Ads (728x90)


Google ကုမ္ပဏီဟာ ယင်းရဲ့ message application သစ် Allo ကို ပြီးခဲ့တဲ့
တစ်ပတ်လောက်က စတင်ထုတ်ဖော်ခဲ့ပေမယ့် အသုံးပြုသူဆိုင်ရာ
လုံခြုံရေးပိုင်းထိခိုက်နိုင်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတစ်ချို့ ရှိထားခဲ့
ပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ထဲ ရောက်ပြီး တစ်ပတ်တောင်
မပြည့်သေးခင်မှာပဲ ယင်း application ကို ဒေါင်းလုပ်ဆွဲမှု ၁
သန်းကျော်တောင် ရှိလာခဲ့တယ်လို့ သိရပါတယ်။

Allo ဟာဆိုရင် Google ရဲ နောက်ဆုံးထုတ်message application
ဖြစ်ပြီးတော့ ထွက်ရှိပြီးပြီးချင်းမှာပဲ ဒေါင်းလုပ်ဆွဲမှုအရေအတွက်က
အထင်ကြီးစရာကောင်းလောက်အောင် များပြားနေခဲ့တာဖြစ်ပါတယ်။

ယင်း application ဟာPlay Store မှာဆိုရင် install လုပ်မှုပေါင်း
တစ် သန်းနဲ့ ငါးသန်းအကြား မြင်တွေ့ထားရပြီးဖြစ်ပါတယ်။ အလားတူ
အခမဲ့ဒေါင်းလုပ်ဆွဲလို့ရတဲ့ application စာရင်းမှာလဲ
ယင်း Allo ဟာ ထိပ်ဆုံးပိုင်းကို တက်လှမ်းထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Google ရဲ့ ယခု Allo application ရဲ့ အောင်မြင်မှု
ကတော့ မကြာခင်ကမှထွက်ရှိထားတဲ့ Google Duo application
ကိုတော့ မမှီသေးပါဘူး။ Google Duo ဟာဆိုရင် ထွက်ရှိပြီး
ဆယ်ရက်တွင်းမှာပဲ install လုပ်မှု ၅ သန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။

ယင်း application ကတော့ သြဂုတ်လကအတွင်းက Facebook Messenger နဲ့ Pokemon Go တို့ထက်တောင် သာလွန်သွားခဲ့ပြီး
ဒေါင်းလုပ်အများဆုံး အက်ပလီကေးရှင်းအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါ
သေးတယ်။

Google allo ကတော့ ယင်းကို မမှီနိုင်သေးပေမယ့် ယခုလိုတစ်ပတ်
အတွင်း install လုပ်မှု တစ်သန်းဆိုတာကတော့ အထင်ကြီးစရာပဲဖြစ်
ပါတယ်။

ဒါပေမယ့်လည်း ယင်းနဲ့ပတ်သက်ပြီး အားနည်းချက်ကတော့ Allo application
ဟာ အသုံးပြုသူတွေဆီက အချက်အလက်အများစု စုဆောင်းထားနိုင်တာကြောင့် အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုပိုင်း ထိခိုက်လာနိုင်
မှုအပေါ် လူအများက စိုးရိမ်နေကြတာတွေလည်း ရှိနေပါတယ်။

အမေရိကန်ကအလိုရှိနေတဲ့ NSA ၀န်ထမ်းဟောင်း စနိုဒင်ကဆိုရင်
ယင်း Allo application ကို မသုံးကြဖို့ ထုတ်ဖော်အကြံပေးတာမျိုးတောင်
လုပ်ခဲ့ပါတယ်။

ဒီ application လူတွေအကြား ဆက်သွယ်စကားပြောဆိုမှု ပုံစံကို
ပြောင်းလဲပေးဖို့ ရည်ရွယ်ထားတဲ့ အထူးfeature တွေ အများကြီး
ထည့်သွင်းပေးထားသလို လိုအပ်တဲ့အချိန်မှာပါ အကူအညီ
အဆင့်သင့်ရနိုင်အောင် ဖန်တီးထုတ်လုပ်ပေးထားတဲ့ application
တစ်ခုဖြစ်ပါတယ်။

# SFJ Strategy First Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...