Ads (728x90)



-------------------------------------------------------

ဧရာဝတီယူနိုက်တက်၏ ကစားသမားများအားလုံးသည် ကိုယ်ပိုင်အရည်အချင်း ရှိသူများဖြစ်ကြောင်း နည်းပြချုပ် ဦးဆန်းဝင်းက ပြောဆိုလိုက်သည်။

(၁၆.၂.၂၀၁၄) နေ့က အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားသည့် ကမ္ဘောဇအသင်းအား သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲတွင် ကွင်းအတွင်း လာရောက် အားပေးသော ပရိသတ်အချို့က ၀င်ရောက် ကစားနေသော ကစားသမားအချို့ ခြေစွမ်းမပြနိုင်သဖြင့် ဒုတိယပိုင်းအချိန်တွင် ဘယ်တောင်ပံ ကစားသမား နန္ဒလင်းကျော်ချစ်ကိုထည့်သွင်း အသုံးပြုရန်၊ ၄င်းကစားသမားအား ထည့်သွင်းမကစားစေပါက နောက်ပွဲများ လာရောက် ကြည့်ရှုမည် မဟုတ်ကြောင်း တောင်းဆိုခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် နန္ဒလင်းကျော်ချစ်အား လူစားလဲ ၀င်ရောက်ကစားစေခဲ့သည်။

၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ ဦးဆန်းဝင်းက -
“ဒီအသင်းမှာ ရှိတဲ့ကစားသမားတွေ အားလုံးဟာ သူ့အရည်အချင်းနဲ့သူ ရှိကြတဲ့ ကစားသမားတွေချည်းပါပဲ။ ကျနော်တို့ အနေနဲ့ တစ်ဖက်အသင်းကစားတာကို ကြည့်ပြီး လူစားလဲမှုလုပ်ရပါတယ်။ အဲ့လိုအခါမျိုးမှာ ကစားသမား တစ်ယောက်၊ နှစ်ယောက်ကို ခဏ၀ှက်ထားရတာမျိုးလည်း ရှိပါတယ်။ တစ်ဖက်အသင်းရဲ့ ကစားကွက်၊ ကိုယ့်အသင်းရဲ့ ကစားအားကို ကြည့်ပြီး လူစားလဲရပါတယ်။ ဒါကို ပရိသတ်တွေ နားလည်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။” ဟု ဖွင့်ဟပြောဆိုခဲ့သည်။

၎င်းပွဲစဉ်တွင် လူစားလဲဝင်ရောက်သော နန္ဒလင်းကျော်ချစ်မှာ အသင်းအတွက် အနိုင်သေချာစေမည့် ဂိုးတစ်ဂိုးအား သွင်းယူပေးသွားနိုင်ခဲ့သည်။

Ref ; #AUFC
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...