Ads (728x90)


ထူးဖောင်ဒေးရှင်းမှ ဦးဆောင်၍ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် AGD Bank၊ First National Insurance (FNI) နှင့် One Championship အဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊၁၄/၂ ရပ်ကွက်ရှိ မြင် သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ တစ်နေ့တာဆွမ်း အဟာရလှူဒါန်းမှု သွားရောက်ပြုလုပ်ခဲ့ပါသည်။

အဆိုပါကျောင်းသို့ ယနေ့နံနက် ၁၀နာရီခန့်တွင် ရောက်ရှိလာကြသော ထူးဖောင်ဒေးရှင်းနှင့်အဖွဲ့များသည် ဆရာတော်ထံမှ တရားနာယူကြပါသည်။ ထို့နောက် ဆရာတော်က တစ်နေ့တာ ဆွမ်းအဟာရ လှူဒါန်းမှု အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးခဲ့ပါသည်။ ဆွမ်းအဟာရလှူဒါန်းမှုအလှူငွေမှာ ၁၀သိန်းကျပ်ဖြစ်ပြီး န၀ကမ္မလှူဒါန်းငွေအဖြစ် ကျပ် ၂သိန်း ၅ငါးသောင်းကိုလည်း လှူဒါန်းခဲ့ပါသည်။


ထို့နောက် မြင်သာမြို့ဦးကျောင်းတွင် ပညာသင်ယူနေကြသော ကျောင်းသား ၊ကျောင်းသူများ နေ့လည်စာ စားသုံးရာတွင် ထူးဖောင်ဒေးရှင်းမှ ၀န်ထမ်းများ၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှဝန်ထမ်းများ၊ FNI မှဝန်ထမ်းများနှင့် One Championship အဖွဲ့မှ နာမည်ကျော် MMA ကစားသမားအောင်လ အန်ဆန်အပါအ၀င် အဖွဲ့ဝင်များက ကျွေးမွေး လှူဒါန်းမှုများ ကို ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။

နေ့လည်စာစားအပြီးတွင် ထူးဖောင်ဒေးရှင်းမှဝန်ထမ်းများ၊ AGD Bank ၊ FNI နှင့် One Championship အဖွဲ့မှ အောင်လအန်ဆန်တို့သည် ကလေးငယ်များနှင့်အတူ ပျော်ရွှင်စွာဖြင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါ သည်။ မြင်သာမြို့ဦးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားကလေးငယ်များအပါအ၀င် စုစုပေါင်းကျောင်းသား ၉၀၀ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားပေးနေပါသည်။

အဆိုပါကျောင်းသည် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု တတိယအဆင့် ပရဟိတကျောင်းတစ်ကျောင်းဖြစ်ပါသည်။

ထူးဖောင်ဒေးရှင်းအနေဖြင့် ယခုကဲ့သို့ အနာဂါတ်နိုင်ငံသားကောင်း သမီးကောင်းများဖြစ်သော စာသင်သား လူငယ်များကို လှူဒါန်းကူ ညီခွင့်ရရှိသဖြင့် များစွာဝမ်းသာကြောင်းနှင့် လှူဒါန်းမှုအား အများပြည်သူတို့ ၀မ်းမြောက်စွာဖြင့် သာဓုခေါ်ဆိုနိုင်ရန် ဖော်ပြအပ်ပါသည်။




Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...