Ads (728x90)


အွန်လိုင်း အရောင်းဆိုင်တွေကနေ ဝယ်ယူမှုဟာ အတော်လေးကို များပြားလာတာ တွေ့ရပါတယ်။ အဆင်ပြေတဲ့သူလည်း ရှိသလို၊ စိတ်တိုင်း မကျရတဲ့သူလည်း အများအပြားပါပဲ။ ပုံမှာ ပြထားတာက တစ်မျိုး၊ အပြင်မှာ လာပို့တော့ တစ်မျိုး ဆိုတာတွေလည်း တွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ အွန်လိုင်းကနေ ဈေးဝယ်ရင် ဘယ်အချက်တွေ သတိထားဖို့ လိုမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အမှတ်တံဆိပ်
ကိုယ်ဝယ်မယ့် ပစ္စည်းရဲ့ အမှတ်တံဆိပ်ကို သေသေချာချာ ရွေးချယ် သင့်ပါတယ်။ အရည်အသွေးကိုလည်း ကိုယ်တိုင် သေသေချာချာ သိဖို့ လိုပါတယ်။ အွန်လိုင်းကနေ ဆိုတော့ ပုံပဲ မြင်ရတာပါ။ အရည်အသွေးနဲ့ အသုံးဝင်မှုက ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား ဆိုတာ စစ်ဆေးပါ။ ဝယ်ယူပြီးမှ စိတ်တိုင်းမကျ ဖြစ်တဲ့သူ အများစုက သေသေချာချာ မစစ်ဆေးတာကြောင့် အများစု ဖြစ်တတ်ပါတယ်။

ပစ္စည်းရောက်မှ ငွေချေ
အွန်လိုင်း အရောင်းဆိုင် အများစုကလည်း ဒီစနစ်ကို သုံးကြပါတယ်။ ဒါပေမဲ့လည်း တချို့ဆိုင်တွေကတော့ ကြိုတင်ငွေ လွှဲရပါတယ်။ ဒါကို မကြိုက်ပါဘူး။ အွန်လိုင်း အရောင်းဆိုင်တွေက ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ အချက်အလက်တွေ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ဖော်ပြထားတာမျိုးဆိုရင် တစ်မျိုးပေါ့။ ဒီနိုင်ငံမှာက အများအားဖြင့် ဖေ့ဘွတ်လို လူမှုကွန်ရက်ပေါ်ကနေတစ်ဆင့် ရောင်းချတာ ဖြစ်တဲ့အတွက် ပစ္စည်းရောက်မှ ငွေချေရတာ အကောင်းဆုံးပါပဲ။

အခြားဝယ်သူတွေရဲ့ မှတ်ချက်
လူမှုကွန်ရက်ပေါ်မှာ ရောင်းတာ ဖြစ်တာက ဒီတစ်ချက်တော့ အားသာပါတယ်။ အခြား ဝယ်ဖူးတဲ့ သူတွေရဲ့ မှတ်ချက်တွေကို လေ့လာကြည့်ပါ။ မှတ်ချက်ကောင်းတွေ များများ တွေ့ရရင်တော့ ကိုယ့်အတွက် အဆင်ပြေနိုင်ဖို့ များပါတယ်။

ကိုယ်နဲ့ သင့်တော်ပါ့မလား
အခြား အသုံးအဆောင်တွေက မသိသာပေမယ့် အဝတ်အစားလိုဟာမျိုးကျတော့ ကိုယ်နဲ့ သင့်တော်သလားဆိုတာ သေသေချာချာ စဉ်းစားဖို့ လိုအပ်ပါတယ်။ မော်ဒယ်လ်လှလှက ဝတ်ထားတာကတော့ အဆင်ပြေနေမှာပေါ့။ ကိုယ်ဝတ်ဖို့ အဆင်ပြေပါ့မလား ဆိုတာကို ထည့်စဉ်းစားဖို့ လိုပါတယ်။ အလှအပ၊ ကလေး အသုံးအဆောင် စတာတွေလည်း ဒီအတိုင်းပါပဲ။

အထက်ပါ အချက်တွေက အွန်လိုင်းကနေ ဈေးဝယ်မယ့် သူတွေအတွက် အထောက်အပံ့ ပေးနိုင်မှာ ဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

# The Voice Weekly

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...