Ads (728x90)

 Photo: Myanmar Special  အားကစား ဂျာနယ်တွင် ဇေယျာရွှေမြေအသင်း တာဝန်ရှိသူ တစ်ဦးက ရန်ကုန်အသင်း၏ မြက်ခင်းတုကွင်းတွင် နေရှင်နယ်လိဂ် ပွဲများ ကျင်းပနေခြင်ကို သုံးသပ်သင့်သည်ဟု ဆိုခဲ့ခြင်းကို ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ တာဝန်ခံ မင်းဝေကိုက အချက်အလက်များဖြင့် တစ်ခုခြင်း ရှင်းလင်းပြီး နောက်ဆုံးတွင် "ဘောလုံးလောကအတွင်း ရာထူးကြီးကြီး ယူထားပြီး မြန်မာ့ဘောလုံးတိုးတက်ရေးဆိုသည့် ဆိုင်ဘုတ်ချိတ်ကာ သူဌေးများဆီက ပိုက်ဆံညာစားပြီး နကန်းတစ်လုံးမှ မသိ အရည်အချင်းမရှိ သူများကို မုန်းတီးသော" ဟု တုံ့ပြန်ရေးသားခဲ့သည်။
========================================

ဒီနေ့ Myanmar Special မှာပါလာတဲ့ သတင်းလေးပါ။ Myanmar National League ပြိုင်ပွဲမှာ မြက်တုကွင်းမှာ ကျင်းပနေခြင်းကို ပြန်လည် သုံးသပ်သင့်ပြီလို့ ဇေယျာရွှေမြေ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောထားပါတယ်။
သူရဲ့ စွပ်စွဲချက်တွေကတော့ . . .
၁။ ဘောလုံးအဖွဲ့ချုပ်ကို ကျွန်တော် အကြံပြုချင်တာက ပုဂ္ဂိုလ်ရေးတွေ ခဏဖယ်ပြီး အရှိတရားကို သုံးသပ်စေချင်တယ်။
ရှင်းလင်းချက်
----------------
ပုဂ္ဂိုလ်ရေးတွေ ခဏဖယ်ပြီး ဆိုတဲ့ စကားဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ရှိတဲ့ တာဝန်ရှိသူတွေ အပါအ၀င် MNL အသင်းပိုင်ရှင်တွေရဲ့ ဂုဏ်သိက္ခာတွေကို သွယ်ဝိုက်ပြီး ပုတ်ခတ်လိုက်တာ ဖြစ်ပြီး။ လိဂ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တဲ့ အပြော တစ်ခုဖြစ်ပါတယ်။

၂။ မြက်ခင်းတုကွင်းမှာ ရန်ကုန်ယူနိုက်တက် အသင်းကို အခုအချိန်အထိ ဘယ်အသင်းမှ မနိုင်သေးပါဘူး။

ရှင်းလင်းချက်
ဟုတ်ပါတယ် ရန်ကုန်ယူနိုက်တက် အသင်းဟာ အိမ်ကွင်း လုံးဝရှုံးပွဲ မရှိသေးတဲ့ အသင်းပါ။ ဒါပေမယ့် ပြည်ပ ကလပ် အသင်းတွေ မြက်ခင်းတုကွင်းမှာ ခြေစမ်းပွဲ လာ ကစားဖူး ပါတယ်။ ထိုင်းကလပ် တယ်ရိုဆက်ဆနာ အသင်း၊ မလေးရှား ကလပ် Team တို့ ကစားဖူးပြီး ရန်ကုန် ယူနိုက်တက် ရှုံးခဲ့ဖူးပါတယ်။

ပြည်တွင်း ကလပ် အသင်းတွေထဲမှာ လက်ရှိ အနေအထားအရ အကောင်း ဆုံးပြင်ဆင်မှု ရှိတာဆိုလို့ ရန်ကုန် ယူနိုက်တက် အသင်းပဲ ရှိမယ်လို့ တယ်။ Gym ရှိတယ်၊ ရေကူးကန်ရှိတယ်၊ ပြည်ပ ပရို ကလပ် အသင်း တစ်ခုလို စနစ်ကျတဲ့ Training Plan ရှိတယ်။ အုပ်ချုပ်မှုအဖွဲ့ကို စံနှုန်းပြည့် ဖွဲ့စည်းထားတယ်။ လိုအပ်တဲ့ ထောက်ပံ့မှုတွေ အပြည့် အ၀ပေး ထားတယ်။ ကျန်အသင်းတွေမှာ ဒီလို အထောက်အကူပစ္စည်းတွေ လုံးဝမရှိပါဘူး။ ဒါကြောင့် အိမ်ကွင်းတင်မဟုတ်ပါဘူး အဝေးကွင်း ရှုံးပွဲလည်း အနည်းဆုံး အသင်းဟာ ရန်ကုန် ယူနိုက်တက် အသင်းပါပဲ။

၃။ နောက်ပြီး ရန်ကုန်ယူနိုက်တက် အသင်းမှာ မြန်မာ လက်ရွေးစင် ကစားသမား အများအပြား ရှိနေတာကြောင့် မြက်ခင်းတုနဲ့ အသားကျနေတဲ့ ကစား သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်ရွေးစင် အသင်း အပေါ် သက်ရောက်မှုတွေ မရှိနိုင်ဘူးလား။

ရှင်းလင်းချက်
ဇေယျာရွှေမြေ အသင်း တာဝန်ရှိသူ တစ်ဦး ခင်ဗျာ . . .
မြန်မာ့ လက်ရွေးစင် အသင်းအားလုံး (လက်ရွေးစင်၊ ယူ-၂၃၊ ယူ-၁၉၊ အမျိုးသမီး) ရန်ကုန် ယူနိုက်တက် အသင်းရဲ့ မြက်ခင်းတုမှာ လေ့ကျင့်ခန်း ဆင်းဖို့ ကူညီပံ့ပိုးပေးထားတာ မသိဘူးထင်တယ်။ နောက်ပြီး လက်ရွေးစင် အသင်းတိုင်း Gym ဆော့တာတို့ ၊ ရေကူးတာတို့ လုပ်ချင်ရင် ရန်ကုန် ယူနိုက်တက် ကွင်းကိုပဲ လာရတယ်ခင်ဗျ။ ဇေယျာမှာကော ဒီလို အထောက်အကူ ပစ္စည်းတွေ ရှိလားဟင်။ဇေယျာရွှေမြေကွင်းမှာ မြန်မာ့ လက်ရွေးစင် ဘယ်အသင်းတွေများ Training လာဆင်းကြသလဲဟင်။ ဇေယျာ ရွှေမြေ အနေနဲ့ မြန်မာ့ လက်ရွေးစင် အသင်းတွေကို ဘယ်လိုများ ထောက်ပံ့ ပေးခဲ့သလဲ ဆိုတာလဲ တစ်ချက်လောက် သိချင်ပါတယ်။

နောက်တစ်ချက်က ရန်ကုန် ယူနိုက်တက် အသင်းကြီး ကစားသမားတွေဟာ မြက်ခင်းတုမှာ လေ့ကျင့်ခန်း မဆင်းပဲ မြက်ခင်းစစ်မှာပဲ လေ့ကျင့်ခန်း လုပ်ကြတာပါ။ အိမ်ကွင်း ကစားရမယ့် အပတ်မှ မြက်ခင်းတုမှာ လေ့ကျင့်ခန်း ၂ကြိမ် ဆင်းပါတယ်။ ဒါကိုရော သေသေ ချာချာ သိရဲ့လားဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို အိမ်ကွင်းကလွဲပြီး တစ်ခြားကွင်းတွေ အားလုံးဟာ မြက်အစစ်ကွင်း ဖြစ်နေလို့ပါ။

၎။ AFC ပြိုင်ပွဲတွေမှာ မြက်ခင်းတုကွင်း ဘာကြောင့် ကျင်းပခွင့်မပေးလဲဆိုတာ ကျွန်တော်မေးခွန်း ထုတ်လိုပါတယ်။ နိုင်ငံတကာမှာလည်း မြက်ခင်းတုကွင်းတွေက ပြဿနာ ရှိနေပါတယ်။

ဇေယျာရွှေမြေ အသင်း တာဝန်ရှိသူကြီး မေးတော့ ကျွန်တော်လည်း တက်သလောက် ဖြေကြည့်ရတာပေါ့နော်။ AFC အာရှ ဘောလုံးအဖွဲ့ချုပ် က ကြီးမှူး ကျင်းပတဲ့ ပြိုင်ပွဲတွေ အားလုံးမှာ သတ်မှတ်ထားတဲ့ Criteria မမီရင် အိမ်ကွင်း ကျင်းပလို့ မရဘူး ဆိုတာ လူကြီးမင်း သိပါသလားဗျ။ ဥပမာ မီမောင်းတိုင် မရှိတာတို့ မီမောင်းအလင်း Lux 1200 မရှိရင် အိမ်ကွင်းအဖြစ် လက်ခံကျင်းပခွင့်မရှိဘူး ခင်ဗျ။ နောက်ပြီး ပွဲကြည့်စဉ်က temporary ဆိုရင် မရဘူးခင်ဗျ . . ။ ဒီလို Criteria တွေမမီရင် AFC Cup မှာ အိမ်ကွင်း လက်ခံကျင်းပလို့ မရပါဘူး ခင်ဗျ။ ရန်ကုန် အသင်းကွင်းမှ မဟုတ်ဘူးခင်ဗျ။ မုံရွာကွင်းလည်း လက်ရှိအနေအထားဆို ကျင်းပခွင့်မရှိဘူး ခင်ဗျ။ ဇေယျာရွှေမြေ အသင်း တာဝန်ရှိ သူကြီး အနေနဲ့ AFC Stadium Regulation မဖတ်ရသေးဘူး ထင်တယ်နော် . .။ ဂျာနယ်ထဲမှာ ပြောခွင့် ဆိုခွင့်ရှိ သူဆိုတော့ ရာထူး ကြီးကြီးထဲ ကနေမှာပါ ဒီတော့ ကိုယ်လုပ်နေတဲ့ ဘောလုံး အလုပ်နဲ့ ပတ်သက်တာတော့ ဖတ်ထား လေ့လာ ထား သင့်တယ်ဗျ။ နိုင်ငံတကာမှာ မြက်ခင်းတုတွေ ပြဿနာရှိတယ်ဆိုတာ ဘယ်ကွင်းတွေလဲဗျ တိုရီနို အသင်းရဲ့ BMO Field အိမ်ကွင်း ကိုပြောတာလား။ ရုရှား အသင်းရဲ့ Luzhniki Stadium ကြီးကိုပြောတာလား။

အချိန်ရမယ်ဆိုရင် ဒါလေးတွေကို လေ့လာ ဖတ်ကြည့်စေချင်တယ်။ မြက်ခင်းတုတွေ ပြဿနာရှိတယ် ဆိုတာ ဘယ်လိုတွေလဲ၊ ဖီဖာက ဘယ်လိုကြောင့်ဆိုရင် မြက်ခင်းတု ကို ကစားခွင့်ရှိလဲဆိုတာတွေ သိချင်ရင် အင်တာနက်မှာ Ebook တွေ ရှာကြည့်လို့ ရတယ်နော်။ ဘာမှ မသိပဲနဲ့တော့ ရမ်းမတုတ်ကြနဲ့။

"These hi-tech pitches are approved by world governing body Fifa, while Uefa, which runs football in Europe, allows Champions League ties to be played on artificial surfaces.

England were beaten 2-1 by Russia in a Euro 2008 qualifying game at the Luzhniki Stadium in Moscow, while Tottenham Hotspur met Swiss side Young Boys in a Champions League play-off game in 2010.

ဒီစာသားလေးကို ဖတ်ကြည့်လိုက်ရင် ဖီဖာက မြက်ခင်းတုတွေကို သတ်မှတ်ထားတဲ့ အရေအသွေးမီရင် ခွင့်ပြုထားတယ်ဆိုတာတွေ့ရမှာပါ။

"The needs of artificial turf are growing high in Southeast Asia, especially Indonesia and Thailand. Many brands are developing their products. Indonesia is a big country whose people are very interested in Soccer. Unfortunately they lack space. This is why the growth of futsal and indoor soccer center is increasing rapidly.

In November 2011, it was reported that a number of English football clubs are interested in using artificial pitches again on economic grounds."

ဘီဘီစီ သတင်းဌာနက ရေးထားတဲ့ Could artificial pitches be set for a return to Football League? သတင်းတစ်ပုဒ်က ကောက်နှုတ်ချက်ပါ။

ဘောလုံးလောကအတွင်း ရာထူးကြီးကြီး ယူထားပြီး မြန်မာ့ဘောလုံးတိုးတက်ရေးဆိုသည့် ဆိုင်ဘုတ်ချိတ်ကာ သူဌေးများဆီက ပိုက်ဆံညာစားပြီး နကန်းတစ်လုံးမှ မသိ အရည်အချင်းမရှိ သူများကို မုန်းတီးသော
(မင်းဝေကို)
Myanmar Special အားကစား ဂျာနယ်တွင် ဇေယျာရွှေမြေအသင်း တာဝန်ရှိသူ တစ်ဦးက ရန်ကုန်အသင်း၏ မြက်ခင်းတုကွင်းတွင် နေရှင်နယ်လိဂ် ပွဲများ ကျင်းပနေခြင်ကို သုံးသပ်သင့်သည်ဟု ဆိုခဲ့ခြင်းကို ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ တာဝန်ခံ မင်းဝေကိုက အချက်အလက်များဖြင့် တစ်ခုခြင်း ရှင်းလင်းပြီး နောက်ဆုံးတွင် "ဘောလုံးလောကအတွင်း ရာထူးကြီးကြီး ယူထားပြီး မြန်မာ့ဘောလုံးတိုးတက်ရေးဆိုသည့် ဆိုင်ဘုတ်ချိတ်ကာ သူဌေးများဆီက ပိုက်ဆံညာစားပြီး နကန်းတစ်လုံးမှ မသိ အရည်အချင်းမရှိ သူများကို မုန်းတီးသော" ဟု တုံ့ပြန်ရေးသားခဲ့သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...