
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အမှုထမ်းများ သည် သဲကန္တရကို ဖြတ်၍ ဂျော်ဒန်နိုင်ငံ အတွင်းသို့ တစ်ဦးတည်း ထွက်ပြေး လာသည့် လေးနှစ်အရွယ် ဆီးရီးယား ဒုက္ခသည် ကလေးငယ် တစ်ဦး ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ၄င်းကို မိသားစုဝင် များနှင့် ပြန်လည် တွေ့ဆုံ ပေးခဲ့ကြောင်း ကုလသမဂ္ဂ မှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခြင်း ကို ရိုက်တာ သတင်းဌာနက ဖော်ပြ ခဲ့သည်။
မာဝမ် အမည်ရှိ အဆိုပါ ကလေးငယ် သည် ၄င်း၏ မိသားစုဝင် များနှင့် တကွဲတပြားစီ ဖြစ်လာ ခဲ့သည်ဟု ယူဆရပြီး ၄င်း ကလေးငယ်အား UNHCR မှ အမှုထမ်းများက ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ယင်းကဲ့သို့ တွေ့ရှိချိန် တွင် ကလေးငယ် ၏ လက်ထဲတွင် ပလတ်စတစ် အိတ်တစ်လုံး ကို ကိုင်ဆောင် ထားကြောင်း UNHCR ၏ ထုတ်ပြန်ချက် အရ သိရသည်။
သို့သော် ယခုအခါတွင် မာဝမ် သည် ဂျော်ဒန်နိုင်ငံ အတွင်းရှိ ၄င်း၏ မိသားစုထံသို့ ဘေးအန္တရာယ် ကင်းရှင်းစွာ နှင့် ပြန်လည် ရောက်ရှိ သွားပြီဖြစ်ပြီး ၄င်းသည် ဆီးရီးယား မှ ထွက်ပြေး လွတ်မြောက် လာသည့် ဒုက္ခသည် ကလေးငယ် တစ်သန်းကျော် အနက် တစ်ဦး အပါအ၀င် ဖြစ်ကြောင်း ၊ ဆီးရီးယား ပြည်တွင်းစစ် ကြောင့် ဂျော်ဒန် နိုင်ငံအတွင်း သို့ ထွက်ပြေး လွတ်မြောက် လာသူ ဦးရေး နှစ်သန်းကျော် ရှိကြောင်း UNHCR အဖွဲ့က ပြောကြား ခဲ့ကြောင်း သိရှိရသည်။
The Myawady Daily

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။