို ချက်ချင်းမကြေညာနိုင်
ခဲ့ဘဲ ၁၀ နာရီ ၅၅ မိနစ်အချိန်ရောက်မှသာ ကြေငြာခဲ့ပါတယ်။
အခုဆိုရင် ဟဲဟိုး လေဆိပ်ရှိရာသို့ Air Bagan လေဆိပ်ကို အဆိုပါ ကုမ္ပဏီပိုင်ရှင် ဦးတေဇ လည်း ရောက်ရှိလာပြီး ထိခိုက် ဒဏ်ရာရသူတွေနဲ့
လေယာဉ်စီးခရီးသည်တွေကို အားပေးဖို့ ရောက်လာတယ်လို့ သိရ ပါတယ်။
အစောပိုင်း Air Bagan က သတင်းထုတ်ပြန်မှုတွင် သေဆုံးမှု မရှိကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။
irrawaddy
အဲပုဂံလေယာဉ် တိုက်ခံခဲ့ရသော ဆိုင်ကယ်စီးနင်းသူတစ်ဦးထပ်မံသေဆုံး
Tuesday, December 25, 2012
အဲပုဂံလေယာဉ် မှတိုက်မိခဲ့သောဆိုင်ကယ်တွင် လူသုံးဦးစီးနင်းလာပြီး တစ်ဦးမှာနေ့ရာတွင်ပင်သေဆုံးကာ အခြားတစ်ဦးမှ ဆေးရုံတွင် နေ့လည် တစ်နာရီခန့်ကထပ်မံသေဆုံးသွားကြောင်းသိရသည်။ အခြားတစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စစ်စံထွန်းဆေးရုံတွင်တင်ထားကြောင်းထပ်မံသိရှိရသည်။
MON
မတော်တဆမှုဖြစ်ခဲ့သော ဟဲဟိုးခရီးစဉ်မှ ပထမအသုတ် ခရီးသည် ၂၄ ဦးသည် Asian Wings လေကြောင်းဖြင့် ဟဲဟိုးလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လာနေပြီဖြစ်ပြီး ၄င်းခရီးသည်များမှာ အထိတ်တလန့်ဖြစ်ခဲ့ခြင်း၊ အနည်းငယ်ပွန်းပဲ့ဒဏ်ရာ ရရှိခြင်းများ ရှိခဲ့ခြင်းကြောင့် အဲပုဂံလေကြောင်းလိုင်းမှ ၄င်းတို့၏ နေအိမ်နှင့် တည်းခိုရာ ဟိုတယ်များသို့ တိုက်ရိုက်မပြန်စေဘဲ ဝိတိုရိယဆေးရုံကြီးတွင် လိုအပ်သော စစ်ဆေးမှု (Medical Checkup) ပြုလုပ်ပေးရန် စီစဉ်ဆောင်ရွက် ထားရှိပါသည်။ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ခရီးသည်များ သွားလိုရာသို့ လေကြောင်းလိုင်းမှ လိုက်လံ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း Air Bagan လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ထားသည်။
အဲပုဂံလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းရေးကော်မတီကို ချက်ချင်းဖွဲ့စည်းကာ စစ်ဆေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
စုံစမ်းရေးကော်မတီတွင် မြန်မာ့လေကြောင်းမှ လေယာဉ်မှူးတစ်ဦးနှင့် အင်ဂျင်နီယာတစ်ဦး၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာတစ်ဦးနှင့် အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးလည်းပါဝင်ပြီး စုစုပေါင်း အဖွဲ့ဝင်ငါးဦးဖြင့် ဟဲဟိုးလေဆိပ်တွင် ကွင်းဆင်းစုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။
7Day News Journal
ဟဲဟိုးမတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ခရီးသည်မှာ ပျောက်ဆုံးနေသည့် မနွဲ့လင်းရှိန်(Tour Guide) ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေးကြောင်း သိရှိရပါသည်။
ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း ထိခိုက်သေဆုံးသွားသူမှာ ဦးပြားဟု သိရှိရပါသည်။
အဲပုဂံမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါသည်။ ကောင်းရာမွန်ရာသို့ ရောက်ရှိပါစေကြောင်းကိုလည်း ဆုတောင်းမေတ္တာပို့သလျက် ရှိပါသည်။
ကျန်ခရီးသည်များအနက်မှ စဝ်စံထွန်းဆေးရုံသို့ ၉ ဦးရောက်ရှိနေပါသည်။ ဂ ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာရရှိပြီး ၁ ဦးမှာ ၄င်း၏ ခရီးသွားဖော်အတွက် အဖော်လိုက်သွားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ၄င်းခရီးသည်များကိုလည်း ရန်ကုန်သို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။
အဲပုဂံလေကြောင်းလိုင်းအနေဖြင့် လိုအပ်သော တာဝန်ယူမှုအားလုံးကို တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ပါကြောင်းကိုလည်း အသိပေးကြေငြာအပ်ပါသည်။
  လေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ဦးစီးဌာနတွင် လေကြောင်း လိုင်းများမှ လေယာဉ်များ မတော်တဆ ဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးသော ဌာနတစ်ခု သီးသန့်ထားရှိပြီး အဆိုပါဌာနမှ ကော်မရှင်ဖွဲ့ စစ်ဆေးမှုများ ပြု လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ ပြီးပါက ထိုက်သင့်သလို အရေးယူဆောင် ရွက်ရန် အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အခြားအဖွဲ့များမှ ဆွေးနွေး ညှိနှိုင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ပြော သည်။
လက်ရှိတွင် ဖွဲ့စည်းထားသော ကော်မရှင်အဖွဲ့များသည် ဟဲဟိုးလေဆိပ်သို့ သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး မတော်တဆဖြစ်ရခြင်း အကြောင်းအရင်း အမှန်ပေါ်ပေါက်လာစေရန် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
PN-029
Popular Myanmar News Journal
လက်ရှိအခြေအနေတွင် ခရီးသည် ၂၆ ဦးကို ရန်ကုန်မြို့ရှိ ၀ိတိုရိယ ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် ရောက်ရှိနေကြောင်း သိရှိရပြီး ကျန်ရှိသော တောင်ကြီး စ၀်စံထွန်းဆေးရုံ၌ ဆေးကုမှုခံယူနေသော ခရီးသည်များကို ၀ိတိုရိယ ဆေးရုံကြီးသို့ အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ ရှိကြောင်း၊ယင်းခရီးသည်များထဲမှာ ပါရှိသော နိုင်ငံခြားသား ခရီးသည်များကိုလည်း ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပြီး ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် အနားယူခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခုရောက်ရှိလာသော ခရီးသည် ၂၆ဦးမှာ ယနေ့(ဒီဇင်ဘာလ ၂၅ ရက်နေ့) ညနေ ၄နာရီခန့်က ပြည်တွင်းဆိုက်ရောက်မှ ရောက်ရှိလာကြောင်းကိုလည်း Air Bagan မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
EMG
Press Release
An accident happened to Air Bagan flight W9-011 during landing near Heho airport at 08:50 a.m. on 25 December 2012. The Fokker 100 aircraft was carrying 65 passengers, 6 crew members including a pilot and a co-pilot.
The emergency exit was opened as soon as the aircraft landed in the nearby field and passengers were evacuated by our cabin crew. Eight passengers were injured as the aircraft caught fire and were taken to the nearest Sao San Tun hospital in Taung Gyi for treatment.
Ma Nwe Lin Shein, a tour guide, was identified as the only fatality on board. U Pyar who was travelling on a motor cycle on the ground was hit by the aircraft as it landed and was killed.
Twenty six of the passengers were brought back to Yangon on a special flight arranged by Air Bagan and were taken to Victoria hospital for medical check-up. They will be accommodated at the Kandawgyi Palace Hotel after being discharged from the hospital tonight. All remaining passengers including the eight injured ones will be arriving Yangon tonight on Air Bagan special flight.
Air Bagan deeply regret the deaths of two persons and tender its condolences to the bereaved families.
We apologize to all passengers and their families for the inconvenience caused by the accident. We will provide every help and assistance that the passengers might need during their time at Kandawgyi Palace Hotel.
Air Bagan in collaboration with the Ministry of Transport is investigating into the cause of the accident. We will take full responsibility for all passengers and will release further information as we received it.
24Like · ·
  • Myo Thiha and 31 others like this.
  • အစိမ်းရောင် လွင်ပြင် ဘာဘဲဖြစ်ဖြစ် တာဝန်ယူရဲတာ တောင်းပန်ရဲတာ ချီးကျူးပါတယ်..Air Bagan..
  • Thetphone Hlaing မြန်မာပြည်တွင်လုပ်သည်ဆိုတာကြားဖူးကြလား ဂီယာဒုတ်ထောက် အင်ဂျင်ဝိုင်ေ၇ထိုးဆိုတာ ။ အခုလာပီလေယာဉ်ပျံတွေ
  • Thè Ye Soe Final Destination 1.
  • Min Chit Thu Crash plane wasn't that prop one. Should be mentioned with another type of F100 jet. Anyway Thank for your info.
  • Evan Dando This is the THIRD times in air bagan flight history, the BoD must take a closer look at the management system not to happen again. To avoid future accident, shall up grade their fleet and personnel. An international practice shall carry out and not old and out dated system shall be avoided...
  • Win Myint Soe ဘာဘဲပြော ပြောခ၇ီးသယ်တွေအတွက်တာဝန်ကျေဆောင်၇ွက်ပေးတဲ့air bagan ကိုကျေးဇူပါ။
    Air Baganလေယာဉ် မတော်တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာရရှိသူများကို ရန်ကုန်ဆေးရုံကြီး သို. ပို.ဆောင်ပေးရန် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားကြောင်း ၀ိတိုရိယဆေးရှုံ Chief Operation Officerဦးလောရင့်(U Lawrence) ကThe Voice Weekly သို့ပြောကြားသည်။
    ဒဏ်ရာရရှိသူများအနက် ဗမာလူမျိုးဗြိတိသျှနိုင်ငံသားမှာ ခါးရိုး အနည်းငယ်ပဲ့သွားသော်လည်း ဆေးရုံ တက်ရောက်ကုသစရာ မလိုအပ်ကြောင်းနှင့်ဗမာလူမျိုးအမေရီကန်နိုင်ငံသူမှာခါးရိုးအနည်းငယ်ထိသွားသည့်အတွက် CT Screamရိုက်ထားရကြောင်း သို့သော် ကြီးမားသည့် ဒဏ်ရာ မဟုတ်ဟု၎င်း၏ ပြောကြားချက်အရသိရသည်။
    လေယာဉ်မှူး ကို ချီးကျူးပါတယ်ရှင်
    တကယ်တော့ ဒီနေ့ အဲယားပုဂံရဲ့ ဖြစ်စဉ်လေးဟာ အတော့်ကို အံ့သြစရာပါ၊ မြန်မာပြည်မှာ ပျက်ကျ တဲ့လေယာဉ်တိုင်း လူရှင်တယ်ဆိုတာ မရှိပါဘူး၊ ကားတောင် တိုက်မိရင်ဘယ်လိုနေမလဲ၊ ခုတော့ လေယာဉ်ပြေးနှုန်းနဲ့တိုင်းတာကြည့်ရင် ဒီနေ့ဖြစ်စဉ်ဟာ အင်မတန်မှ ကံကောင်းလွန်းတယ် လို့ထင်ပါတယ်၊ ထိခိုက်သေဆုံးမှုနည်းတာဟာ အင်မတန်မှ အံ့သြ၀မ်းသာစရာပါ မနက်စောစော ဒီသတင်းကို ရတာနဲ့ လူတွေသေပြီလို့ထင်ပြီး ၀မ်းနည်းမှုကြောင့် မျက်ရည်ဝဲရပါတယ်၊ ဖြစ်ချင်တော့ တောင်ကြီးတစ်မြို့လုံးဟာ လျှပ်စစ်ပြတ်တောက်ခဲ့ရတယ် ဟိုက ဒီက ဖုန်းတွေဝင်လာလို့ ဖုန်းဓါတ်ခဲက ကုန်သွားတော့ သတင်းတွေဟာ လူမသေဘူးလို့ရတဲ့အထိ ပဲ သိရတယ် ညနေမှ 1750လောက်မှာ မီးတွေပြန်လာတော့ ဖုန်းအားသွင်းနေရင်း သတင်းတွေ ၀င်လာပါတယ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်သေတယ်တဲ့ ၊ သူ့အတွက်ရင်ထဲမှာ လုံးဝ မကောင်းပါဘူး၊ ကံတရားကို ပြန်တွေးကြည့်တော့ ဒီလောက် ထက်ပိုင်းပြတ် မီးလောင်တဲ့ထဲမှာ တစ်ဦး ဆုံးရှုံးသွား တာကို ပဲ စိတ်မကောင်းစွာကြားသိရပြီး ၀န်ထမ်း၊ ခရီးသည် 71ဦးအနက် 70ဦးမှာ ထိခိုက်ဒဏ်ရာ ရတာ သိပ်မပြင်းထန်ဘူးတဲ့ အမေရိကန်(2)ဦး။ တရုတ်(1)ဦး၊ ပြင်သစ်(1)ဦး ၊ ပြည်တွင်းခရီးသည် (5)ဦးတို့ ဒဏ်ရာရတယ်တဲ့၊ လေယာဉ်မှူး မောင်မောင်ထွေးက ဒဏ်ရာရတယ်တဲ့၊ ဓါတ်အားလိုင်းကို ဘီးညိပြီး သစ်ပင်တွေနဲ့အတူ ဆင်းလာချိန်မှာ အောက်က ဆိုင်ကယ်သမား (1)ဦးသေဆုံး တယ်တဲ့၊ ဒီဖြစ်စဉ်ကို ပြန်တွေးကြည့်တော့ လေယာဉ်မှူး ကို ချီးကျူးပါတယ် လူ့အသက် (70)ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ဆုံးအချိန်ထိ မြေပေါ်မှာ ဒရွတ်တိုက်ဆွဲပြီး ဆင်းလာနိုင်တဲ့အတွက်၊ သူတော်တော်ကြိုးစားခဲ့ရပါမယ်၊ လူတိုင်းဟာ မတော်တဆမှုနဲ့ကြုံတဲ့အခါတိုင်း သတိလစ် မေ့မျော တတ်ပါတယ်၊ ဒါမှမဟုတ် ကြောင်တက်ပြီး ဘာမှ မဆုံးဖြတ်နိုင်ဘူး၊ လေယာဉ်မှူးကို ချီးကျူးရတာ ကတော့ ကျွန်မအတွေးမှာ သူဟာ ဆင်းမှ ဖြစ်မယ့်အနေအထားမှာ သူပြန်လှည့်လို့မရနိုင်မှန်း သိလို့ ကွင်းကို တောင်းဆင်းတာဖြစ်လိမ့်မယ်၊ ကွင်းကလည်း ဆင်းခွင့်တော့ပေးမှာမဟုတ်ဘူးလေ၊ နှင်းကျ ပြီး ပိတ်နေရင် ၀ယ်သာမပေးရင် ဆင်းခွင့်ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် နောက်လှည့်ပြန်ဖို့အတွက် သူ့မှာ အခွင့်အရေး မရှိလို့သာ ဆင်းခွင့်တောင်းခဲ့တာဖြစ်ရမယ်၊ ဒီနေရာမှာ 50း50သာအခွင့်အရေး ရှိတာကို လေယာဉ်မှူးက 90း10အခွင့်အရေး ဖြစ်အောင် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ ၊ လေယာဉ်မှူးမှာသာ သတိမရှိရင် ဘီးနဲ့ဓါတ်အားကြိုးညိပါလာချိန်မှာ သူမှင်သက်ပြီး ဆုံးဖြတ်ချက် မှားခဲ့ရင် အဲဒီနေရာမှာတင် ပေါက်ကွဲမှုဟာ ပြင်းထန်ပြီး တစ်ယောက်မှ ရှင်မှာမဟုတ်ဘူး၊ သူ့မှာ ဓါတ်ကြိုးတွေ သစ်ပင်တွေပါလာတာတောင် မြေပြင်ကို ၀ပ်ဆင်းနိုင်အောင် ပဲ့ကိုင်နိုင်ခဲ့တယ်၊ မြေပေါ် ဒရွတ်တိုက် ၀ပ်ဆင်းခဲ့လို့သာ ပေါက်ကွဲမှုမဖြစ်ခဲ့တာ၊ လူတွေ (70)ကို (လုံးဝ၊ လုံးဝ)မယုံနိုင်အောင် အသက်ရှင်စေခဲ့တာ၊ ကျွန်မ အမြင်က သေးရင်သေးမယ်၊ ဒါပေမယ့် ကျွန်မ ဒီနေ့ အဖြစ်အတွက် ၀မ်းနည်းရသလို၊ လူ(70)အသက်မသေတာကို ၀မ်းသာမိတယ်၊ ဒါကြောင့် လေယာဉ်မှူးကို ချီးကျူးတယ်၊ ဂုဏ်ယူပါတယ်၊ တော်ပါတယ်လို့ပြောချင်ပါတယ်ရှင်၊ မြေပြင်ပေါ်က ဆိုင်ကယ်သမားအတွက် ကတော့ စိတ်မကောင်းဝမ်းနည်းရပါတယ်၊ သူ့ကံကို က လေယာဉ်နဲ့များ သေဖို့ ကံပါသလားနော်၊ လေယာဉ်ကော တစ်ခါလောက်များ စီးဖူးပါရဲ့လားလို့ တွေးမိပါတယ်၊ သူသေရ တာကတော့ မတော်တဆမှုအတွက် ဖြစ်ပျက်သွားတဲ့ ရှောင်လွှဲမရနိုင်တဲ့ ရုတ်တရက်ခံစားသွား ရတာပါ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်၊ (ဒီနေ့အဖြစ်လေးကို ၀မ်းနည်းလွန်းလို့ ဒီစာလေးကို ရေးတာပါ၊ လေယာဉ်မှူးကိုလည်း လူတိုင်း ချီးကျူးနိုင်ပါစေ အမှန်မြင်ကြည့်ရင် မြေပြင် ရောက်တဲ့အထိ သူဆင်းသက်နိုင်ခဲ့တာ၊ လူ(1)ယောက်ပဲ ဆုံးရှုံးခဲ့တာ ဟာ မြင်တတ်ရင်တော့ ချီးကျူးစရာ ဂုဏ်ယူစရာပါ)
    ခင် ခင်
    http://www.facebook.com/himawaritgi
Share By :
Myanmar Online News
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...