Ads (728x90)


 
 -
-----------------------------------------------------

ယမန်နေ့မှ အောင်ဆန်းကွင်းတွင် ကန်ခဲ့သော ရတနာပုံ ယူနိုက်တတ်နှင့် ဇွဲကပင် တို့ ပွဲစဉ်တွင် ရတနာပုံ ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲတွင် ကွင်းလယ်ဒိုင်လူကြီး အဖြစ် လှမင်း၊ စည်းကြပ်ဒိုင်လူကြီးများအဖြစ် ချစ်မိုးအေးနှင့် တင်မောင်ရွှေ၊ အကူဒိုင်အဖြစ် ကျော်ဇေယျာအောင်၊ ဒိုင်ကြီးကြပ် အဖြစ် ဦးလှမြင့်လေးနှင့် ပြိုင်ပွဲကြီးကြပ်သူအဖြစ် ဦးကျော်ကျော် တို့ တာဝန်ယူခဲ့ကြသည်၊

ပထမပိုင်း၁၁မိနစ်တွင် ဇွဲကပင်ယူနိုက်တတ်မှ ဂျပန် ကွင်းလယ်ကစားသမား ကာမက်ဆု ကန်တာရို ၏ သွင်းဂိုးဖြင့်ဦးဆောင်နေခဲ့သည်။ ထို့နောက်
၄၈ မိနစ်တွင် ဖွန်ဆီကာအား ဂိုးဧရိယာအတွင်း ချိတ်လှဲလိုက်သော သိန်းဇော်အား အ၀ါကတ်ပြ သတိပေးခဲ့ပြီး ရတနာပုံအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့သည်။ ယင်းပင်နယ်တီကို ဖွန်ဆီကာကပင် ကန်သွင်းကာ ချေပဂိုး ရယူခဲ့သည်။
ထို့နောက်ရတနာပုံ အသင်းမှ ဒုတိယ ပယ်နယ်တီ ကိုထပ်မံရရှိခဲ့သည်.။၇၄ မိနစ်တွင် ဒွေးကိုကိုချစ်အား ဇွဲကပင် ယူနိုက်တက် နောက်ခံလူ ချိတ်လှဲခဲ့သောကြောင့် ရတနာပုံ အသင်း ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဖွန်ဆီကာမှ ဒုတိယကြိမ် ကန်သွင်းယူခဲ့သည်။

ပွဲအပြီးတွင် ရတာနာပုံ အသင်းမှ ဇွဲကပင် အသင်းကို ၂ ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အထူးခြား ဖြစ်ရပ်ကတော့ ပွဲအပြီးတွင် ရတာနာပုံ အသင်းကို ပယ်နယ်တီ ၂ လုံးပေးကန်သောကြောင့် ဇွဲကပင် ယူနိုက်တတ် အသင်းပိုင်ရှင်မှ ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်း ၏ ပါးကို ၂ ချက်ဆွဲရိုက် ပြစ်လိုက်ခြင်းပင်ဖြစ်သည်။

Ref ; #MMSD
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...