Ads (728x90)

 
ရန်ကုန်အသင်းအား (၆-၁)ဖြင့် အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် Myanmar Special အားကစား ဂျာနယ်တွင် ဇေယျာရွှေမြေ အသင်း တာဝန်ရှိသူက ရန်ကုန်မြက်ခင်းတုကွင်းတွင် ပြိုင်ပွဲများကျင်းပနေခြင်းကို သုံးသပ်သင့်ပြီဟု ပြောကြားခဲ့သော်လည်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင်မှု ဇေယျာရွှေမြေအသင်း လက်ထောက်နည်းပြ ဦးကျော်မင်းက "အသင်းမှ ကစားသမားများ ကွင်းအတွင်း စည်းကမ်းလိုက်နာမှုအပိုင်း အားနည်းပြီး နည်းပြပြောစကားကိုလည်း နားမထောင်၊ ထင်သလို ကစားခဲ့သည်"ဟု ပြစ်တင် ပြောဆိုခဲ့သည်။

အဆိုပါပွဲတွင် ရန်ကုန်ကစားသမား ကျော်ကိုကိုအား ဇော်လင်းထွန်းက ဘောလုံး ယှဉ်လုရင်း တံတောင်ဖြင့် တွတ်မိသဖြင့် ကျော်ကိုကို ထိခိုက်သွားချိန်တွင် ပရိသတ်များက ဇေယျာအသင်း ခေါင်းဆောင် ဇော်လင်းထွန်းအား အော်ဟစ် ခဲ့ကြသည်။

ထို့အတွက် ၎င်းအား အော်ဟစ်နေကြသည့် ရန်ကုန်ပရိသတ်အား ဇေယျာအသင်း ခေါင်းဆောင် ဇော်လင်းထွန်းက အားကစားသမားနှင့် မလျော်ညီသည့် မဖွယ်မရာ အပြုအမူကို ပြုလုပ်ပြခဲ့ပြီးနောက် ပွဲအပြီး ၎င်း၏ face book စာမျက်နှာမှနေ၍ ရန်ကုန်အသင်း ပရိသတ်ကို ထိုအပြုအမှုအတွက် တောင်းပန်စကားဆိုခဲ့သည်။

ကွင်းပြင်ပ ပြဿနာ များနှင့် ရှုပ်ထွေးခဲ့သော ဇေယျာရွှေမြေအသင်းသည် မြက်ခင်းတုကွင်းတွင် ခြေစွမ်း ပြသနိုင်ခြင်း မရှိဘဲ အသင်းသမိုင်းတလျောက် အဆိုးဝါးဆုံး ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကို ယထာဘူတကျကျ သုံးသပ်ခြင်း မရှိဘဲ မြက်ခင်းတုကွင်းအပေါ် အပြစ်ပုံချ ပြောဆိုနေခြင်းအား ရန်ကုန်ပရိသတ်ပေါင်း များစွာက face book စာမျက်နှာများထက်မှနေ၍ အပြင်းအထန် ဝေဖန်ပြောကြားခဲ့ကြသည်။


Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...