Ads (728x90)


ဗိုလ်ဇော်မျိုးထက်ကျဆုံးပြီးနောက် သူ၏မိဘများနှင့် တွေ့ ဆုံမေးမြန်းထားသော သတင်း

တပ်မတော်မှအရာရှိတစ်ဦးကချင်ပြည်နယ်တွင်အသတ်ခံရမှုနှင့်ပတ်သက်၍ ကေအိုင်အိုဘက်မှစုံစမ်းပြီးဟုတ်မဟုတ်မကြာမီအကြောင်းပြန်မည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလလယ်က ကေအိုင်အို နည်းပညာအထောက်အကူ ပြုအဖွဲ့နှင့် MPC နည်းပညာ အထောက် အကူပြုအဖွဲ့တို့အကြား တွေ့ဆုံခဲ့ပြီး နောက် ယခုကဲ့သို့စုံစမ်းပြီး အကြောင်း ပြန်မည်ဟု တပ်မတော်သို့ အကြောင်း ကြားထားခြင်း ဖြစ်သည်။

”ဒါက ကောင်းတဲ့ တုံ့ပြန်မှုပါ”ဟု ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာ ရှိတစ်ဦး က ပြောသည်။ထို့အပြင်၎င်းကိစ္စသာမကနောက် နောင်တွင် ထိုသို့ မဖြစ်ကြရန်လည်း နှစ် ဖက်တပ်မှူးတို့ ထိန်းထိန်းသိမ်းသိမ်းလုပ် ကိုင်သွားရန်လည်း သဘောတူညီမှုအချို့ ရှိခဲ့သည်ဟု ၄င်းထံမှ ထပ်မံသိရသည်။

”စစ်ပွဲနဲ့ရာဇဝတ်မှုဆိုတာက ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာဆုံးဖြတ်ရခက်ပါတယ်”ဟု၎င်းကသုံးသပ်သည်။

သြဂုတ်လ၂၈ရက်နေ့က နှစ်ဖက်တပ်များထိတွေ့ခဲ့ကြရာမှတစ်ဆင့် မြန်မာစစ်တပ်အရာရှိ ခေါင်းဖြတ်ခံရကာသေဆုံးခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနမှသတင်းထုတ်ပြန်ခဲ့ပြီးသမ္မတရုံးမှယင်းကိစ္စကို ဖြေရှင်းပေးရန် ကေအိုင်အိုဘက်သို့လည်း တောင်းဆိုခဲ့သည်။ထိုစဉ်က ကေအိုင်အိုအနေဖြင့် ငြင်းဆိုခဲ့သော်လည်းယခုအခါ၎င်းတို့ အနေဖြင့်စုံစမ်းပြီးဟုတ်မဟုတ်မကြာမီအကြောင်းပြန်မည်ဟု ပြန်လည်ပြောဆိုခြင်းဖြစ်သည်။

tin tun


Ref; http://www.oppositeyes.info/2013/09/blog-post_4090.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...