Ads (728x90)



------------------------------------------------------------------

MNL 2014 ပွဲစဉ် (၁၈) အဖြစ် ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့တွင်
ဆောက်သမ်းမြန်မာအသင်းနှင့် GFA အသင်းတို့ ရန်ကုန်မြို့၊ Y.T.C ကွင်း၌
ယှဉ်ပြိုင်ကစားခဲ့ရာ ဆောက်သမ်းမြန်မာအ သင်းက GFA အသင်းကို ၂ - ဝ
ဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် ယခုရာသီမှ M(1) သို့တက်ရောက်လာခဲ့သည့် GFA အသင်းသည် M(1) အတွေ့အကြုံများရှိထားသည့် ဆောက်သမ်းအသင်း
ကို သူတင်ကိုယ်တင်ကစားခဲ့သည်။ ၂၅ မိနစ်မှာ GFA အသင်း၏ နံပါတ်
(၂၇) ကစားသမား အောင်ကျော်ဌေး ဆောက်သမ်းဂိုးဧရိယာအတွင်း လွတ်
လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးဘားတန်းပေါ်ကျော်သွားခဲ့သည်။
ဆောက်သမ်းမြန်မာ အသင်းဘက်မှလည်း ပြန်လှန်ထိုးဖောက်ကစားခဲ့ပြီး
၂၇ မိနစ်မှာ နံပါတ် (၁၉) ကစားသမား ရဲအောင် ဘယ်တောင်ပံကနေမ
တင်ပေးလိုက်တဲ့ဘောလုံးကို ပိတ်သွင်းခွင့်ရခဲ့ပေမယ့် GFA အသင်းနောက်
တန်း ဖျက်ထုတ်နိုင်ခဲ့သည်။ အပြန်အလှန်ယှဉ်ကစားရင်း တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်သ ဖြင့် ၀ - ၀ ဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း၌ ဆောက်သမ်းမြန်မာအသင်းမှ GFA အသင်း ဘက်ကို ပိုမိုဖိ
အားပေးကစားခဲ့ပြီး (၇၉) မိနစ်တွင် လူစားဝင်ကစားသမား ခိုင်ဇော်ထွန်း GFA ဂိုးဧရိ ယာအတွင်း အပိုင်ကန်သွင်းယူနိုင်ခဲ့သဖြင့် ဆောက်သမ်းအ
သင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ဒုတိယပိုင်း လက်ကျန်ချိန်များတွင် ဆောက်
သမ်းမြန်မာအသင်းဘက်မှပိုမိုထိုးဖောက်ကစားနိုင်ခဲ့ပြီး အချိန်ပို တစ်မိနစ်၌
GFA အသင်း နံပါတ် (၄) ကစားသမား Obinna . A ၏ (OG) ဖြင့် ဒုတိယ
အနိုင်ဂိုးရရှိခဲ့ သောကြောင့် ပွဲအပြီးတွင် ဆောက်သမ်းမြန်မာအသင်း
၂ - ၀ GFA အသင်းရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

Ref ; #MFF
(6 photos)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...