Ads (728x90)


Tuesday, December 25, 2012

၂၄-၁၂-၂၀၁၂ ရက်နေ့ ၁၈၄၅ အချိန် မန္တလေးဆေးရုံကြီးသို့
ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦးရောက်ရှိလာကြောင်း သတင်းအရ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်နေ
မြတ်နိုးအောင်(၁၅)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာမရှိဘဲ ရွှံ့များပေကျံ၍
သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်ရှိ တက်ဦးပညာ့ရိပ်သာဘော်ဒါ ဆောင်တွင် တက်ရောက်သင်ကြားနေသည့်
မြတ်နိုးအောင်ပါကျောင်းသား(၂၀)ဦးခန့်သည် ပြင်ဦးလွင် မြို့နယ် ဒီးဒုတ်ရေတံခွန်သို့ အလည်အပတ်ရောက်ရှိရေချိုးနေစဉ်
ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရ သဖြင့် ၁၉၅၀ ချိန် ပြင်စာရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၂)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


BY :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...