Ads (728x90)


တနိုင်းမြို့နယ် ရှဒူဇွတ်ကျေးရွာအနီးရှိ အောင်လင်းရွှေမှော်နှင့် ပုံချန်ချောင်းတစ်ဝိုက်ရှိနေရာများ အား ရွှေလုပ်ကွက်များ အဖြစ်ရိုက်ကာ စက်တင်ဘာ ၂၀ ရက်နေ့မှစ၍ KIO ဗဟိုဌာနချုပ်လိုင်ဇာမှ ဗဟိုကော်မတီဝင် ဇောင်းဘုတ်ထန်မှ သတ်မှတ် ရောင်းချခဲ့ကြောင်း ယင်းရွှေမှော်ရှိ ကျင်းလုပ်သားအချို့ထံမှ သိရှိရသည်။

“ ဒီရွှေမှော်တွေကနေ လစဉ် KIO အဖွဲ့ရရှိနေတဲ့ ရွှေဟာ ပိဿာလေးဆယ်လောက်ရှိပါတယ်၊ ဆက်ကြေးအဖြစ်ပေးနေရ တာပါ၊ အခုအကွက်ရိုက်ပြီး ရောင်းမယ်ဆိုတော့ တစ်ပိုင်တစ်နိုင်တူးနေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ စဉ်းစားနေပါတယ်၊ ၀ယ်ပြီးမှ အဲဒီအကွက်က ရွှေမထွက်ရင် အရင်းပါရှုံးနိုင်တယ် ” ဟု ရွှေစက်ဆိုင်းပိုင်ရှင်တစ်ဦးက ပြောပြသည်။

အဆိုပါ ရွှေလုပ်ကွက်များ၌ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် KIA အဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးမည်ဟု ကတိပြုထားကြောင်း၊ လုပ်ကွက်တစ်ကွက်လျှင် သတ်မှတ်ဈေးမှာ သိန်း ရာချီနေ၍ ၀ယ်ယူရန် ဒေသခံရွှေလုပ်ငန်းရှင်များ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

“ အရင်က KIO ကို ဆက်ကြေးပေးပြီး တူးနေရာကနေ အခုလို အကွက်ချရောင်းတော့ ဒေသခံတွေ နှစ်ခါနာတာပေါ့၊ ဆက်ကြေးလည်း ပေးနေရမယ်၊ လုပ်ကွက်ကိုလည်း ၀ယ်တူးရတာဆိုတော့ ရွှေမထွက်တော့ရင်ဘယ်လိုလုပ်မလဲ၊ ၀ယ်တဲ့ သူပိုင်တာမှ မဟုတ်တာ၊ အခြေ အနေအရ နယ်မြေဒေသ မအေးချမ်းဘူးဆိုရင် ဒီဝယ်ထားတဲ့ လုပ်ကွက်တွေကို ဒီအတိုင်း ထားပြီး ထွက်ပြေးကြရမှာ ”

“ KIO ကငွေကို ၂ ခါ အမြတ်ထုတ်ချင်နေတာ သေချာတယ်၊ အခုလုပ်ကွက်တွေ ကို ဒေသခံတွေမ၀ယ်နိုင်ရင် တရုတ်ကုမ္ပဏီတွေ မှောင်ခိုဈေးနဲ့လာညှိကြတော့မှာ၊ နောက်ဆုံး KIO နဲ့ တရုတ်ကုမ္ပဏီတွေပဲ ကြီးပွားချမ်းသာ သွားကြ မှာပါဗျာ ” ဟုတနိုင်းမြို့ခံ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆို သည်။

“ ဒါတွေဟာ နိုင်ငံပိုင် သယံဇာတတွေပါ၊ KIO ပိုင်တာမဟုတ်ဘူး ၊ ဒီဒေသမှာနေတဲ့ တိုင်းရင်းသားတွေအားလုံးနဲ့လည်း သက်ဆိုင်တယ်၊ လုပ်ကွက်ကို ၀ယ်စရာမလိုပဲ ကိုယ်ကြိုက် တဲ့နေရာတူးခွင့်ရှိတယ်၊ ဆက်ကြေးပေးတာတောင် တော်တော် လွန်နေပြီ၊ တရားဥပဒေစိုးမိုးမှုက KIO ကိုထိန်းချုပ်ထားမှသာ ဒီဒေသက ထွက်တဲ့ သယံဇာတတွေလည်း အလဟသ မဖြစ်တော့မှာပေါ့ ” ဟု ရှဒူစွပ်ရွာသားတစ်ဦးကလည်း ပြောပြခဲ့ပါသည်။


အယ်ဆိုင်းလု
 
Ref; http://www.oppositeyes.info/2013/09/kio_25.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...