Ads (728x90)



Photo: မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်
စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဖြေရှင်းရမည့် အကြီးမားဆုံး ပြဿ နာ...
ဇွဲကပင်- ရတနာပုံ ပွဲအပြီးတွင် ဒိုင်လူကြီးအား ပါးရိုက်မှု ဖြစ်ပွားခဲ့
===================================
ပြီးခဲ့သည့် စနေနေ့က ယှဉ်ပြိုင် ကစားသော ဇွဲကပင် ၁-၂ ရတနာပုံ ပွဲအပြီးတွင် ဇွဲကပင် အသင်း ပိုင်ရှင် ဦးလှဌေးသည် ထိုပွဲတွင် တာဝန်ယူခဲ့သော ဒိုင်လူကြီး ဦးလှမင်းအား နှုတ်ဆက်မလိုနှင့် ပါးရိုက်သွားကြောင်း သိရသည်။

ထိုပွဲတွင် ရတနာပုံအသင်းက ပယ်နယ်တီ နှစ်ကြိမ် ရခဲ့ပြီး ၂-၁ ဖြင့် အနိုင်ရခဲ့ရာ ထိုဖြစ်ရပ်အပေါ် ဇွဲကပင် အသင်း ပိုင်ရှင် အနေဖြင့် ပေါက်ကွဲခဲ့ဟန်ရှိသည်။

ပြီးခဲ့သည့်နှစ်က ပွဲပျက်ခဲ့သည့် နေပြည်တော် - ရန်ကုန် ပွဲတွင် ချမှတ်ခဲ့သည့် ပြစ်ဒဏ်များကို နေပြည်တော် အသင်းက အယူခံ တင်သွင်းရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အယူခံ ကော်မတီက ပြစ်ဒဏ်များကို လျော့ပေးခဲ့သည်။ ထိုသို့ အယူခံ ကော်မတီက ပြစ်ဒဏ်များကို လျော့ပေါ့ပေးရာတွင် သတ်မှတ်ချက်နှင့်အညီ မဟုတ်ခဲ့ဟု ပြင်ပတွင် ကောလဟာလများလည်း ထွက်ပေါ်ခဲ့သေးသည်။

ဇွဲကပင် အသင်းပိုင်ရှင်သည် ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးအသင်း အောင်နိုင်ရေးတွင် ပါဝင်ခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသည့်အတွက် MFF အနေနှင့် အရေးယူမှု အပိုင်းတွင် အခက်အခဲများ ရှိနိုင်ပြီး မိမိတို့ အားလုံး ထိုအဖြစ်အပျက်ကို စောင့်ကြည့်နေသည်ဟုလည်း ပြည်တွင်း မီဒီယာများက ပြောကြားခဲ့ကြသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...