Ads (728x90)



================================

ဇွဲကပင် ယူနိုက်တက် အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ရာတွင် နည်းပြချုပ် ဦးခင်မောင်တင့်၏ နည်းဗျူဟာ အပြောင်းအလဲက အဓိက ကျခဲ့ကြောင်း ရတနာပုံ အသင်း၏ နိုက်ဂျီးရီးယား ဗဟိုနောက်ခံလူ အိုပစ်ချီ ဟက်ပီးနက်က ပြောသည်။

`ဒီပွဲမှာ ကစားသမားတွေ အစွမ်းကုန် ကြိုးစားလို့ အနိုင်ရခဲ့တာပါ။ အထူးသဖြင့် ဒီပွဲအနိုင်က နည်းပြချုပ်ရဲ့ နည်းဗျူဟာ အပြောင်းအလဲကြောင့် အနိုင်ရခဲ့တာလို့လဲ ပြောနိုင်ပါတယ်´ဟု ဟက်ပီးနက်က ပြောသည်။

ယင်းပွဲတွင် ရတနာပုံ အသင်းသည် ပထမပိုင်းအပြီး ၁-၀ ဂိုးဖြင့် ဇွဲကပင် ယူနိုက်တက်အား ရှုံးနိမ့်နေရာမှ ဒုတိယပိုင်းတွင် နှစ်ဂိုး ပြန်လည်သွင်းယူနိုင်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ နည်းပြချုပ် ဦးခင်မောင်တင့်သည် ပထမပိုင်း မပြီးခင် ဂျပန်ကွင်းလယ် ကစားသမား ရှင်းပဲကို ထုတ်၍ ၎င်းနေရာတွင် ရန်ပိုင်ကို ဆင်းကစားစေကာ တိုက်စစ်မှူး ဒွေးကိုကိုချစ်ကို ထည့်သွင်းခဲ့သည်။

ဒုတိယပိုင်း ပြန်စပြီး ၃ မိနစ်အကြာတွင် ချေပဂိုး ရရှိခဲ့ပြီးနောက် ၁၅ မိနစ်အကြာတွင် တောင်ပံ ကစားသမား သက်နိုင်ကိုထုတ်ကာ လူငယ်တိုက်စစ်မှူး ရှိုင်းသူရကို ထည့်သွင်းခဲ့သည်။ ဒုတိယအကြိမ် လူစားလဲပြီး ၈ မိနစ်အကြာတွင် ဒုတိယဂိုး ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

`ပထမပိုင်းမှာ ဇွဲကပင် ယူနိုက်တက် အသင်းက ကစားကွက် ပိုကောင်းတယ်။ ကျွန်တော်တို့ အသင်း ကွင်းလယ်က ဂျပန် ကစားသမား အနည်းငယ် ပျက်နေလို့ ကွင်းလယ် မစီးနိုင်ခဲ့ဘူး။ ဇွဲကပင် ယူနိုက်တက်ရဲ့ ဂျပန် ကွင်းလယ် ကစားသမား တာကာမက်ဆု ကန်တာရိုကို သတိထား ကစားဖို့ မှာထားပေမယ့် သူ့ကြောင့် ကျွန်တော်တို့ ဂိုးပေးခဲ့ရတယ်။ ဒါပေမယ့် ဒုတိယပိုင်းအတွက် ကွင်းလယ်ကို ပြင်ကစားခဲ့တယ်။ အတင်းဝင်ထွက် ကစားလို့ ပင်နယ်တီ ရခဲ့တာပါ။ တကယ်ရသင့်တာ ပင်နယ်တီ အခွင့်အရေး သုံးကြိမ်တောင် ရှိပါတယ်။ ဒုတိယအကြိမ် အခွင့်အရေးကို ဒိုင်က မပေးခဲ့တာပါ။ ကျွန်တော့် ကစားသမားတွေ ဥပဒေကို ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တယ်လို့ ပြောနိုင်ပါတယ်´ဟု ရတနာပုံ နည်းပြချုပ် ဦးခင်မောင်တင့်က သုံးသပ် ပြောကြားသည်။

ရတနာပုံ အသင်းသည် ဇွဲကပင် ယူနိုက်တက်အား အနိုင်ရရှိခဲ့ပြီးနောက် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရရှိသွားပြီး ပွဲစဉ်-၄ အဖြစ် ဖေဖော်ဝါရီ ၂၃ တွင် ကမ္ဘောဇ အသင်းနှင့် တောင်ကြီးမြို့၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Ref ; #YDNBFC
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...