Ads (728x90)


လုံခြုံရေးမြင့်လှပါတယ်ဆိုတဲ့ ယနေ့ခေတ် ဘယ်ဖုန်းမျိုးမကိုမဆို ဖုန်းထဲက
အချက်အလက်တွေ ဖောက်ထွင်းရယူနိုင်တယ်လို့ Cellebrite လို့ ခေါ်တဲ့ အစ္စရေးကုမ္ပဏီတစ်ခုက BBC ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဆိုပါ Cellebrite ကုမ္ပဏီဟာဆိုရင် ရဲတပ်ဖွဲ့အတွက် သံသယရှိ
ပြစ်မှုကျူးလွန်သူတွေ အသုံးပြုတဲ့ မိုဘိုင်းဖုန်းတွေဆီက ဒေတာအချက်
အလက်တွေ ကူညီရယူပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ်အစောပိုင်းက အမေရိကန်က ဆန်ဘာနာဒီနို သေနတ်
သမား အသုံးပြုခဲ့တဲ့ iPhone ကို FBI အတွက် ကူညီဖောက်ထွင်း
ပေးထားခဲ့တယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ အာဏာချုပ်ကိုင်ဖိနှိပ်တဲ့ အစိုးရ
နိုင်ငံတွေက ရဲတပ်ဖွဲ့တွေအတွက် ယင်းနည်းပညာတွေ ကူညီပံ့ပိုးပေးနေသလားဆိုတဲ့ မေးခွန်းကိုတော့ Cellebrite ကုမ္ပဏီက ဖြေကြားမသွား
ခဲ့ပါဘူး။

နည်းပညာလောကထဲ ရောက်ရှိနေတဲ့ မိုဘိုင်းဖုန်းအမျိုးအစားတော်
တော်များများကို ဖောက်ထွင်းဝင်ရောက်ပြီး အချက်အလက်တွေ
ရယူနိုင်စွမ်းရှိတယ်လို့ ယင်းကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့
Ben-Moshe က ဆိုပါတယ်။

ကုမ္ပဏီမှာဆိုရင် လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အကြီးဆုံးသော
သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့တစ်ခုလည်း ရှိနေပြီးတော့ ယနေ့ခေတ်
ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာနဲ့ အမှီလိုက်ကာ လုပ်ဆောင်နေ
လျက်ရှိတယ်လို့ ၎င်းက ပြောပါတယ်။

ဒါပေမယ့်လည်း ယခုလို ဖုန်းတွေကို အချက်လက်ဖောက်ထွင်းရယူနိုင်
စွမ်းရှိတယ်လို့ ပြောပေမယ့်လည်း မိမိတို့ ကုမ္ပဏီအနေနဲ့ နိုင်ငံတကာ
စည်းမျဉ်းဥပဒေတွေအောက်မှာပဲ လည်ပတ်လုပ်ဆောင်နေတာဖြစ်
တယ်လို့လည်း ၎င်းက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ များစွာသော မိုဘိုင်းဖုန်းကုမ္ပဏီတွေဟာဆိုရင်
ယင်းတို့ထုတ်ကုန်ပစ္စည်းတွေရဲ့ လုံခြုံရေးအတွက် နည်းပညာတွေ တိုး
တက်ထုတ်လုပ်ဖန်တီးထားနေတဲ့အချိန်မှာ ယင်းလိုမျိုး လုံခြုံမှုပိုင်း
အလုံးစုံတိုးမြင့်ထားတာက ပြစ်မှုကျူးလွန်သူတွေနဲ့ အကြမ်းဖက်
သမားတွေကို ထိန်းသိမ်းစစ်ဆေးနိုင်မယ့် အရေးကနေ ကူညီ
ရှောင်ရှားစေနိုင်လျက်ရှိကြောင်းလည်း ဗြိတိန်နဲ့အမေရိကန်က
ဥပဒေစိုးမိုးရေးအေဂျင်စီက ပြောကြားထားပါတယ်။

# SFJ Strategy First Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...