Ads (728x90)



NLD ပါတီအနေဖြင့်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်၊အသစ်ရေးဆွဲမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လောလောဆယ်တွင်ပါတီအချို့နှင့်လက်နက်ကိုင်အဖွဲ့ အစည်းအချို့ မှကန့်ကွက်မှုများ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီတစ်ခုဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ "ဖွဲ့စည်းပုံ အခြေခံဥပဒေအား မိမိသဘောဆန္ဒနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အသစ်ပြန်ရေးဆွဲရန် မလိုကြော င်းနှင့် ပြင်ဆင်မည်ဆိုပါကလည်း သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုကြောင်း၊စက်တင်ဘာလ၂၄ရက်က ပြုလုပ်သောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏၂၅နှစ်မြောက်ငွေရတုအခမ်းအနားသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်။

ထို့ ကြောင့်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊အသစ်ရေးဆွဲရေးနှင့်ပတ်သတ်ပြီးနိုင်ငံရေးပါတီများကြားအငြင်းပွားနိုင်စရာများ ဖြစ်ပေါ်နေကြောင်းသိရသည်။သမ္မတကြီး၏မတ်လ၁ရက်နေ့ ကပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သောမိန့်ခွန်းတွင်တိုင်းရင်းသားများနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့်ပတ်သတ်၍ “ဖွဲ့စည်းပုံအခြေခံဥပဒေကိုအများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီးမိမိတို့ရဲ့လိုလားချက်တွေရရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟုပြောဆိုခဲ့ခြင်းကိုလည်းအားလုံးသိရှိပြီးဖြစ်ပါသည်။ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နိုင်ငံရေးပါတီများနှင့်အဖွဲ့ အစည်းအသီးသီးမှလက်ခံကြသော်လည်းအသစ်ပြန်လည်ရေးဆွဲခြင်းမှာမူလွယ်ကူမည်မဟုတ်ပေ။

မြန်မာနိုင်ငံမှအထင်ကရလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သောကရင်အမျိုးသားအစည်းအရုံးKNUမှဗဟိုအလုပ်အမှုဆောင်ဦးမန်းငြိမ်းမောင်ကလည်းဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်ပတ်သတ်၍"ကျနော်တို့ ကပြန်လည်ပြီးတော့ ပြင်ဆင်ဖွဲ့ စည်းတာသာလျှင် နှစ်ဦးနှစ်ဖက်ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းရာလည်းရောက်တယ်။အဲ့တာအပြုသဘောလည်း
ဆောင်တယ်။တကယ်လို့ ၂၀၀၈ဖွဲ့ စည်းပုံဟာတိုင်းပြည်ရဲ့ အခြေအနေနဲ့ မအပ်စပ်ဘူးဆိုတာကျွန်တော်တို့ အသစ်ရေးဆွဲမယ်ဆိုရင်လက်ရှိအစိုးရကလဲလက်ခံနိုင်မှာမဟုတ်ဘူး။တပ်မတော်ကလည်းလက်ခံနိုင်မှာမဟုတ်ဘူး။လက်မခံနိုင်ဘူးဆိုရင်ကျွန်တော်တို့ မဖြစ်နိုင်တဲ့ဟာတစ်ခုကိုအနိမ့် ဆုံးကနေအစပြုတာအကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်"ဟုပြောဆိုခဲ့ သည်။

ထို့ ပြင်KNUအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ ဖြင့်ဖွဲ့ စည်းထားသောညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှလည်းဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ထွက်ပေါ်လာရေးအတွက်ဥပဒေမူကြမ်းရေးဆွဲနေခြင်းကိုလည်းဦးမန်းငြိမ်းမောင်မှ
"ဒီ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကိုအသစ်ရေးဆွဲဖို့ ဆိုတာမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။မဖြစ်နိုင်ဘူးဆိုတာကကျနော်ပြောပြမယ်။အစဉ်အဆက်အစိုးရကသူ့ မှာမာနတစ်ခွဲသားနဲ့ ရှိပြီးသားဗျ။အဲ့ဒီလိုဆိုတော့၂၀၀၈ဖွဲ့ စည်းပုံကဘယ်သူမှမကြိုက်ဘူး။ဒါအကုန်လုံးလက်ခံထားကြပါတယ်။သမ္မတကြီးကိုယ်တိုင်ကလဲ၂၀၀၈ဖွဲ့ စည်းပုံကအားနည်းချက်တွေရှိတယ်။ကျနော်တို့ ပြင်ဆင်ရမယ်လို့ သူကလည်းလမ်းဖွင့်ထားတယ်"
ဟုဦးမန်းငြိမ်းမောင်မှဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲမည့်အပေါ်မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်မူဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သတ်ကာ ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေးဆွဲရေးများဆောင်ရွက်ခြင်းနှင့်ပတ်သတ်၍နိုင်ငံရေးလေ့လာသူကိုကျော်စွာမင်းမှ"အခုကပြင်မယ်၊အသစ်ဆွဲမယ်နဲ့ လုပ်နေကြတာဗျ။တကယ်တမ်းတော့အသစ်ဆွဲစရာတော့မလိုဘူးထင်တယ်။အရင်ဖွဲ့ စည်းပုံကိုလိုတာလေးတွေ ဖြည့်ပြီးအချို့ ပြင်ဆင်စရာရှိတာ ပြင်လိုက်ရင်အဆင်ပြေပါတယ်၊ဒါပေမယ့်တိုင်းပြည်နဲ့ လူမျိုးအတွက်အမျိုးသားရေးကိုတော့ဦးစားပေးရမှာပေါ့"ဟု ပြောဆိုခဲ့ သည်။

အချို့ ကမူတပ်မတော်သားများလွှတ်တော်တွင်းရောက်နေသောကြောင့်လည်းကောင်း၊သမ္မတဖြစ်ခွင့်ဥပဒေနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်အတွက်အထိအခိုက်ဖြစ်မည်စိုးရိမ်သောကြောင့်လည်းကောင်း ပြင်ဆင်ခြင်း၊အသစ်ပြန်လည်ရေးဆွဲခြင်းများ ပြုလုပ်ချင်နေကြသည်ဟုထင်မြင်ယူဆသူများလည်း ရှိနေကြသည်။

မည်သို့ပင်ဆိုစေ ခေါင်းထဲတွင် နိုင်ငံရေးအသိနည်းနည်းပါးပါးလောက်ရှိတယ်ဆိုရင်ပဲယနေ့အချိန်အခါမှာဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲရေးဟာလိုအပ်လားမလိုအပ်ဘူးလားဆိုတာစဉ်းစားဆုံးဖြတ်နိုင်ကြမှာဖြစ်ပါတယ်။

တ-စ-ည-=ကတော့ ပြင်ချင်ရင် ပြင် သမ္မတ ဖြစ်ခွင့်ကို ပြင်ဖို့ မလိုဘူးလို့ဆိုတယ်။

KNU -= ကတော့ ပြင်ချင်ရင် ပြင် ၊ ဖျက်ပြီး အသစ်ပြန်ရေးမယ်ဆိုတာ ကို လက်မခံဘူးလို့ ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်-=ကတော့ ပြင်မှ ဒီမိုကရေစီ ပြည့်ဝမယ်ပြောတယ်။

ဦးအေးသာအောင်-=ကတော့အသစ်ရေးဆွဲတာဟာ၂၀၀၈နဲ့ ပြောင်းပြန်ကွာခြားမယ်လို့ပြောတယ်။

ဦးဌေးဦး -=ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပြန်ရေးဆွဲဖို့ မလိုဘူးပြောတယ်။


ဦးဦးလှစော
-=ကတော့သူတို့ လမ်းကြောင်းက ပြင်ရေးလမ်းကြောင်းဖြစ်တယ်။
အသစ်ပြန်ရေးတဲ့လမ်းကြောင်းမဟုတ်ဘူးလို့ ပြောတယ်။

အင်း...နောက်တော့လည်း....ဆူကြပူကြ ဆန္ဒတွေပြ...

မကြာမီ လာမည်မျှော်.....ဟုသာ ဆိုလိုက်ချင်ပါတော့သည်။


M Zaw
 
Ref ; http://www.oppositeyes.info/2013/09/blog-post_3917.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...